ၾကားသိသမွ်

လုံခြုံရေးဆိုင်ရာအာမခံချက်ရလျှင် အမေရိကန်နှင့်ချက်ချင်းဆွေးနွေးမည်ဟု ရုရှားပြော

လုံခြုံရေးဆိုင်ရာအာမခံချက်ရလျှင် အမေရိကန်နှင့်ချက်ချင်းဆွေးနွေးမည်ဟု ရုရှားပြော

ရုရှားက သူရဲ့ လုံခြုံရေးဆိုင်ရာလိုလားချက် တောင်းဆိုတဲ့စာရင်းကို တင်ပြလိုက်ပြီး အဲဒီ အချက်တွေ အာမခံပါက အမေရိကန်နဲ့ ချက်ချင်း

ဆွေးနွေးနိုင်တယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေရေကော့ဗ်က“အနောက်အုပ်စုနဲ့ ရုရှားကြား ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ဆိုရင် ဘာအကန့်အသတ်မှ

မထားတဲ့ သုညအခြေနေက စရ လိမ့်မယ်။ အရှေ့ဥရောပနဲ့ ယူကရိန်းမှာ နေတိုးမဟာမိတ်အဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စွန့်လွှတ်ရမယ်။

အဲဒီလုံခြုံရေးအာမခံချက်တွေရမှ ရုရှားဘက်က အနောက်အုပ်စုနဲ့ စဆွေးနွေး နိုင်မယ်” လို့ အွန်လိုင်းက ပြောသွားပါတယ်။


ရုရှားတောင်းဆိုတဲ့အချက်ထဲမှာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံပါက ရုရှားက ဗီတိုနဲ့ ပယ်ချမယ် ဆိုတာလည်း ပါဝင်ပြီး ဒါက

အနောက်အုပ်စု လုံးဝ လက်မခံနိုင်တဲ့အချက်ပါပဲ။

ရုရှားရဲ့ တောင်းဆိုချက်တွေဟာ ယူကရိန်းပြဿနာကို ပြေလည်စေဖို့နဲ့ အနောက်အုပ်စုနဲ့ တင်းမာမှုလျော့ကျစေဖို့ နည်းလမ်းပါလို့ ပြောပါ

တယ်။သူက အမေရိကန်အနေနဲ့ ရုရှားရဲ့တင်ပြချက်တွေကို အလေးအနက်ထားစဉ်းစားပြီး အပြု သဘောဆောင် တုံ့ပြန်ဖို့ တိုက်တွန်းပါ

တယ်။တောင်းဆိုချက်တွေကို လက်ခံပါက ဂျနီဗာ သို့မဟုတ် ဘယ်နေရာမဆို ရုရှားဆွေးနွေးရေးအဖွဲ့ကို လွှတ်ဖို့ အသင့်ပဲလို့ ဆိုပါတယ်။


အမေရိကန်နဲ့ ဥရောပကတော့ ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်ဖို့ တပ်တွေ ဖြန့်ချထားတယ်လို့ စွပ်စွဲထားပြီး နေတိုးအဖွဲ့ဝင်ဖြစ်

ဖို့ လျှောက်ထားခြင်းဟာလည်း ယူကရိန်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပြီး ရုရှား ဝင်စွက်ဖက်စရာအကြောင်း မရှိလို့ ပြောထားပါတယ်။

Zawgyi

လုံျခဳံေရးဆိုင္ရာအာမခံခ်က္ရလၽွင္ အေမရိကန္ႏွင့္ခ်က္ခ်င္းေဆြးေႏြးမည္ဟု ႐ုရွားေျပာ

႐ုရွားက သူရဲ့ လုံျခဳံေရးဆိုင္ရာလိုလားခ်က္ ေတာင္းဆိုတဲ့စာရင္းကို တင္ျပလိုက္ၿပီး အဲဒီ အခ်က္ေတြ အာမခံပါက အေမရိကန္နဲ႔ ခ်က္ခ်င္း ေဆြးေႏြးနိုင္တယ္လို႔ ေျပာပါတယ္။

႐ုရွားနိုင္ငံျခားေရးဝန္ႀကီး ဆာေဂေရေကာ့ဗ္က“အေနာက္အုပ္စုနဲ႔ ႐ုရွားၾကား ဆက္ဆံေရး ျပန္တည္ေဆာက္ဖို႔ဆိုရင္ ဘာအကန႔္အသတ္မွမထားတဲ့ သုညအေျခေနက စရ လိမ့္မယ္။

အေရွ႕ဥေရာပနဲ႔ ယူကရိန္းမွာ ေနတိုးမဟာမိတ္အဖြဲ႕ရဲ့ စစ္ေရးလႈပ္ရွားမႈေတြကို စြန႔္လႊတ္ရမယ္။ အဲဒီလုံျခဳံေရးအာမခံခ်က္ေတြရမွ ႐ုရွားဘက္က အေနာက္အုပ္စုနဲ႔ စေဆြးေႏြး နိုင္မယ္” လို႔ အြန္လိုင္းက ေျပာသြားပါတယ္။

႐ုရွားေတာင္းဆိုတဲ့အခ်က္ထဲမွာ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္အျဖစ္ လက္ခံပါက ႐ုရွားက ဗီတိုနဲ႔ ပယ္ခ်မယ္ ဆိုတာလည္း ပါဝင္ၿပီး ဒါက အေနာက္အုပ္စု လုံးဝ လက္မခံနိုင္တဲ့အခ်က္ပါပဲ။

႐ုရွားရဲ့ ေတာင္းဆိုခ်က္ေတြဟာ ယူကရိန္းျပႆနာကို ေျပလည္ေစဖို႔နဲ႔ အေနာက္အုပ္စုနဲ႔ တင္းမာမႈေလ်ာ့က်ေစဖို႔ နည္းလမ္းပါလို႔ ေျပာပါတယ္။

သူက အေမရိကန္အေနနဲ႔ ႐ုရွားရဲ့တင္ျပခ်က္ေတြကို အေလးအနက္ထားစဥ္းစားၿပီး အျပဳ သေဘာေဆာင္ တုံ႔ျပန္ဖို႔ တိုက္တြန္းပါတယ္။

ေတာင္းဆိုခ်က္ေတြကို လက္ခံပါက ဂ်နီဗာ သို႔မဟုတ္ ဘယ္ေနရာမဆို ႐ုရွားေဆြးေႏြးေရးအဖြဲ႕ကို လႊတ္ဖို႔ အသင့္ပဲလို႔ ဆိုပါတယ္။

အေမရိကန္နဲ႔ ဥေရာပကေတာ့ ႐ုရွားက ယူကရိန္းကို ဝင္ေရာက္က်ဴးေက်ာ္ဖို႔ တပ္ေတြ ျဖန႔္ခ်ထားတယ္လို႔ စြပ္စြဲထားၿပီး ေနတိုးအဖြဲ႕ဝင္ျဖစ္ဖို႔ ေလၽွာက္ထားျခင္းဟာလည္း ယူကရိန္းရဲ့ ကိုယ္ပိုင္လြတ္လပ္ခြင့္ျဖစ္ၿပီး ႐ုရွား ဝင္စြက္ဖက္စရာအေၾကာင္း မရွိလို႔ ေျပာထားပါတယ္။