ၾကားသိသမွ်

တော်လှန်ရေးကာလ သတင်းနှစ်မျိုးအကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က သတိပေးပြောကြား

တော်လှန်ရေးကာလ သတင်းနှစ်မျိုးအကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က သတိပေးပြောကြား

ဒီဇင်ဘာ ၁၅ ရက်နေ့က သူ့ရဲ့ဖေ့ဘွတ်ကနေ အခုလို သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။

အပြည့်အစုံ

တော်လှန်ရေးကာလမှာ “လူတွေသိလေ ပိုကောင်းလေ” ဆိုတဲ့အကြောင်းအရာတွေရယ်၊ “မမြင်အောင် ဖုံးကာဖိကာရယ် ရင်မှာ ကြိတ်မှိတ်ထားကာရယ်” ဆိုတဲ့ သတင်းနှစ်မျိုးရှိပါတယ်။

အများသိစေတဲ့သတင်းတွေကတော့ အသိပေးလိုက်လို့ လုံခြုံရေးကျိုးပေါက်ပြီး ကိုယ့်ရဲဘော်တွေအပေါ် ဆိုးကျိုးမဖြစ်စေတဲ့သတင်း၊ ကိုယ့်ကိုအားပေးထောက်ခံသူတွေအတွက် ခွန်အားဖြစ်စေတဲ့သတင်း၊ တဖက်လူကို အရိူက်ထိုးလိုက်သလို စိတ်ဓါတ်ပျက်ပြားစေတဲ့သတင်းမျိုးပေါ့။

ဥပမာ နိုင်ငံတကာစစ်မျက်နှာမှာ အောင်ပွဲခံတဲ့သတင်းမျိုးပေါ့။ ဒါတောင်မှ ဘယ်လိုနည်းမျိုးနဲ့ကြိုးပမ်းနေတာမျိုးကို ဖွင့်ပြောလို့မရတာမျိုး၊ ရလဒ်ထွက်ပြီးမှ သေသေချာချာပြောလို့ရတာမျိုးတောင် ရှိပါသေးတယ်။


အတွင်းစည်းအနေနဲ့ သတ်မှတ်ပြီး လုံခြုံရေးကို အထူးသတိပြုရမဲ့ သတင်းတွေကတော့ စစ်ရေးနဲ့ တော်လှန်ရေးသတင်းတွေပေါ့။ လုံခြုံရေးကျိုးပေါက်သွားရင် စီမံချက်တခုလုံးပျက်သွားနိုင်သလို ရဲဘော်ရဲဖက်တွေရဲ့ ပေးဆပ်ရမှုက ကြီးမားတတ်ပါတယ်။

ကျနော်အနေနဲ့ နိုင်ငံတကာအောင်မြင်မှုတွေ လူ့အခွင့်ရေးအစိပေးတာတွေကို ပြည်သူတွေ သိရှိဖို့ တင်ပြလေ့ရှိပါတယ်။ အများသိသင့်တဲ့အကြောင်းအရာတွေဖြစ်လို့ တင်တာပါ။

ဒီအကြောင်းအရာတခုထဲ ဇောင်းပေးလုပ်နေတယ်ဆိာပြီး အားမလိုအားမရဖြစ်တဲ့အသံတွေ ပြည်တွင်းလှုပ်ရှားမှုကို ဦးစားပေးပါလို့ တိုက်တွန်းချက်တွေ အများကြီး ပြန်ကြားရပါတယ်။

အမှန်တကယ်တော့ အစိုးရဟာ ဘက်ပေါင်းစုံကလုပ်ဆောင်နေတာပါ။သက်ဆိုင်ရာဝန်ကြီးဌာနတိုင်းက သူတို့အပေါ် ပေးအပ်ထားတဲ့လုပ်ပိုင်ခွင့်နဲ့အညီ သကွဆိုင်ရာတာဝန်ကို ကိုယ်စွမ်းဥာဏ်ရှိသမျှ ထမ်းဆောင်နေတာပါ။

ကိုယ်လုပ်ဆောင်သမျှကို အသိပေးနိုင်တဲ့ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေရှိသလို ဘာလုပ်နေတယ်ဆိုတာ တခြားဘယ်သူမှမသိအောင် သိုသိုသိပ်သိပ်လုပ်ဆောင်နေရတဲ့ တချို့သော ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။

