ၾကားသိသမွ်

လုံခြုံရေးအစီအမံတွေအတွက် ကြံ့ ဖွံ့ပါတီဥက္ကဌ ဦးသန်းဌေးဦးဆောင်ပြီး တပ်မတော်နှင့်ပူးပေါင်းမည်

လုံခြုံရေးကိစ္စများတွင် ကြံ့ခိုင်ရေးနှင့်စစ်တပ်ပူးပေါင်းဆောင်ရွက်ရေး နေပြည် တော် ပါတီအစည်းအဝေး လုပ်

ကြံ့ခိုင်ရေးဥက္ကဋ္ဌ သန်းဌေးဦးဆောင်ပြီး လုံခြုံရေးကိစ္စရပ်များတွင် ကြံ့ခိုင်ရေးနှင့်စစ်တပ်ပူးပေါင်းဆောင်ရွက်ရေး ယနေ့ နေပြည်တော်တွင်

အစည်းအဝေးပြုလုပ်ကြောင်း ကြံ့ခိုင်ရေးဘက်က တရားဝင် သတင်းထုတ်ပြန်သည်။

နေပြည်တော်အစည်းအဝေးသို့ ကြံ့ခိုင်ရေး ပါတီဥက္ကဌ သန်းဌေးနှင့် ပါတီဗဟိုအလုပ်ဆောင်များ၊ ပါတီဗဟိုကော်မီဝင်များ တက်ရောက်ကြ

ကြောင်း သိရှိရသည်။


အစည်းအဝေးတွင် ပါတီအဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရေးဆိုင်ရာများ ၊တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုပုံမှန်အခြေအနေသို့အမြန်ပြန်ရောက်

ရှိရန်အတွက် တာဝန်ရှိပုဂ္ဂိုလ် အဖွဲ့အစည်း

များ(စစ်တပ်)နှင့်ပူးပေါင်းဆောင်ရွက်ရေး ၊ ပါတီစုံဒီမိုကရေစီနိုင်ငံရေးကို အကြမ်းဖက်မှု ရက်စက်ရမ်းကားမှု ခြိမ်းခြောက်အကျပ်ကိုင်မှုတို့

ဖြင့် ဥပဒေပြင်ပမှဆောင်ရွက်မှုများ ထာဝရချုပ်ငြိမ်းစေရေး၊တစ်ဦးချင်းလုံခြုံရေးအသိ လုံခြုံရေးသတိအမြင့်မားဆုံးထားရှိရေး ကိစ္စများကို

အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း ကြံ့ခိုင်ရေးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi

လုံခြုံရေးကိစ္စများတွင် ကြံ့ခိုင်ရေးနှင့်စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ရေး နေပြည် တော် ပါတီအစည်းအဝေး လုပ်








