ၾကားသိသမွ်
မိတ္ထီလာမြို့တွင် ဆိုင်ကယ် ကယ်ရီသမားများအား ဘောလုံးသမားများကဲ့သို့ ကျောနံပါတ် တပ်ဆင်သွားမည်ဟုဆို
မိတ္ထီလာမြို့တွင် ဆိုင်ကယ် ကယ်ရီသမားများအား ဘောလုံး သမားများကဲ့သို့ ကျောနံပါတ် တပ်ဆင်သွားမည်ဟုဆို
မိတ္ထီလာမြို့တွင် ကယ်ရီပြေးဆွဲနေကြသော ကယ်ရီသမားများအတွက် အကျႌအား အစိမ်းနုရောင်အဖြစ်သတ်မှတ်ပေးခဲ့ပြီး ကယ်ရီသမား
များ၏ ကိုယ်ရေးအချက်အလက် ပါဝင်သည့် လည်ဆွဲကဒ်များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။
ထိုမှတစ်ဆင့်..
(၁) မိတ္ထီလာကန်အရှေ့ဘက်ခြမ်းအား ကျောနံပါတ် အဖြူရောင်
(၂) မိတ္ထီလာကန်အနောက်ဘက်ခြမ်းအား ကျောနံပါတ် အပြာရောင်
(၃) စက်မှုဇုန်ဂိတ်အား ကျောနံပါတ် အဝါရောင်
(၄) တောမဂိတ်အား ကျောနံပါတ် အနက်ရောင်
(၅) သီးကုန်းဂိတ်အား ကျောနံပါတ် ခရမ်းရောင် တို့ အသီးသီးခွဲခြား သတ်မှတ်ထားခဲ့ကြောင်းလည်း သိရပါတယ်။ (ထီလာဆား)
အလားတူ မြိတ်မြို့တွင် မော်တော်ဆိုင်ကယ် တစ်စီးပေါ်တွင် အမျိုးသား နှစ်ဦး စီးနင်းခွင့်ရှိမည့် မြန်မာပြည်၏ ပထမဆုံး ဆိုင်ကယ်ကယ်ရီ
အသင်းကို နိုဝင်ဘာ ၂၉ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဆိုင်ကယ် ကယ်ရီ အသင်းဝင်သူ တစ်ဦးလျှင် အသင်းဝင်ကြေး ၁၀,၀၀၀ ကျပ် ပေးဆောင်ရကာ လစဉ်ကြေး အနေဖြင့် တစ်လ
၅၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။
Zawgyi
မိတ္ထီလာမြို့တွင် ကယ်ရီပြေးဆွဲနေကြသော ကယ်ရီသမားများအတွက် အင်္ကျီအား အစိမ်းနုရောင်အဖြစ်သတ်မှတ်ပေးခဲ့ပြီး ကယ်ရီသ
ထိုမှတစ်ဆင့်..