မလုပ်တာမဟုတ်ပါဘူး။ လုံခြုံရေးစည်းမပေါက်အောင် သတိထားလုပ်ရတာပါ။ အထူးသဖြင့် စစ်ရေး တော်လှန်ရေးနဲ့ ပြည်တွင်းမြေအောက်လှုပ်ရှားမှုတွေမျိုးပေါ့။ လုံခြုံရေးကို ရှေးရူပြီး လုပ်ဆောင်နေရတာကို နားလည်ပေးစေချင်ပါတယ်။

အခုဆို စစ်မျက်ဖွင့်လှုပ်ရှားမှုတွေ ပြည်တွင်းလှုပ်ရှားမှုတွေ ရှိလာပါပြီ။ ဒီအချိန်မှာ လုံခြုံရေးစည်းနဲ့ သတင်း လှို့ဝှက်ချက်က အထူးအရေးကြီးလာပါပြီ။ ကိုယ်တင်လိုက်တဲ့အချက်တွေက စစ်ရေးအမြင် အရ တင်သင့်မတင်သင့်ဆိုတာ အထူးဂရုစိုက်ကြဖို့လို့ပါတယ်။

ပြည်တွင်းလှုပ်ရှားမှုတခုကို ပြင်ဆင်လုပ်ဆောင်တာဟာ သူငယ်ချင်းမွေးနေ့ပါတီသွားတက်တာမျိုး မဟုတ်ပါဘူး။
စစ်ရေးတိုက်ပွဲအကြောင်းရေးသားတာဟာ ပုဂံဘုရားဖူးရီဗျူးရေးတင်တာမဟုတ်ဘူးဆိုတာ သိဖို့လိုအပ် ပါတယ်။

Zawgyi

ေတာ္လွန္ေရးကာလ သတင္းႏွစ္မ်ိဳးအေၾကာင္း NUG လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္း က သတိေပးေျပာၾကား

ဒီဇင္ဘာ ၁၅ ရက္ေန႔က သူ႔ရဲ့ေဖ့ဘြတ္ကေန အခုလို သတိေပး ေျပာၾကားလိုက္တာျဖစ္ပါတယ္။

အျပည့္အစုံ

ေတာ္လွန္ေရးကာလမွာ “လူေတြသိေလ ပိုေကာင္းေလ” ဆိုတဲ့အေၾကာင္းအရာေတြရယ္၊ “မျမင္ေအာင္ ဖုံးကာဖိကာရယ္ ရင္မွာ ႀကိတ္မွိတ္ထားကာရယ္” ဆိုတဲ့ သတင္းႏွစ္မ်ိဳးရွိပါတယ္။

အမ်ားသိေစတဲ့သတင္းေတြကေတာ့ အသိေပးလိုက္လို႔ လုံျခဳံေရးက်ိဳးေပါက္ၿပီး ကိုယ့္ရဲေဘာ္ေတြအေပၚ ဆိုးက်ိဳးမျဖစ္ေစတဲ့သတင္း၊ ကိုယ့္ကိုအားေပးေထာက္ခံသူေတြအတြက္ ခြန္အားျဖစ္ေစတဲ့သတင္း၊ တဖက္လူကို အရိူက္ထိုးလိုက္သလို စိတ္ဓါတ္ပ်က္ျပားေစတဲ့သတင္းမ်ိဳးေပါ့။

ဥပမာ နိုင္ငံတကာစစ္မ်က္ႏွာမွာ ေအာင္ပြဲခံတဲ့သတင္းမ်ိဳးေပါ့။ ဒါေတာင္မွ ဘယ္လိုနည္းမ်ိဳးနဲ႔ႀကိဳးပမ္းေနတာမ်ိဳးကို ဖြင့္ေျပာလို႔မရတာမ်ိဳး၊ ရလဒ္ထြက္ၿပီးမွ ေသေသခ်ာခ်ာေျပာလို႔ရတာမ်ိဳးေတာင္ ရွိပါေသးတယ္။

