ၾကားသိသမွ်

စစ်ကောင်စီက ဘာသာရေးပဋိပက္ခများ ဖန်တီးလာနိုင်သည့်အတွက် ဆရာတော်၊ သံဃာတော်များ ခရီးဝေးကြွချီခြင်းမပြုရန် ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း

စစ်ကောင်စီက ဘာသာရေးပဋိပက္ခများ ဖန်တီးလာနိုင်သည့်အတွက် ဆရာတော်၊ သံဃာတော်များ ခရီးဝေးကြွချီခြင်းမပြုရန် ဂန့်ဂေါပြည်

သူ့အုပ်ချုပ်ရေးအဖွဲ့ တိုက်တွန်း

ဂန့်ဂေါ- ကလေးလမ်းပိုင်းနှင့် ဂန့်ဂေါ- ပုလဲလမ်းပိုင်းတို့တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့

တင်းမာမှုများ ဖြစ်ပေါ်နေသောကြောင့် ဂန့်ဂေါမြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များ တိုက်ပွဲဖြစ်ပွားရာ

ဒေသများသို့ ခရီးဝေးကြွချီခြင်းမပြုရန် ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ( ဒီဇင်ဘာ ၂၀ ) တွင် တိုက်တွန်းစာထုတ်ထားသည်။


လတ်တလောတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အဆိုပါလမ်းပိုင်းများတွင် ထိတွေ့တင်းမာမှုများ

ဆက်တိုက်ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်များက သာသနာကိုအလွဲသုံနိုင်သည့် ကောလာဟာလများလည်း ထွက်ပေါ်နေခြင်းကြောင့် ခရီး

ဝေးကြွချီခြင်းမပြုလုပ်ရန် တိုက်တွန်းခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ဘာသာရေး၊လူမျိုးရေး ပဋိပက္ခများကို ဖန်တီးလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့်သတိထားပြီး ဘုံရန်သူ

အကြမ်းဖက်စစ်ကောင်စီကိုသာ စည်းစည်းလုံးလုံးဖြင့် တော်လှန်တိုက်ထုတ်သွားကြရန် တိုက်တွန်းထားသည်။

ဂန့်ဂေါ- ကလေးလမ်းပိုင်းရှိ နှမ်းခါးကျေးရွာအား အကြမ်းဖက်စစ်ကောင်စီက ဒလန်သတင်းပေးမှုကြောင့် ဒီဇင်ဘာ ၁၇ တွင် ရဟတ်ယာဉ်

များဖြင့် လာရောက်ပစ်ခတ်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအများအပြား သေဆုံးခဲ့ရသည်။

ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံ

သည့်နေရာတွင် နေထိုင်ကြရန်နှင့် ဂန့်ဂေါ- ကလေး လမ်းပိုင်းအား အသုံးမပြုကြရန် ယမန်နေ့ ( ဒီဇင်ဘာ ၁၉ ) က သတိပေးထားသည်။

#MeKongNews

Zawgyi

စစ္ေကာင္စီက ဘာသာေရးပဋိပကၡမ်ား ဖန္တီးလာနိုင္သည့္အတြက္ ဆရာေတာ္၊ သံဃာေတာ္မ်ား ခရီးေဝးႂကြခ်ီျခင္းမျပဳရန္ ဂန႔္ေဂါျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ တိုက္တြန္း

ဂန႔္ေဂါ- ကေလးလမ္းပိုင္းႏွင့္ ဂန႔္ေဂါ- ပုလဲလမ္းပိုင္းတို႔တြင္ အၾကမ္းဖက္စစ္ေကာင္စီအဖြဲ႕ႏွင့္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ား ထိေတြ႕တင္းမာမႈမ်ား ျဖစ္ေပၚေနေသာေၾကာင့္ ဂန႔္ေဂါၿမိဳ႕နယ္အတြင္း သီတင္းသုံးေတာ္မူၾ

ကေသာ ဆရာေတာ္၊ သံဃာေတာ္မ်ား တိုက္ပြဲျဖစ္ပြားရာေဒသမ်ားသို႔ ခရီးေဝးႂကြခ်ီျခင္းမျပဳရန္ ဂန႔္ေဂါျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က ယေန႔ ( ဒီဇင္ဘာ ၂၀ ) တြင္ တိုက္တြန္းစာထုတ္ထားသည္။

လတ္တေလာတြင္ အၾကမ္းဖက္စစ္ေကာင္စီႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား အဆိုပါလမ္းပိုင္းမ်ားတြင္ ထိေတြ႕တင္းမာမႈ

မ်ားဆက္တိုက္ျဖစ္ေပၚေနၿပီး စစ္ေကာင္စီတပ္မ်ားက သာသနာကိုအလြဲသုံနိုင္သည့္ ေကာလာဟာလမ်ားလည္း ထြက္ေပၚေနျခင္းေၾကာင့္ ခရီးေဝးႂကြခ်ီျခင္းမျပဳလုပ္ရန္ တိုက္တြန္းျခင္းျဖစ္သည္။

စစ္ေကာင္စီအေနျဖင့္ ဘာသာေရး၊လူမ်ိဳးေရး ပဋိပကၡမ်ားကို ဖန္တီးလာနိုင္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္သတိထားၿပီး ဘုံရန္သူအၾကမ္းဖက္စစ္ေကာင္စီကိုသာ စည္းစည္းလုံးလုံးျဖင့္ ေတာ္လွန္တိုက္ထုတ္သြားၾကရန္ တိုက္တြန္းထားသည္။

ဂန႔္ေဂါ- ကေလးလမ္းပိုင္းရွိ ႏွမ္းခါးေက်းရြာအား အၾကမ္းဖက္စစ္ေကာင္စီက ဒလန္သတင္းေပးမႈေၾကာင့္ ဒီဇင္ဘာ ၁၇

တြင္ ရဟတ္ယာဥ္မ်ားျဖင့္ လာေရာက္ပစ္ခတ္ၿပီးေနာက္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူအမ်ားအျပား ေသဆုံးခဲ့ရသည္။

ဂန႔္ေဂါၿမိဳ႕နယ္အတြင္း အၾကမ္းဖက္စစ္ေကာင္စီက တိုက္ခိုက္မႈမ်ားဆက္တိုက္ျပဳလုပ္လာနိုင္ေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္

လုံျခဳံသည့္ေနရာတြင္ ေနထိုင္ၾကရန္ႏွင့္ ဂန႔္ေဂါ- ကေလး လမ္းပိုင္းအား အသုံးမျပဳၾကရန္ ယမန္ေန႔ ( ဒီဇင္ဘာ ၁၉ ) က သတိေပးထားသည္။

#MeKongNews