ၾကားသိသမွ်

MNDAA စခန်းကို ကုန်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်သော်လည်း စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးပြီး ဆုတ်ခွာထွက်ပြေး၊ လက်နက်အများအပြား သိမ်းဆည်းရမိ

MNDAA စခန်းကို ကုန်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်သော်လည်း စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးပြီး ဆုတ်ခွာထွက်ပြေး၊

လက်နက်အများအပြား သိမ်းဆည်းရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်၊ မုံးကိုးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်) မန်ရန်တပ်

စခန်းကို ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့် အင်အားအပြည့်သုံး၍ ထိုးစစ်ဆင်သော် လည်း စစ်တပ်ဘက်မှ ၇၀ ကျော်သေဆုံးပြီး ဆုတ်ခွာ

သွားကြောင်း The Kokang က သတင်းထုတ်ပြန်သည်။


ဒီဇင်ဘာလ ၁၈ ရက်နေ့နှင့်ဒီဇင်ဘာလ ၁၇ ရက်နေ့တို့တွင် စစ်ကောင်စီတပ်များသည် MNDAA ၏ မန်ရန် တပ်စခန်းကို တိုက်ခိုက်ရန်

ပြင်ဆင်ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့တွင် တိုက်လေယာဉ်များ အပါအဝင် စစ်ကြောင်း ၃ ခုဖြင့် တို်ကခိုက်ခဲ့ကြောင်း၊ လေကြောင်းမှ ဗုံးကျဲ

တိုက်ခိုက်သည့်အပြင် ကုန်း ကြောင်းမှလည်း မြေပြင်အင်အား များစွာဖြင့် တိုက်ခိုက်ကြောင်း သိရှိရသည်။


ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် (၆) နာရီတွင် စစ်ကောင်စီတပ်က တိုက်ပွဲစတင်ပြီး လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ရေ ၆၀၀ ကျော် တစ်

နာရီအတွင်း လုပ် ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ခြေလျှင်တပ်ကို စတင်အသုံးပြု တိုက်ခိုက်ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင်

မြန်မာစစ်တပ်မှ သံချပ်ကာယာဉ်များ အပါအဝင် အမြှောက်မျိုးစုံ အသုံးပြု၍ အကြိမ်ရေ ၁၅၀၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရ

သည်။

MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်များက အင်အား ၅၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းကို ခုခံ ချေမှုန်းတိုက်ခိုက်ခဲ့ရာ မြန်မာ

စစ်တပ်ဘက်မှ ၇၀ ကျော်သေဆုံးကြောင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏လက်နက်နှင့်စစ်သုံးပစ္စည်း အများအပြား၊ MG-3နှင့်လက် နက်ကြီးများ သိမ်းဆည်းရမိကြောင်း The Kokang က သတင်း

ဖော်ပြသည်။

လာမည့် ရက်ပိုင်းအတွင်း စစ်တပ်က ထပ်မံထိုးစစ်ဆင်လာမည်ဖြစ်သဖြင့် တိုက် ပွဲများပြင်းထန်လာမည်ဖြစ်ကြောင်း MNDAA က

သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကိုးကန့်တပ်မတော်MNDAA

video credit;The Kokang