ၾကားသိသမွ်

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခအသွင် ဖန်တီးနေသော လုပ်ရပ်များ ရှိလာနေဟု ULA/AA သတိပေး

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခအသွင် ဖန်တီးနေသော လုပ်ရပ်များ ရှိလာနေဟု ULA/AA သတိပေး

ရခိုင်ပြည်နယ်ရှိ ကျေးရွာတချို့တွင် ယခု ဒီဇင်ဘာလအတွင်း၌ လူမျိုးရေးပဋိပက္ခပုံစံ ဦးတည်သော ထူးခြားဖြစ်စဉ်များ ဆက်တိုက်ဖြစ်လာ

နေပြီး အဖွဲ့အစည်းတခုခုက ကြိုးကိုင်လုပ်ဆောင်နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဒီဇင်ဘာ ၁၇ ရက်တွင် သတိပေး

ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉၊ ၁၁ ရက်များတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အောက်သကန်နှင့် လောင်းကြက်ရွာ ကျေးရွာများ၌

စပါးရိတ်သိမ်းစက်များနှင့် ရိတ်သိမ်းပြီး စုပုံထားသော စပါးစည်းများကို မီးတိုက်ဖျက်ဆီးခြင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျောက်တော်မြို့နယ်

တောင်ဘွယ်ကျေးရွာအနီး၌ ရခိုင်အမျိုးသမီး ၁ ဦးကို မွတ်ဆလင် ၂ ဦးက မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ထုတ်

ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒီဇင်ဘာ ၁၂ ရက် ညသန်းခေါင်ယံအချိန်၌ ဂွမြို့နယ် ရွာမရပ်ကွက်ရှိ မူလတန်းကျောင်း ၁ ခုကို မီးရှို့ခြင်းနှင့် ဒီဇင်ဘာ ၁၄ ရက်က

ကျောက်တော်မြို့နယ် စည်မော်ကျေးရွာ၌ လယ်သမား ၃ ဦး ပိုင်ဆိုင်သော ရိတ်သိမ်းပြီး စပါးပုံများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည့်

ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်များအနက် မွတ်ဆလင်ကျေးရွာနှင့် နီးကပ်စွာ ဖြစ်ပွားသော လောင်းကြက်ရွာဖြစ်စဉ် အပါအဝင် ရခိုင်ကျေးရွာများတွင် ထို

ကဲ့သို့ ဖြစ်စဉ်များ ရှေ့ဆင့်နောက်ဆင့် တိုက်ဆိုင်စွာ ဖြစ်ပွားလာခြင်းသည် အဖွဲ့အစည်း တခုက မကောင်းသည့် ရည်ရွယ်ချက်တခုခုဖြင့်

လူမျိုးရေးဆိုင်ရာ ပဋိပက္ခများသို့ ဦးတည်လာစေရန် လှုံ့ဆော်မှုရှိနေကြောင်း ULA/AA က ဆိုသည်။

ထိုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာနှင့် မြို့များမှ လူငယ်များ အနေဖြင့် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးနှင့် မီးဘေး

အန္တရာယ် ကင်းဝေးစေရန်နှင့် လူစိမ်း အဝင်အထွက်များကို သတိထားစောင့်ကြည့်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်း

ထားသည်။


ပုံစာ – ၂၀၁၂ ဇွန် ၁၂ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နေအိမ်တချို့ မီးလောင်နေသည့် မြင်ကွင်း (ဓာတ်ပုံ/ဧရာဝတီ)

Zawgyi

ရခိုင္ျပည္နယ္အတြင္း လူမ်ိဳးေရးပဋိပကၡအသြင္ ဖန္တီးေနေသာ လုပ္ရပ္မ်ား ရွိလာေနဟု ULA/AA သတိေပး

ရခိုင္ျပည္နယ္ရွိ ေက်းရြာတခ်ိဳ႕တြင္ ယခု ဒီဇင္ဘာလအတြင္း၌ လူမ်ိဳးေရးပဋိပကၡပုံစံ ဦးတည္ေသာ ထူးျခားျဖစ္စဥ္မ်ား ဆက္တိုက္ျဖစ္