အတြင္းစည္းအေနနဲ႔ သတ္မွတ္ၿပီး လုံျခဳံေရးကို အထူးသတိျပဳရမဲ့ သတင္းေတြကေတာ့ စစ္ေရးနဲ႔ ေတာ္လွန္ေရးသတင္းေတြေပါ့။ လုံျခဳံေရးက်ိဳးေပါက္သြားရင္ စီမံခ်က္တခုလုံးပ်က္သြားနိုင္သလို ရဲေဘာ္ရဲဖက္ေတြရဲ့ ေပးဆပ္ရမႈက ႀကီးမားတတ္ပါတယ္။

က်ေနာ္အေနနဲ႔ နိုင္ငံတကာေအာင္ျမင္မႈေတြ လူ႔အခြင့္ေရးအစိေပးတာေတြကို ျပည္သူေတြ သိရွိဖို႔ တင္ျပေလ့ရွိပါတယ္။

အမ်ားသိသင့္တဲ့အေၾကာင္းအရာေတြျဖစ္လို႔ တင္တာပါ။ ဒီအေၾကာင္းအရာတခုထဲ ေဇာင္းေပးလုပ္ေနတယ္ဆိာၿပီး အားမလိုအားမရျဖစ္တဲ့အသံေတြ ျပည္တြင္းလႈပ္ရွားမႈကို ဦးစားေပးပါလို႔ တိုက္တြန္းခ်က္ေတြ အမ်ားႀကီး ျပန္ၾကားရပါတယ္။
အမွန္တကယ္ေတာ့ အစိုးရဟာ ဘက္ေပါင္းစုံကလုပ္ေဆာင္ေနတာပါ။

သက္ဆိုင္ရာဝန္ႀကီးဌာနတိုင္းက သူတို႔အေပၚ ေပးအပ္ထားတဲ့လုပ္ပိုင္ခြင့္နဲ႔အညီ သကြဆိုင္ရာတာဝန္ကို ကိုယ္စြမ္းဥာဏ္ရွိသမၽွ ထမ္းေဆာင္ေနတာပါ။ ကိုယ္လုပ္ေဆာင္သမၽွကို အသိေပးနိုင္တဲ့ ဝန္ႀကီးဌာနေတြရဲ့ လုပ္ငန္းေတြရွိသလို ဘာလုပ္ေနတယ္ဆိုတာ တျခားဘယ္သူမွမသိေအာင္ သိုသိုသိပ္သိပ္လုပ္ေဆာင္ေနရတဲ့ တခ်ိဳ႕ေသာ ဝန္ႀကီးဌာနရဲ့ လုပ္ငန္းေတြလည္း ရွိပါတယ္။

မလုပ္တာမဟုတ္ပါဘူး။ လုံျခဳံေရးစည္းမေပါက္ေအာင္ သတိထားလုပ္ရတာပါ။ အထူးသျဖင့္ စစ္ေရး ေတာ္လွန္ေရးနဲ႔ ျပည္တြင္းေျမေအာက္လႈပ္ရွားမႈေတြမ်ိဳးေပါ့။ လုံျခဳံေရးကို ေရွး႐ူၿပီး လုပ္ေဆာင္ေနရတာကို နားလည္ေပးေစခ်င္ပါတယ္။

အခုဆို စစ္မ်က္ဖြင့္လႈပ္ရွားမႈေတြ ျပည္တြင္းလႈပ္ရွားမႈေတြ ရွိလာပါၿပီ။ ဒီအခ်ိန္မွာ လုံျခဳံေရးစည္းနဲ႔ သတင္း လွို႔ဝွက္ခ်က္က အထူးအေရးႀကီးလာပါၿပီ။ ကိုယ္တင္လိုက္တဲ့အခ်က္ေတြက စစ္ေရးအျမင္ အရ တင္သင့္မတင္သင့္ဆိုတာ အထူးဂ႐ုစိုက္ၾကဖို႔လို႔ပါတယ္။

ျပည္တြင္းလႈပ္ရွားမႈတခုကို ျပင္ဆင္လုပ္ေဆာင္တာဟာ သူငယ္ခ်င္းေမြးေန႔ပါတီသြားတက္တာမ်ိဳး မဟုတ္ပါဘူး။
စစ္ေရးတိုက္ပြဲအေၾကာင္းေရးသားတာဟာ ပုဂံဘုရားဖူးရီဗ်ဴးေရးတင္တာမဟုတ္ဘူးဆိုတာ သိဖို႔လိုအပ္ ပါတယ္။