ၾကားသိသမွ်

မြန်မာစစ်တပ်ကို ကမ္ဘာ့အဆင့်မီအောင်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

အနာဂတ်ကာလမှာ ကမ္ဘာ့နိုင်ငံတပ်မတော်တွေကို ရင်ပေါင်တန်းနိုင်တဲ့ တပ်မတော်ဖြစ်အောင် ဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဌ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(လေ)ရဲ့ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ယခုလို

ပြောပါတယ်။

“ အနာဂတ်ကာလမှာ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတပ်မတော်များကို ရင်ပေါင်တန်းနိုင်တဲ့ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့

ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်အောင် အရှိန်အဟုန်နဲ့ ဆက်လက် တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံကို ဖြိုခွဲချင်သူများအနေနဲ့

အတိတ်၊ ပစ္စုပ္ပန်တို့မှာ တပ်မတော်ပြိုကွဲအောင် ကြိုးစားခဲ့၊ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။ ”လို့ ၎င်းက ပြောပါတယ်။


လက်ရှိမှာ တပ်မတော်(လေ)ကို ဒေသတွင်းနိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်ရေးအတွက် တန်ဖိုးကြီးတဲ့ လေယာဉ်/ရဟတ်ယာဉ်များ ဝယ်ယူ

ဖြည့်တင်း ပေးခဲ့ခြင်းဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

“ တပ်မတော်(လေ)အတွက် ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်တွေကို အဆင့်မြှင့်တင်ခြင်းနဲ့ ထပ်မံဝယ်ယူ ဖြည့်တင်းခြင်းများ

ဆောင်ရွက်ပေးတဲ့အပြင် သယ်ယူပို့ဆောင်ရေး လေယာဉ်/ ရဟတ်ယာဉ်များနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်များလည်း ဝယ်ယူဖြည့်တင်းနိုင်

ခဲ့တဲ့အတွက် မြန်မာ့ဝေဟင်ပိုင်နက် စိုးမိုးရေးကို အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ ”လို့ ၎င်းက ပြောပါတယ်။


လေယာဉ်/ရဟတ်ယာဉ်များကို အဆင့်မြှင့်တင်တဲ့ နေရာမှာ စတုတ္ထမျိုးဆက်၊ ပဉ္စမမျိုးဆက်ကဲ့သို့ အဆင့်မြင့် တိုက်လေယာဉ်များအထိ

မဟုတ်သော်လည်း ဒုတိယမျိုးဆက်၊ တတိယမျိုးဆက် တိုက်လေယာဉ် အဆင့်မျိုးအထိရရှိအောင် အဆင့်မြှင့်တင်ခြင်းများ၊ သုတေသနပြု

ဆောင်ရွက်ခြင်း များ လုပ်ဆောင်သွားမယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ကမ္ဘာမြေလေ့လာရေး ဂြိုလ်တုလွှတ်တင်မှုကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ စစ်ကောင်စီ

ဥက္ကဌက ပြောပါတယ်။


ယမန်နေ့ (ဒီဇင်ဘာ ၁၅ရက်)က မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေး

စဉ် ၎င်းက ယခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ ဂြိုလ်တုလွှတ်တင် ဆောင်ရွက်မှုစီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ

ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဖို့ လိုပါတယ်၊၊ လိုအပ်တဲ့ နည်းပညာများ ရရှိရေးအတွက် ပြည်ပကို ပညာတော်သင်များ စဉ်ဆက်မပြတ်

စေလွှတ်နိုင်ရေး ဆောင်ရွက်ရပါမယ်။ ”လို့ ၎င်းက ပြောပါတယ်။

သင်ကြားမှုနဲ့ပတ်သက်ပြီး ဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သင်ကြားလျက်ရှိတဲ့ ဘာသာရပ်များနဲ့ ကိုက်ညီတဲ့ ဆရာ၊

ဆရာမများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယခုတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူများကို ဦးစားပေး ခန့်အပ်နိုင်ရေး ဆောင်ရွက်ဖို့ကိုလည်း ၎င်းက

ပြောပါတယ်။


“ ပညာသင်ကြားရေးမှာ အရေအတွက်ထက် အရည်အချင်းတွေ ပိုမိုတိုးတက်ပြည့်စုံပြီး လက်တွေ့ လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်စွာ

