ၾကားသိသမွ်

ဖမ်းမိစစ်ကောင်စီတပ်ဖွဲ့ဝင်များကို နွေးထွေးစွာ လက်ခံထားသည်ဟု KNU ပြော

ဖမ်းမိစစ်ကောင်စီတပ်ဖွဲ့ဝင်များကို နွေးထွေးစွာ လက်ခံထားသည်ဟု KNU ပြော

(အောက်တွင်ရုပ်သံကြည့်ရန်)

ယမန်နေ့ ဒီဇင်ဘာလ ၁၆ရက်နေ့က ဖြစ်ပွားခဲ့သည့် လေးကေကော်ဒေသ တိုက်ပွဲ အတွင်း ကရင်ပူးပေါင်းတပ်ဖွဲ့အရှင်ဖမ်းမိသည့် စစ်

ကောင်စီ ခမရ ၂၇၅ မှ တပ်ဖွဲ့ ဝင် ၆ ဦးနှင့် နယ်ခြားစောင့်တပ် -BGF ၂ ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံ ထားသည်ဟု ကေအဲန်ယူ-ကရင်

အမျိုးသားအစည်းအရုံးက ပြောသည်။

ယမန်နေ့က ဘဟိကလော်၊ မဲ့ထော်သလေး နှင့် မေတ္တာလင်းမြိုင်ကျေးရွာများတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကျဆုံးသွားသော စစ်သည်

များကို အလောင်း ကောက်ရန် လာသည့် တပ်ကြပ်အဆင့်သူအပါအဝင် ၈ ဦးအား ကရင်အမျိုးသား လွတ်မြောက်ရေး

တပ်မတော်(KNLA)က အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။


လေးကေကော်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” ဒီနေ့ မနက်မှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင် ၈ယောက်

ကို လေးကေကော်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူဆီ လာရောက်လွှဲပြောင်းအပ်နှံတယ်။ လေးကေကော်အုပ်ချုပ်ရေးအဖွဲ့ဘက်ကလည်း နွေး

ထွေးစွာ ကြိုဆိုလက်ခံလက်ခံထားပြီးတော့ အစားအသောက်နဲ့ နေရာထိုင်ခင်းတွေကို လုံခြုံစိတ်ချစွာ စီစဉ်ပေးထားပါတယ်”ဟု ကေအိုင်စီ

သို့ ပြောသည်။


ထိုနောက် အဆိုပါ ဖမ်းမိစစ်သည်များ၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးမှတ်တမ်းယူပြီးပါက ကေအဲန်ယူ ဗဟိုဌာနချုပ်နှင့် စစ်

ဘက်ဆိုင်ရာ ဌာန တာဝန်ရှိသူများထံသို့ ဆက်လက်သတင်းပို့သွားမည်ဟု ကေအဲန်ယူက ပြောသည်။

ယမန်နေ့က ဘဟိကလော်၊ မဲ့ထော်သလေး နှင့် မေတ္တာလင်းမြိုင် ကျေးရွာများအကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီနှင့် BGF

တပ်ဖွဲ့ဝင် ၂၀ခန့် ကျဆုံးပြီး KNLA ဘက်က တစ်ဦးကျဆုံးခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းအရင်းအမြစ်အရ သိရသည်။

ဒီဇင်ဘာလ ၁၅ရက်နေ့က စတင်ဖြစ်ပွားသည့် လေးကေကော် စစ်ရေးပဋိပက္ခ ကြောင့် မြဝတီတောင်ဘက် ကျေးရွာများဖြစ်သော ကျေးရွာ

များဖြစ်သော မဲ့ထော် သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ပဟိကလော်၊ လေးကေကော်၊ ရသေ့ဂူ အစရှိသော ကျေးရွာနေပြည်သူများ

၄၀၀၀ ခန့်မှာ နီးစပ်ရာတောတွင်းနေရာ များနှင့် နယ်ခြားသောင်ရင်းမြစ်တဖက်ကမ်း ထိုင်းဘက်ခြမ်းသို့ ကူးကာ စစ်ရှောင်နေရသည်ဟု သိ

ရသည်။


လက်ရှိတွင် လေးကေကော်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးကာ စစ်ရှောင်နေရသည့် ပြည်သူ ၂၀၀၀ ကျော်ရှိပြီး အဆိုပါ စစ်

ရှောင်ပြည်သူများကို ထိုင်းအာဏာပိုင်များက ကူညီစောင့်ရှောက်ထားသည်ဟု ကူညီထောက်ပံ့မှုပေးနေသည့် အဖွဲ့အစည်းများက

ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၇ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လေးကေကော်မြို့သစ် ရပ်ကွက်နေ ပြည်သူ ၁၀၀၀ ခန့်မှာ အထဲ

တွင် ပိတ်မိနေသည်ဟု သိရသည်။

Zawgyi

ဖမ္းမိစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ေႏြးေထြးစြာ လက္ခံထားသည္ဟု KNU ေျပာ

ယမန္ေန႔ ဒီဇင္ဘာလ ၁၆ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ေလးေကေကာ္ေဒသ တိုက္ပြဲ အတြင္း ကရင္ပူးေပါင္းတပ္ဖြဲ႕အရွင္ဖမ္းမိသည့္ စစ္ေကာင္စီ ခမရ ၂၇၅ မွ တပ္ဖြဲ႕ ဝင္ ၆ ဦးႏွင့္ နယ္ျခားေစာင့္တပ္ -BGF ၂ ဦးအား ေႏြးေထြးစြာ ႀကိဳဆိုလက္ခံ ထားသည္ဟု ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံးက ေျပာသည္။

