ၾကားသိသမွ်

မြန်မာစစ်ခေါင်းဆောင်နှင့် တွေ့မည်ကို ဝေဖန်သူများအား ဟွန်ဆန် နှုတ်လှန်ထိုး

မြန်မာစစ်ခေါင်းဆောင်နှင့် တွေ့မည်ကို ဝေဖန်သူများအား ဟွန်ဆန် နှုတ်လှန်ထိုး

မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်အစီအစဉ်ကို ဝေဖန်သူများအား ကမ္ဘောဒီးယားဝန်ကြီးချုပ်

ဟွန်ဆန်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပြီး “ငါနဲ့ ဇာတ်လမ်း လာမရှုပ်နဲ့” ဟုပင် နှုတ်လှန်ထိုးလိုက်ကာ စစ်ကောင်စီအုပ်ချုပ်သော

မြန်မာသို့ သွားရောက်ခြင်းသည် အာဆီယံ ပုံရိပ်ကို ထိန်းသိမ်းရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောသည်။


ဟွန်ဆန်သည် မြန်မာသို့သွားပြီး စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရန် လာမည့်လ အစောပိုင်းတွင်

စီစဉ်ထားသည်။ သို့သော် ထိုခရီးစဉ်သည် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး လူ ၁၃၀၀ ကျော်ကို သတ်ထားသော စစ်အာဏာသိမ်း

ခေါင်းဆောင်ကို ပြည်ပအကြီးအကဲတဦးက ပထမဆုံးတွေ့ဆုံခြင်း ဖြစ်မည်ဖြစ်သောကြောင့် ဝေဖန်ခံနေရသည်။


ကမ္ဘောဒီးယားသည် အာဆီယံ၏ လက်ရှိဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုဒေသတွင်း အဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံတွင် ပြည်သူအများစုက ဆန့်

ကျင်သော အာဏာသိမ်းမှုဖြစ်ပြီးနောက် ၁၁ လကြာသည့်တိုင် နိုင်ငံရေးနှင့် လူမှုရေး ဖရိုဖရဲဖြစ်နေသည်။ ထိုအကျပ်အတည်းကို ဖြေရှင်းရန်

သဘောတူထားပြီးဖြစ်သည့် အချက်များကို လိုက်နာရန် ပျက်ကွက်သောကြောင့် မြန်မာစစ်ခေါင်းဆောင်သည် အာဆီယံ အစည်းအဝေးများ

တက်ရောက်ခွင့် မရတော့ပေ။


“ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ ကျနော့်ကို အခွင့်အရေးတခုလောက် ပေးပါ” ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြောင်း Cambodianess

သတင်းဌာနက ဖော်ပြသည်။

“အာဆီယံ အစည်းအဝေးကို အဖွဲ့ဝင် ၉ နိုင်ငံပဲရှိရင် ခေါ်မရဘူး။ အာဆီယံ အနေနဲ့ ၉ နိုင်ငံပဲရှိတဲ့ အနေအထားကို ရှောင်ရှားရမယ်” ဟု သူ

ကပြောပြီး မြန်မာကို အဖွဲ့ဝင် ၁၀ နိုင်ငံရှိ အာဆီယံ ထိပ်သီးစည်းဝေးပွဲများတွင် ဖယ်ထုတ်ထားခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုလည်း ဖနွမ်းပင်မြို့တွင် လွန်ခဲ့သောလက

တွေ့ဆုံခဲ့သည်။


ကမ္ဘောဒီးယားက အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာပြီး ဝန်ကြီးချုပ် ဟွန်ဆန်၏ ခရီးစဉ်ကြောင့် အာဆီယံ၏ မြန်မာနှင့် ပတ်သက်သည့် ညီညွတ်

သော ရပ်တည်မှု မည်မျှ သက်တမ်းရှည်မည်ကို မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည်။ လွန်ခဲ့သော သီတင်းပတ်က ထိုခရီးစဉ်ကို အတည်ပြု

ပြီးနောက် သူသည် အာဆီယံ အစည်းအဝေး တက်ရောက်ခွင့်ရှိသော မြန်မာသို့သွားရန် အသင့်ရှိကြောင်း ပြောခဲ့သည်။

စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံ အစည်းအဝေးများမှ ဖယ်ထုတ်ထားသောကြောင့် ပြည်တွင်းပြည်ပ အသိအမှတ်ပြုမှု လွန်စွာ လိုအပ်

နေသော စစ်ကောင်စီသည် အာဆီယံ ဥက္ကဋ္ဌ လာရောက်မည်ကို အလွန်လိုအပ်နေသည်။ တချိန်တည်းတွင် ဝန်ကြီးချုပ် ဟွန်ဆန်၏ခရီးစဉ်

က သွေးချောင်စီးစေသည့် စစ်ကောင်စီကို တရားဝင်မှုပေးသကဲ့သို့ ဖြစ်နေသည်။

Zawgyi

ျမန္မာစစ္ေခါင္းေဆာင္ႏွင့္ ေတြ႕မည္ကို ေဝဖန္သူမ်ားအား ဟြန္ဆန္ ႏႈတ္လွန္ထိုး

ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ႏွင့္ ေတြ႕ဆုံရန္အစီအစဥ္ကို ေဝဖန္သူမ်ားအား ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ျပင္းျပင္းထန္ထန္ တုံ႔ျပန္လိုက္ၿပီး “ငါနဲ႔ ဇာတ္လမ္း လာမရႈပ္နဲ႔” ဟုပင္ ႏႈတ္လွန္ထိုးလိုက္ကာ စစ္ေကာင္စီအုပ္ခ်ဳပ္ေသာ ျမန္မာသို႔ သြားေရာက္ျခင္းသည္ အာဆီယံ ပုံရိပ္ကို ထိန္းသိမ္းရန္ ရည္ရြယ္ျခင္း ျဖစ္ေၾကာင္း ေျပာသည္။

