ၾကားသိသမွ်

အကြမ်းဖက်စစ်အုပ်စုကို ထိုင်းနိုင်ငံဘက်ကမ်းက အမြောက်နဲ့ ပြန်ပစ် ၊ ဒီနေ့တိုက်ပွဲ စစ်အုပ်စုက အကျအဆုံးများ

အကြမ်းဖက်စစ်အုပ်စုကို ထိုင်းနိုင်ငံဘက်ကမ်းက အမြောက်နဲ့ ပြန်ပစ် ၊ ဒီနေ့တိုက်ပွဲ စစ်အုပ်စုက အကျအဆုံးများ

ဒီနေ့ မေတ္တာလင်းမြိုင်အနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်ကနေ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဘက်ကို ပစ်ခဲ့တဲ့ ၁၂၀မမ

အမြှောက်ကျည်ဆံတလုံးဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျပြီးနောက်မှာ ထိုင်းနိုင်ငံဘက်ကနေ ၁၂၀မမ အမြှောက်ကျည် သုံးလုံး ပြန်ပစ်ခဲ့

တယ်လို့ KNLAတပ်ဖွဲ့ရဲ့ ထောက်ပို့အရာရှိတဦးက ပြောပါတယ်။

ဒီဇင်ဘာ၁၅ရက်နေ့က စတင်ခဲ့တဲ့ လေးကေ့ကော်တိုက်ပွဲဟာ ၅ ရက်နေ့မြောက်အထိ ရှိလာပြီဖြစ်ပြီး ဒီနေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့

အပေါင်းအပါတွေဖြစ်တဲ့ BGF တပ်ဖွဲ့နယ်မြေ မေတ္တာလင်းမြိုင် နဲ့ မယ့်ထော်သလေးရွာကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

မနက်အစောပိုင်းကတည်းက လက်နက်ကြီး လက်နက်ငယ်တွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး မွန်းလွဲ ၃ နာရီခန့်မှာ ပစ်ခတ်မှု ငြိမ်သက်

သွားခဲ့တယ်လို့ ထီးမယ်ဝါးခီးရွာသားတဦးက ပြောပါတယ်။

ဒီနေ့တိုက်ပွဲ အတွင်းမှာ တိုင်းရင်းသားပူးပေါင်းတော်လှန်ရေးအဖွဲ့ဝင်တွေဘက်က ၄ ဦးဒဏ်ရာ ရခဲ့ပြီး ၁ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိ

တယ်လို့ KNLA ဘက်က အတည်ပြုပါတယ်။

“စစ်ခွေးတွေဘက်က လက်နက်ကြီးတွေ အလုံးအရင်းနဲ့ ပစ်တယ် ၊ ရွှေညောင်ပင်ကြက်ကင်ကုန်းကနေ ဒီဘက်ဆက်တိုက်ထုနေတာ ၊ သူ

တို့ဘက်က နေရာ သုံးနေရာဆိုင်ပြီး ဒီဘက်ကိုပစ်ရင်း တလုံးက ထိုင်းဘက်ခြမ်းကို ကျသွားတယ်၊ ထိုင်းဘက်က ကောင်တာ ၃ လုံး

ဆက်တိုက်ပြန်ပစ်မှ ငြိမ်သွားတယ်” လို့ ထောက်ပို့အရာရှိက ပြောပါတယ်။

ဒီနေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဘက်က အင်အား ၃၀၀ လောက်တက်လာခဲ့တာ ဖြစ်ပြီး အကျအဆုံးများတယ်လို့ သိရပါတယ်။

ဘယ်လောက်သေတယ်ဆိုတဲ့ အရေအတွက် အတိအကျ မသိရသေးပေမယ့် လက်နက် ၁၅ လက်လောက် ရခဲ့တယ်လို့ ဆိုပါတယ်။

မွန်းလွဲ ၃ နာရီခန့်မှာ ပစ်ခတ်သံတွေ ငြိမ်သက်သွားခဲ့ပေမယ့် ညနေ ၅ စွန်းစွန်းမှာ ပစ်ခတ်သံတွေ ပြန်ကြားနေရပြီလို့ ဒေသခံတဦးက  ပြောပါတယ်။ Source;DNA