ၾကားသိသမွ်

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဝတ်စုံဖြင့် ရုံးထုတ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့က နေပြည်တော် အထူးသီးသန့်တရားရုံးတွင် ရုံးထုတ်ရာ၌ ထောင်

ပုံစံ ဝတ်စုံဖြင့် ရုံးထုတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးထံမှ သိရသည်။

ယမန်နေ့က စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်နှင့်အတူ စွဲဆိုခံထားရသည့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) အမှု

အတွက် တရားရုံးလာရောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ကျီအဖြူ၊ ထဘီအညိုရင့် (ယော ဂီရောင်) ဝတ်ဆင်ခဲ့ပြီး ရာသီဥတု

အေးနေသည့်အတွက် ရှပ်အင်္ကျီအပေါ်ဖုံး ဝတ်ဆင်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။


လွတ်လပ်သော ရှေ့နေတဦး၏ ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အကျဉ်းကျ အမျိုးသမီးများအား သတ်မှတ်ပေးထား

သည့် ထောင်ကျဝတ်စုံ ဝတ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၆ ရက်တွင် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုခဲ့သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ

အရ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံ

စေရန် စစ်ကောင်စီ ထိန်းချုပ်ထားသည့် နေပြည်တော်ရှိ အထူးသီးသန့်တရားရုံး က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယင်းနေ့တွင်ပင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်ဒဏ် ၂ နှစ် အား လျော့ပေါ့ပေးကြောင်း

နှင့် ကျန်ပြစ်ဒဏ်အား လက်ရှိ ဖမ်းဆီးချုပ်နှောင်ထားသည့် နေရာ၌ပင် ကျခံစေရမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သော် လည်း ယနေ့အချိန်

အထိ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုမူ အာဏာသိမ်း စစ်ကောင်စီက ဖုံးကွယ်ထိမ်ချန် ထားသည်။


ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီက စွပ်စွဲထားသည့် အမှု ၁၀ မှုကျော်အား ရင်ဆိုင်ရလျက်ရှိရာ ယနေ့တွင် လည်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် စွဲဆိုထားမှုများအား အထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးလျက် ရှိသည်။

ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ တို့ဖြင့်

ထောင်ဒဏ် ၄ နှစ် ချမှတ်ခံလိုက်ရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း အိုးဘိုထောင် အတွင်း အထူး

တရားရုံး၌ ရုံးထုတ်ရာတွင် ထောင်ကျပုံစံ အပြာရောင်ဝတ်စုံဖြင့် ရုံးထုတ်ခဲ့ကြောင်း ၎င်း၏ ရှေ့နေ အဖွဲ့ဝင်တဦးက ပြောသည်။

ဒေါက်တာဇော်မြင့်မောင် အနေဖြင့် စစ်ကောင်စီက စွပ်စွဲပြီး တရားစွဲဆိုထားသည့် အဂတိမှု ၅ မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ အမှု ၂ မှု တို့ကို

ဆက်လက် ရင်ဆိုင်ရလျက် ရှိသည်။

Zawgyi

နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား ယမန္ေန႔က ေနျပည္ေတာ္ အထူးသီးသန္႔တရား႐ုံးတြင္ ႐ုံးထုတ္ရာ၌ ေထာင္ပုံစံ ဝတ္စုံျဖင့္ ႐ုံးထုတ္ခဲ့ေၾကာင္း တရား႐ုံးႏွင့္ နီးစပ္သူတဦးထံမွ သိရသည္။

ယမန္ေန႔က စီးပြားေရးအႀကံေပး ပါေမာကၡေရွာင္တာနယ္ႏွင့္အတူ စြဲဆိုခံထားရသည့္ အစိုးရလၽွို႔ဝွက္ခ်က္ အက္ဥပေဒ ပုဒ္မ

