ၾကားသိသမွ်

ချင်းတွင်းမြစ်ကြောင်းမှ ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ကျောက်မှော်အနီး တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းမှ ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်တပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ကျောက်မှော်အနီး တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းမှ ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်တပ်၏ ရေယာဉ် (၁၁)စီးအုပ်စုကို မြစ်ကြောင်းတလျှောက်ရှိ ဒေသ

ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေကြပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့က ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာအနီး

ရောက်လာစဉ် Kani people’s Defense Force – KPDF 1 က ပြန်လည်တိုက်ခိုက်ကြောင်း သိရသည်။


ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ် ရေယာဉ်အုပ်စုက စတင်ပစ်ခတ်ခဲ့ရာ KPDF 1 က ပြန်လည်

ပစ်ခတ်မှုအတွင်း အာဏာသိမ်းတပ်ဘက်တွင် သေဆုံးရှိမည်ဟု ခန့်မှန်းထားကြပြီး ရေယာဉ်အုပ်စုမှ ဖလက်ခွံစက်ချို့ယွင်းသွားခဲ့ကြောင်း

သိရသည်။


ကုန်းကြောင်း နယ်မြေရှင်းလင်းရေးအင်အားနှင့် လက်နက်အင်အားသာလွန်သည့် အာဏာသိမ်းစစ်တပ်၏ ရေယာဉ်အုပ်စုကို ချင်းတွင်း

မြစ်ကြောင်းတလျှောက်တွင် KPDF-1၊ KPDF(KLG)၊ ရွှေတြိဂံတပ်ရင်း၊ MPDF နှင့် YINMARBIN PDA စသည့်မဟာမိတ်များ ပူးပေါင်း

တိုက်ခိုက်ခဲ့ကြသဖြင့် အဆိုပါရေယာဉ်အုပ်စုမှာ အစုန်ခရီးကို ရက်ပေါင်း (၆၀) ကျော်လာပြီဖြစ်သည်။


ချင်းတွင်းမြစ်ကြောင်းမှ ကျောက်စိမ်းသယ်လာသည့် အာဏာသိမ်းစစ်တပ်၏ ရေယာဉ် (၁၁)စီးအုပ်စုကို မြစ်ကြောင်းတေ

လျှာက်ရှိ ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေကြပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့က ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာအနီးရောက်လာစဉ် Kani people’s Defense Force – KPDF 1 က ပြန်လည်တိုက်ခိုက်ကြောင်း သိရသည်။