လာေနၿပီး အဖြဲ႕အစည္းတခုခုက ႀကိဳးကိုင္လုပ္ေဆာင္ေနေၾကာင္း ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (ULA/AA) က ဒီဇင္ဘာ ၁၇ ရက္တြင္

သတိေပး ထုတ္ျပန္လာသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၉၊ ၁၁ ရက္မ်ားတြင္ ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ ေအာက္သကန္ႏွင့္ ေလာင္းၾကက္ရြာ ေက်း

ရြာမ်ား၌ စပါးရိတ္သိမ္းစက္မ်ားႏွင့္ ရိတ္သိမ္းၿပီး စုပုံထားေသာ စပါးစည္းမ်ားကို မီးတိုက္ဖ်က္ဆီးျခင္း၊ ဒီဇင္ဘာ ၁၂ ရက္တြင္ ေက်ာက္ေ

တာ္ၿမိဳ႕နယ္ ေတာင္ဘြယ္ေက်းရြာအနီး၌ ရခိုင္အမ်ိဳးသမီး ၁ ဦးကို မြတ္ဆလင္ ၂ ဦးက မုဒိမ္းက်င့္ရန္ ႀကံစည္အားထုတ္ျခင္းမ်ား ျဖစ္ပြား

ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ ဒီဇင္ဘာ ၁၂ ရက္ ညသန္းေခါင္ယံအခ်ိန္၌ ဂြၿမိဳ႕နယ္ ရြာမရပ္ကြက္ရွိ မူလတန္းေက်ာင္း ၁ ခုကို မီးရွို႔ျခင္းႏွင့္ ဒီဇင္ဘာ ၁၄ ရက္က

ေက်ာက္ေတာ္ၿမိဳ႕နယ္ စည္ေမာ္ေက်းရြာ၌ လယ္သမား ၃ ဦး ပိုင္ဆိုင္ေသာ ရိတ္သိမ္းၿပီး စပါးပုံမ်ားကို ရည္ရြယ္ခ်က္ရွိရွိ မီးရွို႔ဖ်က္ဆီးခဲ့သ

ည့္ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည္ဟု ဆိုသည္။အဆိုပါ ျဖစ္စဥ္မ်ားအနက္ မြတ္ဆလင္ေက်းရြာႏွင့္ နီးကပ္စြာ ျဖစ္ပြားေသာ ေလာင္းၾကက္

ရြာျဖစ္စဥ္ အပါအဝင္ ရခိုင္ေက်းရြာမ်ားတြင္ ထိုကဲ့သို႔ ျဖစ္စဥ္မ်ား ေရွ႕ဆင့္ေနာက္ဆင့္ တိုက္ဆိုင္စြာ ျဖစ္ပြားလာျခင္းသည္ အဖြဲ႕အစ

ည္း တခုက မေကာင္းသည့္ ရည္ရြယ္ခ်က္တခုခုျဖင့္ လူမ်ိဳးေရးဆိုင္ရာ ပဋိပကၡမ်ားသို႔ ဦးတည္လာေစရန္ လႈံ႔ေဆာ္မႈရွိေနေၾကာ

င္း ULA/AA က ဆိုသည္။

ထိုေၾကာင့္ ရခိုင္ျပည္နယ္အတြင္းရွိ ေက်းရြာႏွင့္ ၿမိဳ႕မ်ားမွ လူငယ္မ်ား အေနျဖင့္ ျပည္သူ႔အသက္အိုးအိမ္ စည္းစိမ္လုံျခဳံေရးႏွင့္

မီးေဘးအႏၲရာယ္ ကင္းေဝးေစရန္ႏွင့္ လူစိမ္း အဝင္အထြက္မ်ားကို သတိထားေစာင့္ၾကည့္ၾကရန္ ရကၡိဳင္အမ်ိဳးသားအဖြဲ႕ခ်ဳပ္က

တိုက္တြန္းထားသည္။

ပုံစာ – ၂၀၁၂ ဇြန္ ၁၂ ရက္က ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ ေနအိမ္တခ်ိဳ႕ မီးေလာင္ေနသည့္ ျမင္ကြင္း (ဓာတ္ပုံ/ဧရာဝတီ)