ၾကားသိသမွ်

ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယမြောက် အမိန့်ချမယ့်ရုံးချိန်း ရွေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယမြောက် အမိန့်ချမယ့်ရုံးချိန်း ရွေ့ဆိုင်း

ဧရာဝတီ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၁

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့တွင် ဒုတိယအကြိမ်မြောက်အဖြစ် ပုဒ်မ နှစ်ခုဖြင့် အမိန့် ချမှတ်ရန် ချိန်း

ဆိုထားသော်လည်း ဒီဇင်ဘာ ၂၇ ရက်နေ့သို့ ရွေ့ဆိုင်းလိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူတဦးထံက သိရ သည်။

နေပြည်တော်ရှိ အထူးသီးသန့်တရားရုံးအနေဖြင့် မူလက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆို

ထားမှုအား ယနေ့တွင် အမိန့်ချမှတ်ရန် ချိန်းဆိုထားခြင်းဖြစ်သော်လည်း အကြောင်းပြချက်တစုံတရာ မရှိဘဲ ယခုကဲ့သို့ ရွေ့ဆိုင်းလိုက်ခြင်း

ဖြစ်ကြောင်းလည်း သိရသည်။

၎င်းအမှုနှစ်ခုသည် စစ်တပ်အာဏာသိမ်းသည့်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်အား ဝင်ရောက်စီးနင်းစဉ် ဆက်သွယ် ရေးစကားပြော

များ ဖမ်းဆီးရမိသည်ဟုဆိုတာ စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုထားခြင်းဖြစ်သည်။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ သည် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ သည်

ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ခံရနိုင်သည့်ပုဒ်မဖြစ်သည်။


ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် သီး ခြားစွဲဆိုထား

သည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ သက်သေအဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်အား တရားရုံးတွင် လာ

ရောက်ထွက်ဆိုရန် ထောင်အာဏာပိုင်းများက ခွင့်မပြုသည့်အတွက် အိုဘိုထောင်အတွင်းမှ ပင် အွန်လိုင်းဗီဒီယိုစနစ်ဖြင့် သက်သေထွက်ဆို

ရမည်ဖြစ်ပြီး ရုံးချိန်းအား ဒီဇင်ဘာ ၂၇ ရက်သို့ ချိန်းဆိုထားသည်။

စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်းဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၂ မှုဖြင့် စွပ်စွဲကာ

တရားစွဲဆိုခံထားရပြီး ၎င်းအမှုများအနက် ပထမဆုံးအမိန့်ချမှတ်မှုအနေဖြင့် ဒီဇင်ဘာ ၆ ရက်နေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့်

ထောင် ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်

ခံထားရသည်။

သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြစ်ဒဏ် ၂ နှစ်အား လျော့ပေါ့ပေးကြောင်း အမိန့် ချပြီး မကြာ

ခင်ပင် ထုတ်ပြန်ကြေညာခဲ့သည်။

Zawgyi

ေဒၚေအာင္ဆန္းစုၾကည္အား ဒုတိယေျမာက္ အမိန႔္ခ်မယ့္႐ုံးခ်ိန္း ေရြ႕ဆိုင္း

ဧရာဝတီ၊ ဒီဇင္ဘာ ၂၀၊ ၂၀၂၁

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား ယေန႔တြင္ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ပုဒ္မ ႏွစ္ခုျဖင့္ အမိန႔္ ခ်မွတ္ရန္ ခ်ိန္းဆိုထားေသာ္လည္း ဒီဇင္ဘာ ၂၇ ရက္ေန႔သို႔ ေရြ႕ဆိုင္းလိုက္ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူတဦးထံက သိရ သည္။

ေနျပည္ေတာ္ရွိ အထူးသီးသန႔္တရား႐ုံးအေနျဖင့္ မူလက ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ တို႔ျဖင့္ တရားစြဲဆိုထားမႈအား ယေန႔တြင္ အမိန႔္ခ်မွတ္ရန္ ခ်ိန္းဆိုထားျခင္းျဖစ္ေသာ္လည္း အေၾကာင္းျပခ်က္တစုံတရာ မရွိဘဲ ယခုကဲ့သို႔ ေရြ႕ဆိုင္းလိုက္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

၎အမႈႏွစ္ခုသည္ စစ္တပ္အာဏာသိမ္းသည့္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ေနအိမ္အား ဝင္ေရာက္စီးနင္းစဥ္ ဆက္သြယ္ ေရးစကားေျပာမ်ား ဖမ္းဆီးရမိသည္ဟုဆိုတာ စစ္ေကာင္စီက စြပ္စြဲတရားစြဲဆိုထားျခင္းျဖစ္သည္။

ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ သည္ အျမင့္ဆုံး ေထာင္ဒဏ္ ၃ ႏွစ္အထိ ခ်မွတ္ခံရနိုင္သည့္ပုဒ္မျဖစ္ၿပီး ဆက္သြယ္ေရးဥပေဒ ပုဒ္မ ၆၇ သည္ ေထာင္ဒဏ္ ၁ ႏွစ္အထိ ခ်မွတ္ခံရနိုင္သည့္ပုဒ္မျဖစ္သည္။

ယင္းအျပင္ ေဒၚေအာင္ဆန္းစုၾကည္အား ဦးညီညီဆိုသူက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ျဖင့္ သီး ျခားစြဲဆိုထားသည့္အမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္၏ သက္ေသအျဖစ္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ ေမာင္အား

တရား႐ုံးတြင္ လာေရာက္ထြက္ဆိုရန္ ေထာင္အာဏာပိုင္းမ်ားက ခြင့္မျပဳသည့္အတြက္ အိုဘိုေထာင္အတြင္းမွ ပင္ အြန္လိုင္းဗီဒီယိုစနစ္ျဖင့္ သက္ေသထြက္ဆိုရမည္ျဖစ္ၿပီး ႐ုံးခ်ိန္းအား ဒီဇင္ဘာ ၂၇ ရက္သို႔ ခ်ိန္းဆိုထားသည္။

စစ္တပ္အာဏာသိမ္းကတည္းက ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသည့္ ေဒၚေအာင္းဆန္းစုၾကည္အေနျဖင့္ အမႈေပါင္း ၁၂ မႈျဖင့္ စြပ္စြဲကာ တရားစြဲဆိုခံထားရၿပီး ၎အမႈမ်ားအနက္ ပထမဆုံးအမိန႔္ခ်မွတ္မႈအေနျဖင့္ ဒီဇင္ဘာ ၆ ရက္ေန႔က ရာဇသတ္ႀကီးဥပေဒပုဒ္မ

၅၀၅-ခ ျဖင့္ ေထာင္ ဒဏ္ ၂ ႏွစ္၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဥပေဒပုဒ္မ ၂၅ ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္၊ စုစုေပါင္း ေထာင္ဒဏ္ ၄ ႏွစ္ ခ်မွတ္ခံထားရသည္။

သို႔ေသာ္ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ျပစ္ဒဏ္ ၂ ႏွစ္အား ေလ်ာ့ေပါ့ေပးေၾကာင္း အမိန႔္ ခ်ၿပီး မၾကာခင္ပင္ ထုတ္ျပန္ေၾကညာခဲ့သည္။