ၾကားသိသမွ်

ချင်းပြည်နယ်၊ ဖလန်းဒေသ စာတန်းပါ ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်ကောင်စီထောက်ခံပွဲ မှတ်တမ်းများ ရှမ်းပြည်နယ်တွင် လာရိုက်

ချင်းပြည်နယ်၊ ဖလန်းဒေသ စာတန်းပါ ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်ကောင်စီထောက်ခံပွဲ မှတ်တမ်းများ ရှမ်းပြည်နယ်တွင် လာရိုက်

စစ်ကောင်စီတပ်မှ ကားအစီး၃၀ခန့်ဖြင့် လူများတင်ဆောင်လာပြီး ချင်းပြည်နယ်၊ ဖလန်းဒေသဟု ရေးသားထားသည့် ဆိုင်းဘုတ်များဖြင့်

စစ်ကောင်စီကိုထောက်ခံကြောင်း ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများကို ရှမ်းပြည်နယ်၊ ရပ်စောက်မြို့တွင် ဒီဇင်ဘာလ ၁၄ရက်က လာရောက်

ရိုက်ကူးသွားကြောင်း ဒေသခံများက သတင်းပေးပို့သည်။

အဆိုပါအဖွဲ့များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆင်သေရွာတွင် ဒီဇင်ဘာလ ၁၄ရက်က ဒေသခံရွာသူ၊ ရွာသားများကို

ချင်းတိုင်းရင်းသားများအဖြစ် ပုံသွင်းဖော်ကာ ချင်းတိုင်းရင်းသားများနှင့် အကြမ်းဖက်စစ်တပ်တို့ ချစ်ကြည်ရေးရနေပြီဖြစ်ကြောင်း၊ ချစ်

ချစ်ခင်ခင်ရှိနေကြောင်း၊ ချင်းတိုင်းရင်းသားများက အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကြောင်းစသဖြင့် မှတ်တမ်းများကို ရိုက်ကူးသွား

ကြောင်း ဒေသခံတစ်ဦးက ပြောသည်။


“ဆင်သေကတချို့နေရာတွေမှာ တောင်တက်တောင်ဆင်းကြီးနဲ့ ချင်းဖက်နဲ့ ပုံသွင်းလို့လွယ်တာပေါ့။ မနေ့က ကား၃၀လောက် ရောက်လာ

ပြီး ဆိုင်းပုဒ်အတုတွေပါ ပါလာတယ်။ ဆိုင်းပုဒ်ကိုတော့ ရွာသားတွေရှေ့မှာ မပြဘူး။ ရွာနားက တစ်နေရာမှာ သပ်သပ်ရိုက်တာ။ ပလောင်

လူမျိုးတွေကို ချင်းလူမျိုးလုပ် ချစ်ကြည်ရေး ရသွားပါပြီဆိုပြီး ရိုက်တယ်။ ပစ္စည်းတွေလှူတယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်သွားတယ်။ မ

ကြာခင် မြန်မာ့အသံတို့၊ မြဝတီတို့မှာ ပြမယ်ထင်တယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက  ပြောသည်။


အဆိုပါဆင်သေရွာသည် ပလောင်လူမျိုးအများစု နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်ကြသလို ဖွံ့ဖြိုးတိုးတက်မှု

နောက်ကျသည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။

သို့သော် ချင်းပြည်နယ်၊ ဖလမ်းဒေသသည် စစ်ကောင်စီ ရုပ်ရှင်ရိုက်ကူးသကဲ့သို့ မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်

စွဲကိုင်ကာ ယ‌နေ့တိုင်ထိတော်လှန်လျက်ရှိသည်။ သတင္း -မဲေခါင္

Zawgyi

ခ်င္းျပည္နယ္၊ ဖလန္းေဒသ စာတန္းပါ ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ကာ စစ္ေကာင္စီေထာက္ခံပြဲ မွတ္တမ္းမ်ား ရွမ္းျပည္နယ္တြင္ လာရိုက္

