ၾကားသိသမွ်

မုံးကိုးတွင် MNDAA နှင့် စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်နေကာ စစ်ကောင်စီက တိုက်ပွဲကြီးများ ဖော်ဆောင်နေ (ရုပ်/သံ)

မုံးကိုးတွင် MNDAA နှင့် စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်နေကာ စစ်ကောင်စီက တိုက်ပွဲကြီးများ ဖော်ဆောင်နေ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးဒေသတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်

တပ်မတော် MNDAA (ကိုးကန့်)တပ်ဖွဲ့တို့ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အပြန်အလှန် ပစ်ခတ်မှုများဖြင့် တိုက်ပွဲ ပြင်းထန်နေပြီး

အကြမ်းဖက် စစ်တပ်က မုံးကိုးခရိုင် အထူးဒေသ(၁)တွင် တိုက်ပွဲကြီးများ ဖော်ဆောင်နေကြောင်း MNDAA တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မုန်းကိုးဒေသတွင် MNDAAအဖွဲ့ဝင်တစ်ဦးမှ လမ်းတစ်လျှောက် စစ်ကောင်စီ၏ လက်နက်နှင့် စစ်သုံးပစ္စည်းများ၊ MG-3နှင့်

လက်နက်ကြီး အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အထူးဒေသ(၁) မုံးကိုးခရိုင်အတွင်း (၄)လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိ အထူးဒေသ(၁) မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသသည်

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် MNDAA တို့ကြား အဓိက တိုက်ပွဲဖြစ်ပွားရာ နေရာပြီး ဖောင်းဆိုင်ဒေသရှိ MNDAA၏ မန်ရန်တပ်

စခန်း နှင့် ရှိကျိကျ‌တောင်တန်းသည် စစ်ကောင်စီ၏ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း MNDAA တပ်ဖွဲ့ထံမှ

သိရသည်။

ဒီဇင်ဘာလ ၁၈နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များသည် မုံးကိုးခရိုင်ရှိ MNDAA တပ်စခန်းများကို အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မ

အောင်မြင်သည့် အတွက်ကြောင့် ၎င်းတပ်စခန်းများကို ပစ်ခတ်တိုက်ခိုက်နိုင်ရန်အတွက် စစ်ကောင်စီသည် တိုက်ပွဲအတွက် ပြင်ဆင်

နေသည်ဟုကြားသိရသည့် တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ကြောင်း MNDAA ကထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒီဇင်ဘာလ ၁၈ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မုံးကိုးခရိုင်အတွင်း၌ တိုက်ပွဲကြီးများ

လုပ်ဆောင်လာခြင်းမရှိသော်လည်း MNDAA၏ မုံးကိုးခရိုင်ရှိ မန်ရန်တပ်စခန်းနှင့် မန်ရင်တပ်စခန်းကို လက်နက် ကြီးများဖြင့် ကြိုကြာ ၊

ကြိုကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ၏ သံချပ်ကာကား(၃)စီးသည် မုံးကိုးခရိုင်သို့ရောက်ရှိလာပြီး တိုက်ပွဲအတွက် လိုအပ်

သည့် ကတုတ်ကျင်းများကိုလည်း ပြင်ဆင်ထားရှိကာ မုံးကိုးခရိုင် ၊ မန်ရန်ဒေသရှိ ဒေသခံများကိုလည်း မုံးကိုးခရိုင်၊ ပန်ဖိုက်ဒေသသို့ ပြောင်း

ရွေ့ခိုင်းနေကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၆ရက်နေ့အထိ စစ်ကောင်စီသည် MNDAA(ကိုးကန့်)၏ မုံးကိုးခရိုင်ရှိ တပ်စခန်းများကို စစ်ရဟတ်ယာဉ်

နှင့် တိုက်လေ ယာဉ်များဖြင့် စုစုပေါင်း (၁၄)ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များသည် လာမည့် တိုက်ပွဲများကို

စစ်ကူအနေဖြင့် စစ်ရဟတ်ယာဉ်များ၊ တိုက် လေယာဉ်များကိုပါ အသုံးပြုလာနိုင်ကြောင်း MNDAA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Zawgyi


ရန်ကုန်၊ ဒီဇင်ဘာ ၁၉






အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒီဇင်ဘာလ ၁၈ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မုံးကိုးခရိုင်အတွင်း၌ တိုက်ပွဲကြီးများ လုပ်ဆောင်လာခြင်းမရှိသော်လည်း MNDAA၏ မုံးကိုးခရိုင်ရှိ မန်ရန်တပ်စခန်းနှင့် မန်ရင်တပ်စခန်းကို လက်နက် ကြီးများဖြင့်ြ

ကိုကြာ ၊ ကြိုကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ၏ သံချပ်ကာကား(၃)စီးသည် မုံးကိုးခရိုင်သို့ရောက်ရှိလာပြီး တိုက်ပွဲအတွက် လိုအပ်သည့် ကတုတ်ကျင်းများကိုလည်း ပြင်ဆင်ထားရှိကာ မုံးကိုးခရိုင် ၊ မန်ရန်ဒေသရှိ ဒေသခံများကိုလည်း မုံးကိုးခရိုင်၊ ပန်ဖိုက်ဒေသသို့ ပြောင်းရွေ့ခိုင်းနေကြောင်း သိရသည်။
