ၾကားသိသမွ်

သထုံမှာ တစ်မနက်တည်း ဗုံး ၅ ကြိမ်ပေါက်ကွဲမှုဖြစ်ပွား

သထုံမှာ တစ်မနက်တည်း ဗုံး ၅ ကြိမ်ပေါက်ကွဲမှုဖြစ်ပွား

သထုံ၊ ဒီဇင်ဘာ ၂၀

သထုံမြို့ပေါ် ရပ်ကွက်ရှိနေရာတွေမှာ ဒီကနေ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယနေ့ မနက်ပိုင်း ၅ နာရီခန့်မှ စတင်ကာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“မနက်အစောကြီးဘဲရှိသေးတယ်။ ဗုံးသံတွေကြားရတယ်။ ၅ နာရီနဲ့ ၆ နာရီကြားလောက်အတွင်းမှာ ၅ ချက်လောက်ပေါက်တယ်။ စစ်တပ်

ထုတ်ကုန်ရောင်းတဲ့ဆိုင်နေရာတွေကို လုပ်တာလို့တော့ သိရတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။


သထုံမြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ စိုးမိုးမိုဘိုင်းဖုန်းဆိုင်၊ သုဝဏ္ဏဘီယာဆိုင်၊ ရန်ကုန်အဖျော်ယမကာ အရောင်းဆိုင်နဲ့ပြည်တော်သာ

အဖျော်ယမကာအရောင်းဆိုင်တွေရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် ဆိုင်အချို့ရဲ့ ဆိုင်ခန်းနေရာများနှင့်အုတ်စည်းရိုးများ ထိခိုက်ပျက်စီးခဲ့ပြီး လမ်းသွားလမ်းလာ ဆိုက္ကာနင်းသူ တစ်

ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးပေါက်ခွဲမှုတွေကို မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ်ထုတ်ကုန်တွေကို ရောင်းချနေလို့

သတိပေးတဲ့အနေနဲ့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သတင်း – သံလွင်တိုင်းမ်

Zawgyi

သထုံမွာ တစ္မနက္တည္း ဗုံး ၅ ႀကိမ္ေပါက္ကြဲမႈျဖစ္ပြား

သထုံ၊ ဒီဇင္ဘာ ၂၀

သထုံၿမိဳ႕ေပၚ ရပ္ကြက္ရွိေနရာေတြမွာ ဒီကေန ဒီဇင္ဘာ ၂၀ ရက္ေန႔ မနက္ပိုင္းက ဗုံးေပါက္ကြဲမႈ ၅ ႀကိမ္ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
ယေန႔ မနက္ပိုင္း ၅ နာရီခန္႔မွ စတင္ကာ ဗုံးေပါက္ကြဲမႈေတြ ဆက္တိုက္ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

“မနက္အေစာႀကီးဘဲရွိေသးတယ္။ ဗုံးသံေတြၾကားရတယ္။ ၅ နာရီနဲ႔ ၆ နာရီၾကားေလာက္အတြင္းမွာ ၅ ခ်က္ေလာက္ေပါက္တယ္။ စစ္တပ္ထုတ္ကုန္ေရာင္းတဲ့ဆိုင္ေနရာေတြကို လုပ္တာလို႔ေတာ့ သိရတယ္”လို႔ ေဒသခံတစ္ဦးက သံလြင္တိုင္းမ္ကိုေျပာပါတယ္။

သထုံၿမိဳ႕ေပၚရပ္ကြက္ေတြမွာရွိတဲ့ စိုးမိုးမိုဘိုင္းဖုန္းဆိုင္၊ သုဝဏၰဘီယာဆိုင္၊ ရန္ကုန္အေဖ်ာ္ယမကာ အေရာင္းဆိုင္နဲ႔ျပည္ေတာ္သာ အေဖ်ာ္ယမကာအေရာင္းဆိုင္ေတြေရွ႕မွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ဗုံးေပါက္ကြဲမႈေတြေၾကာင့္ ဆိုင္အခ်ိဳ႕ရဲ့ ဆိုင္ခန္းေနရာမ်ားႏွင့္အုတ္စည္းရိုးမ်ား ထိခိုက္ပ်က္စီးခဲ့ၿပီး လမ္းသြားလမ္းလာ ဆိုကၠာနင္းသူ တစ္ဦး အနည္းငယ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ ဗုံးေပါက္ခြဲမႈေတြကို မြန္-သထုံအထူးကာကြယ္ေရးတပ္ဖြဲ႕က လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး စစ္တပ္ထုတ္ကုန္ေတြကို ေရာင္းခ်ေနလို႔ သတိေပးတဲ့အေနနဲ႔လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ သတင္း – သံလြင္တိုင္းမ္