၃-၁ (ဂ) အမႈအတြက္ တရား႐ုံးလာေရာက္ရာတြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ အကၤ်ီအျဖဴ၊ ထဘီအညိဳရင့္ (ေယာ ဂီေရာင္) ဝတ္ဆင္ခဲ့ၿပီး ရာသီဥတု ေအးေနသည့္အတြက္ ရွပ္အကၤ်ီအေပၚဖုံး ဝတ္ဆင္လာသည္ကို ေတြ႕ရသည္ဟု ဆိုသည္။

လြတ္လပ္ေသာ ေရွ႕ေနတဦး၏ ေျပာၾကားခ်က္အရ ေဒၚေအာင္ဆန္းစုၾကည္ အေနျဖင့္ အက်ဥ္းက် အမ်ိဳးသမီးမ်ားအား သတ္မွတ္ေပးထားသည့္ ေထာင္က်ဝတ္စုံ ဝတ္ဆင္ခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္ကို ဒီဇင္ဘာ ၆ ရက္တြင္ အာဏာသိမ္း စစ္ေကာင္စီက စြပ္စြဲ တရားစြဲဆိုခဲ့သည့္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅-ခ အရ ေထာင္ဒဏ္ ၂ ႏွစ္၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၂၅ အရ ေထာင္ဒဏ္ ၂ ႏွစ္၊ စုစုေပါင္း ေထာင္ဒဏ္ ၄ ႏွစ္ က်ခံေစရန္ စစ္ေကာင္စီ ထိန္းခ်ဳပ္ထားသည့္ ေနျပည္ေတာ္ရွိ အထူးသီးသန္႔တရား႐ုံး က အမိန္႔ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ ယင္းေန႔တြင္ပင္ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေထာင္ဒဏ္ ၂ ႏွစ္ အား ေလ်ာ့ေပါ့ေပးေၾကာင္းႏွင့္ က်န္ျပစ္ဒဏ္အား လက္ရွိ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသည့္ ေနရာ၌ပင္ က်ခံေစရမည္ ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ စစ္တပ္အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကတည္းက ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္ေသာ္ လည္း ယေန႔အခ်ိန္အထိ မည္သည့္ေနရာတြင္ ခ်ဳပ္ေႏွာင္ထားသည္ကိုမူ အာဏာသိမ္း စစ္ေကာင္စီက ဖုံးကြယ္ထိမ္ခ်န္ ထားသည္။

ေဒၚေအာင္ဆန္းစုၾကည္ အေနျဖင့္ စစ္ေကာင္စီက စြပ္စြဲထားသည့္ အမႈ ၁၀ မႈေက်ာ္အား ရင္ဆိုင္ရလ်က္ရွိရာ ယေန႔တြင္ လည္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ ျဖင့္ စြဲဆိုထားမႈမ်ားအား အထူးတရား႐ုံး၌ ႐ုံးထုတ္စစ္ေဆးလ်က္ ရွိသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၈ ရက္က ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-ခ၊ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒ တို႔ျဖင့္ ေထာ

င္ဒဏ္ ၄ ႏွစ္ ခ်မွတ္ခံလိုက္ရသည့္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကိုလည္း အိုးဘိုေထာင္ အတြင္း အထူးတရား႐ုံး၌ ႐ုံးထုတ္ရာတြင္ ေထာင္က်ပုံစံ အျပာေရာင္ဝတ္စုံျဖင့္ ႐ုံးထုတ္ခဲ့ေၾကာင္း ၎၏ ေရွ႕ေန အဖြဲ႕ဝင္တဦးက ေျပာသည္။

ေဒါက္တာေဇာ္ျမင့္ေမာင္ အေနျဖင့္ စစ္ေကာင္စီက စြပ္စြဲၿပီး တရားစြဲဆိုထားသည့္ အဂတိမႈ ၅ မႈႏွင့္ ေရြးေကာက္ပြဲဆိုင္ရာ အမႈ ၂ မႈ တို႔ကို ဆက္လက္ ရင္ဆိုင္ရလ်က္ ရွိသည္။