ဟြန္ဆန္သည္ ျမန္မာသို႔သြားၿပီး စစ္အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ကို ေတြ႕ရန္ လာမည့္လ အေစာပိုင္းတြင္ စီစဥ္ထားသည္။ သို႔ေသာ္ ထိုခရီးစဥ္သည္ ေဖေဖာ္ဝါရီလတြင္ အာဏာသိမ္းၿပီး လူ ၁၃၀၀ ေက်ာ္ကို သတ္ထားေသာ စစ္အာဏာသိမ္းေခါင္းေဆာင္ကို ျပည္ပအႀကီးအကဲတဦးက ပထမဆုံးေတြ႕ဆုံျခင္း ျဖစ္မည္ျဖစ္ေသာေၾကာင့္ ေဝဖန္ခံေနရသည္။

ကေမၻာဒီးယားသည္ အာဆီယံ၏ လက္ရွိဥကၠ႒ ျဖစ္လာသည္။ ထိုေဒသတြင္း အဖြဲ႕ဝင္ျဖစ္ေသာ ျမန္မာနိုင္ငံတြင္ ျပည္သူအမ်ားစုက ဆန္႔က်င္ေသာ အာဏာသိမ္းမႈျဖစ္ၿပီးေနာက္ ၁၁ လၾကာသည့္တိုင္ နိုင္ငံေရးႏွင့္ လူမႈေရး ဖရိုဖရဲျဖစ္ေနသည္။

ထိုအက်ပ္အတည္းကို ေျဖရွင္းရန္ သေဘာတူထားၿပီးျဖစ္သည့္ အခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္ေသာေၾကာင့္ ျမန္မာစစ္ေခါင္းေဆာင္သည္ အာဆီယံ အစည္းအေဝးမ်ား တက္ေရာက္ခြင့္ မရေတာ့ေပ။

“ဒီအက်ပ္အတည္းကို ေျဖရွင္းဖို႔ က်ေနာ့္ကို အခြင့္အေရးတခုေလာက္ ေပးပါ” ဟု ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ေျပာေၾကာင္း Cambodianess သတင္းဌာနက ေဖာ္ျပသည္။

“အာဆီယံ အစည္းအေဝးကို အဖြဲ႕ဝင္ ၉ နိုင္ငံပဲရွိရင္ ေခၚမရဘူး။ အာဆီယံ အေနနဲ႔ ၉ နိုင္ငံပဲရွိတဲ့ အေနအထားကို ေရွာင္ရွားရမယ္” ဟု သူကေျပာၿပီး ျမန္မာကို အဖြဲ႕ဝင္ ၁၀ နိုင္ငံရွိ အာဆီယံ ထိပ္သီးစည္းေဝးပြဲမ်ားတြင္ ဖယ္ထုတ္ထားျခင္းကို ရည္ညႊန္းျခင္း ျဖစ္သည္။

ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္သည္ ျမန္မာစစ္ေကာင္စီခန္႔ နိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ကိုလည္း ဖႏြမ္းပင္ၿမိဳ႕တြင္ လြန္ခဲ့ေသာလက ေတြ႕ဆုံခဲ့သည္။

ကေမၻာဒီးယားက အာဆီယံ ဥကၠ႒ ျဖစ္လာၿပီး ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္၏ ခရီးစဥ္ေၾကာင့္ အာဆီယံ၏ ျမန္မာႏွင့္ ပတ္သက္သည့္ ညီညြတ္ေသာ ရပ္တည္မႈ မည္မၽွ သက္တမ္းရွည္မည္ကို ေမးခြန္းထုတ္စရာ ျဖစ္လာနိုင္သည္။

လြန္ခဲ့ေသာ သီတင္းပတ္က ထိုခရီးစဥ္ကို အတည္ျပဳၿပီးေနာက္ သူသည္ အာဆီယံ အစည္းအေဝး တက္ေရာက္ခြင့္ရွိေသာ ျမန္မာသို႔သြားရန္ အသင့္ရွိေၾကာင္း ေျပာခဲ့သည္။

စစ္ေကာင္စီေခါင္းေဆာင္ကို အာဆီယံ အစည္းအေဝးမ်ားမွ ဖယ္ထုတ္ထားေသာေၾကာင့္ ျပည္တြင္းျပည္ပ အသိအမွတ္ျပဳမႈ လြန္စြာ လိုအပ္ေနေသာ စစ္ေကာင္စီသည္ အာဆီယံ ဥကၠ႒ လာေရာက္မည္ကို အလြန္လိုအပ္ေနသည္။

တခ်ိန္တည္းတြင္ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္၏ခရီးစဥ္က ေသြးေခ်ာင္စီးေစသည့္ စစ္ေကာင္စီကို တရားဝင္မႈေပးသကဲ့သို႔ ျဖစ္ေနသည္။