ယမန္ေန႔က ဘဟိကေလာ္၊ မဲ့ေထာ္သေလး ႏွင့္ ေမတၱာလင္းၿမိဳင္ေက်းရြာမ်ားတြင္ ျဖစ္ပြားသည့္ တိုက္ပြဲအတြင္း က်ဆုံးသြားေသာ စစ္သည္မ်ားကို အေလာင္း ေကာက္ရန္ လာသည့္ တပ္ၾကပ္အဆင့္သူအပါအဝင္ ၈ ဦးအား ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္(KNLA)က အရွင္ဖမ္းမိခဲ့ျခင္းျဖစ္သည္။

ေလးေကေကာ္အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ” ဒီေန႔ မနက္မွာေတာ့ ဖမ္းဆီးရမိထားတဲ့ စစ္ေကာင္စီနဲ႔ BGF တပ္ဖြဲ႕ဝင္ ၈ေယာက္ကို ေလးေကေကာ္အုပ္ခ်ဳပ္ေရးအဖြဲ႕ တာဝန္ရွိသူဆီ လာေရာက္လႊဲေျပာင္းအပ္ႏွံတယ္။ ေလးေကေကာ္အုပ္ခ်ဳပ္ေရးအ

ဖြဲ႕ဘက္ကလည္း ေႏြးေထြးစြာ ႀကိဳဆိုလက္ခံလက္ခံထားၿပီးေတာ့ အစားအေသာက္နဲ႔ ေနရာထိုင္ခင္းေတြကို လုံျခဳံစိတ္ခ်စြာ စီစဥ္ေပးထားပါတယ္”ဟု ေကအိုင္စီသို႔ ေျပာသည္။

ထိုေနာက္ အဆိုပါ ဖမ္းမိစစ္သည္မ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားကို စစ္ေဆးမွတ္တမ္းယူၿပီးပါက ေကအဲန္ယူ ဗဟိုဌာနခ်ဳပ္ႏွင့္ စစ္ဘက္ဆိုင္ရာ ဌာန တာဝန္ရွိသူမ်ားထံသို႔ ဆက္လက္သတင္းပို႔သြားမည္ဟု ေကအဲန္ယူက ေျပာသည္။

ယမန္ေန႔က ဘဟိကေလာ္၊ မဲ့ေထာ္သေလး ႏွင့္ ေမတၱာလင္းၿမိဳင္ ေက်းရြာမ်ားအၾကား ျဖစ္ပြားသည့္ တိုက္ပြဲတြင္ စစ္ေကာင္စီႏွင့္ BGF တပ္ဖြဲ႕ဝင္ ၂၀ခန႔္ က်ဆုံးၿပီး KNLA ဘက္က တစ္ဦးက်ဆုံးခဲ့သည္ဟု ေကအဲန္ယူ၏ သတင္းအရင္းအျမစ္အရ သိရသည္။

ဒီဇင္ဘာလ ၁၅ရက္ေန႔က စတင္ျဖစ္ပြားသည့္ ေလးေကေကာ္ စစ္ေရးပဋိပကၡ ေၾကာင့္ ျမဝတီေတာင္ဘက္ ေက်းရြာမ်ားျဖစ္ေသာ ေက်းရြာမ်ားျဖစ္ေသာ မဲ့ေထာ္ သေလး၊ မင္းလက္ပံ၊ ဖလူးႀကီး၊ ဖလူးေလး ပဟိကေလာ္၊ ေလးေကေကာ္၊

ရေသ့ဂူ အစရွိေသာ ေက်းရြာေနျပည္သူမ်ား ၄၀၀၀ ခန႔္မွာ နီးစပ္ရာေတာတြင္းေနရာ မ်ားႏွင့္ နယ္ျခားေသာင္ရင္းျမစ္တဖက္ကမ္း ထိုင္းဘက္ျခမ္းသို႔ ကူးကာ စစ္ေရွာင္ေနရသည္ဟု သိရသည္။

လက္ရွိတြင္ ေလးေကေကာ္တိုက္ပြဲေၾကာင့္ ထိုင္းနိုင္ငံဘက္ျခမ္းသို႔ ကူးကာ စစ္ေရွာင္ေနရသည့္ ျပည္သူ ၂၀၀၀ ေက်ာ္ရွိၿပီး အဆိုပါ စစ္ေရွာင္ျပည္သူမ်ားကို ထိုင္းအာဏာပိုင္မ်ားက ကူညီေစာင့္ေရွာက္ထားသည္ဟု ကူညီေထာက္ပံ့မႈေပးေနသည့္ အဖြဲ႕အစည္းမ်ားက ေျပာသည္။

ယေန႔ ဒီဇင္ဘာလ ၁၇ရက္ေန႔အထိ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး ေလးေကေကာ္ၿမိဳ႕သစ္ ရပ္ကြက္ေန ျပည္သူ ၁၀၀၀ ခန႔္မွာ အထဲတြင္ ပိတ္မိေနသည္ဟု သိရသည္။