အသုံးချနိုင်တဲ့အထိ လေ့ကျင့်သင်ကြားပေးနိုင်ရေး ဆောင်ရွက်ကြပါ။ နိုင်ငံတော်က ငွေကြေးအကုန်အကျခံပြီး သင်ကြားပေးခဲ့တဲ့ ပညာရပ်

တွေကို ပြည်တွင်းမှာ အကျိုးရှိစွာနဲ့ လက်တွေ့အသုံးချဖို့ လိုပါတယ်။ ”လို့ ၎င်းက ပြောပါတယ်။

ယင်းအပြင် ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး နည်းပြ ဆရာ၊ ဆရာမများ လိုအပ်မှုအတွက်‌ တပ်မတော်မှကူညီ ဆောင်ရွက်ပေးသွားမှာ

ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အနာဂတ္ကာလမွာ ကမၻာ့နိုင္ငံတပ္မေတာ္ေတြကို ရင္ေပါင္တန္းနိုင္တဲ့ တပ္မေတာ္ျဖစ္ေအာင္ ေဆာင္ရြက္မယ္လို႔ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က တပ္မေတာ္(ေလ)ရဲ့ ဖြဲ႕စည္းတည္ေထာင္မႈ (၇၄)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားမွာ ယခုလို ေျပာပါတယ္။

“ အနာဂတ္ကာလမွာ ေဒသတြင္းနဲ႔ ကမၻာ့နိုင္ငံတပ္မေတာ္မ်ားကို ရင္ေပါင္တန္းနိုင္တဲ့ အင္အားေတာင့္တင္းၿပီး စြမ္းရည္ထက္ျမက္တဲ့ ေခတ္မီမ်ိဳးခ်စ္ တပ္မေတာ္ျဖစ္ေအာင္ အရွိန္အဟုန္နဲ႔ ဆက္လက္ တည္ေဆာက္သြားရမွာ ျဖစ္ပါတယ္။

နိုင္ငံကို ၿဖိဳခြဲခ်င္သူမ်ားအေနနဲ႔ အတိတ္၊ ပစၥဳပၸန္တို႔မွာ တပ္မေတာ္ၿပိဳကြဲေအာင္ ႀကိဳးစားခဲ့၊ ႀကိဳးစားေနၾကဆဲ ျဖစ္ပါတယ္။ ”လို႔ ၎က ေျပာပါတယ္။

လက္ရွိမွာ တပ္မေတာ္(ေလ)ကို ေဒသတြင္းနိုင္ငံမ်ားနဲ႔ ရင္ေပါင္တန္းနိုင္ေရးအတြက္ တန္ဖိုးႀကီးတဲ့ ေလယာဥ္/ရဟတ္ယာဥ္မ်ား ဝယ္ယူျဖည့္တင္း ေပးခဲ့ျခင္းျဖစ္တယ္လို႔ ၎က ေျပာပါတယ္။

“ တပ္မေတာ္(ေလ)အတြက္ ဘက္စုံသုံး တိုက္ခိုက္ေရးေလယာဥ္ေတြကို အဆင့္ျမႇင့္တင္ျခင္းနဲ႔ ထပ္မံဝယ္ယူ ျဖည့္တင္းျခင္းမ်ား ေဆာင္ရြက္ေပးတဲ့အျပင္ သယ္ယူပို႔ေဆာင္ေရး ေလယာဥ္/ ရဟတ္ယာဥ္မ်ားနဲ႔ တိုက္ခိုက္ေရး ရဟတ္ယာဥ္မ်ားလည္း ဝယ္ယူျဖည့္တင္းနိုင္ခဲ့တဲ့အတြက္ ျမန္မာ့ေဝဟင္ပိုင္နက္ စိုးမိုးေရးကို အဆင့္ျမႇင့္တင္နိုင္ခဲ့ပါတယ္။ ”လို႔ ၎က ေျပာပါတယ္။