စစ္ေကာင္စီတပ္မွ ကားအစီး၃၀ခန႔္ျဖင့္ လူမ်ားတင္ေဆာင္လာၿပီး ခ်င္းျပည္နယ္၊ ဖလန္းေဒသဟု ေရးသားထားသည့္ ဆိုင္းဘု

တ္မ်ားျဖင့္ စစ္ေကာင္စီကိုေထာက္ခံေၾကာင္း ႐ုပ္သံႏွင့္ ဓာတ္ပုံမွတ္တမ္းမ်ားကို ရွမ္းျပည္နယ္၊ ရပ္ေစာက္ၿမိဳ႕တြင္ ဒီဇင္ဘာလ ၁၄ရက္က လာေရာက္ရိုက္ကူးသြားေၾကာင္း ေဒသခံမ်ားက သတင္းေပးပို႔သည္။

အဆိုပါအဖြဲ႕မ်ားသည္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ဆင္ေသရြာတြင္ ဒီဇင္ဘာလ ၁၄ရက္က ေဒသခံရြာသူ၊ ရြာသားမ်ားကို ခ်င္းတိုင္းရင္းသားမ်ားအျဖစ္ ပုံသြင္းေဖာ္ကာ ခ်င္းတိုင္းရင္းသားမ်ားႏွင့္ အၾကမ္းဖက္စစ္တပ္တို႔ ခ်စ္ၾကည္ေရးရေနၿ

ပီျဖစ္ေၾကာင္း၊ ခ်စ္ခ်စ္ခင္ခင္ရွိေနေၾကာင္း၊ ခ်င္းတိုင္းရင္းသားမ်ားက အၾကမ္းဖက္စစ္ေကာင္စီကို ေထာက္ခံေၾကာင္းစသျဖင့္ မွတ္တမ္းမ်ားကို ရိုက္ကူးသြားေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။

“ဆင္ေသကတခ်ိဳ႕ေနရာေတြမွာ ေတာင္တက္ေတာင္ဆင္းႀကီးနဲ႔ ခ်င္းဖက္နဲ႔ ပုံသြင္းလို႔လြယ္တာေပါ့။ မေန႔က ကား၃၀ေလာက္ ေရာက္လာၿပီး ဆိုင္းပုဒ္အတုေတြပါ ပါလာတယ္။ ဆိုင္းပုဒ္ကိုေတာ့ ရြာသားေတြေရွ႕မွာ မျပဘူး။

ရြာနားက တစ္ေနရာမွာ သပ္သပ္ရိုက္တာ။ ပေလာင္လူမ်ိဳးေတြကို ခ်င္းလူမ်ိဳးလုပ္ ခ်စ္ၾကည္ေရး ရသြားပါၿပီဆိုၿပီး ရိုက္တယ္။ ပစၥည္းေတြလႉတယ္။ ဓာတ္ပုံေတြ ဗီဒီယိုေတြရိုက္သြားတယ္။

မၾကာခင္ ျမန္မာ့အသံတို႔၊ ျမဝတီတို႔မွာ ျပမယ္ထင္တယ္”ဟု လုံျခဳံေရးအရ အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက  ေျပာသည္။

အဆိုပါဆင္ေသရြာသည္ ပေလာင္လူမ်ိဳးအမ်ားစု ေနထိုင္ၾကၿပီး ေတာင္ယာလုပ္ငန္းကိုသာ အဓိကထားလုပ္ကိုင္ၾကသလို ဖြံ့ၿဖိဳးတိုးတက္မႈေနာက္က်သည့္ ေက်းရြာတစ္ရြာလည္း ျဖစ္သည္။

သို႔ေသာ္ ခ်င္းျပည္နယ္၊ ဖလမ္းေဒသသည္ စစ္ေကာင္စီ ႐ုပ္ရွင္ရိုက္ကူးသကဲ့သို႔ မဟုတ္ဘဲ အၾကမ္းဖက္စစ္ေကာင္စီအား ရရာလက္နက္စြဲကိုင္ကာ ယ‌ေန႔တိုင္ထိေတာ္လွန္လ်က္ရွိသည္။ သတင္း-မဲေခါင္