ေလယာဥ္/ရဟတ္ယာဥ္မ်ားကို အဆင့္ျမႇင့္တင္တဲ့ ေနရာမွာ စတုတၳမ်ိဳးဆက္၊ ပဥၥမမ်ိဳးဆက္ကဲ့သို႔ အဆင့္ျမင့္ တိုက္ေလယာဥ္မ်ားအထိ မဟုတ္ေသာ္လည္း ဒုတိယမ်ိဳးဆက္၊ တတိယမ်ိဳးဆက္ တိုက္ေလယာဥ္ အဆင့္မ်ိဳးအထိရရွိေအာင္ အဆင့္ျမႇင့္တင္ျခင္းမ်ား၊ သုေတသနျပဳ ေဆာင္ရြက္ျခင္း မ်ား လုပ္ေဆာင္သြားမယ္လို႔ ၎က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ျမန္မာနိုင္ငံ ကမၻာေျမေလ့လာေရး ၿဂိဳလ္တုလႊတ္တင္မႈကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၾကဖို႔ စစ္ေကာင္စီဥကၠဌက ေျပာပါတယ္။

ယမန္ေန႔ (ဒီဇင္ဘာ ၁၅ရက္)က မိတၳီလာၿမိဳ႕ရွိ ျမန္မာနိုင္ငံ ေလေၾကာင္းႏွင့္ အာကာသပညာ တကၠသိုလ္သို႔ သြားေရာက္ ၾကည့္ရႈစစ္ေဆးစဥ္ ၎က ယခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ ၿဂိဳလ္တုလႊတ္တင္ ေဆာင္ရြက္မႈစီမံကိန္းကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ဖို႔အတြက္ သက္ဆိုင္ရာ ဌာနဆိုင္ရာေတြ ပူးေပါင္းညႇိႏွိုင္း ေဆာင္ရြက္ဖို႔ လိုပါတယ္၊၊

လိုအပ္တဲ့ နည္းပညာမ်ား ရရွိေရးအတြက္ ျပည္ပကို ပညာေတာ္သင္မ်ား စဥ္ဆက္မျပတ္ ေစလႊတ္နိုင္ေရး ေဆာင္ရြက္ရပါမယ္။ ”လို႔ ၎က ေျပာပါတယ္။

သင္ၾကားမႈနဲ႔ပတ္သက္ၿပီး ဆရာ၊ ဆရာမမ်ား ျဖည့္ဆည္းေပးနိုင္ေရးအတြက္ သင္ၾကားလ်က္ရွိတဲ့ ဘာသာရပ္မ်ားနဲ႔ ကိုက္ညီတဲ့ ဆရာ၊ ဆရာမမ်ားကို ျဖည့္ဆည္းေပးနိုင္ေရးအတြက္ ယခုတကၠသိုလ္မွ ဘြဲ႕ရရွိခဲ့သူမ်ားကို ဦးစားေပး ခန႔္အပ္နိုင္ေရး ေဆာင္ရြက္ဖို႔ကိုလည္း ၎က ေျပာပါတယ္။

“ ပညာသင္ၾကားေရးမွာ အေရအတြက္ထက္ အရည္အခ်င္းေတြ ပိုမိုတိုးတက္ျပည့္စုံၿပီး လက္ေတြ႕ လုပ္ငန္းနယ္ပယ္မွာ ကၽြမ္းက်င္စြာ အသုံးခ်နိုင္တဲ့အထိ ေလ့က်င့္သင္ၾကားေပးနိုင္ေရး ေဆာင္ရြက္ၾကပါ။

နိုင္ငံေတာ္က ေငြေၾကးအကုန္အက်ခံၿပီး သင္ၾကားေပးခဲ့တဲ့ ပညာရပ္ေတြကို ျပည္တြင္းမွာ အက်ိဳးရွိစြာနဲ႔ လက္ေတြ႕အသုံးခ်ဖို႔ လိုပါတယ္။ ”လို႔ ၎က ေျပာပါတယ္။

ယင္းအျပင္ ပညာသင္ၾကားေရးနဲ႔ ပတ္သက္ၿပီး နည္းၿပ ဆရာ၊ ဆရာမမ်ား လိုအပ္မႈအတြက္‌ တပ္မေတာ္မွကူညီ ေဆာင္ရြက္ေပးသြားမွာ ျဖစ္တယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။