ၾကားသိသမွ်

စစ်ကောင်စီ၏ တိတ်တိတ်ပုန်း ကျောက်မျက်ရတနာပြပွဲတက်မည့် တရုတ်များ နေပြည်တော်ရောက်

စစ်ကောင်စီ၏ တိတ်တိတ်ပုန်း ကျောက်မျက်ရတနာပြပွဲတက်မည့် တရုတ်များ နေပြည်တော်ရောက်

ငွေကြေးလိုအပ်ချက်များနေသည့် အာဏာသိမ်းစစ်ကောင်စီမှ ကျင်းပမည့် ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန်အတွက် တရုတ်

ကုန်သည်များ နေပြည်တော်ကို ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက  ပြောသည်။


တရုတ်နိုင်ငံသားများ ဒီဇင်ဘာလ ၁၄ရက် ကတည်းက နည်းနည်းစီရောက်ရှိလာပြီး နေပြည်တော် ဟိုတယ်ဇုံရှိ ဟိုတယ်တစ်ခုတွင် COVID-19 စစ်ဆေးနေကြောင်း၊ ပြပွဲတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကိုလည်း မဏိရတနာ နယ်မြေ ၁၇တွင် COVID-19 စစ်ဆေးနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။


“ပြပွဲအတွက် တရုတ်တွေရောက်တယ်။ ၇၂နာရီအတွင်း ဆေးစစ်ချက်အတွက် ဟိုတယ်ဇုံက ဟိုတယ်တစ်ခုမှာ စစ်နေတယ်။ ကျောက်မျက်လုပ်ငန်းအဖွဲ့တွေလည်းပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ဒီဇင်ဘာလ ၁၇ရက်မှ ၂၂ရက်အတွင်း ကျောက်စိမ်းနှင့် ပုလဲအတွဲများကို ရောင်းချရန် ပြပွဲ ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါပြပွဲကို ကန့်သတ်ချက်များစွာဖြင့် တိတ်တိတ်ပုန်းကျင်းပခြင်းဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


“NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြပွဲတက်ရောက်တဲ့ လုပ်ငန်းရှင်တွေကိုရော၊ ဝင်ရောက်ပြသတဲ့ သူတွေကိုရော စာရင်းပြုစုထားပြီး အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။


အဆိုပါ ပြပွဲတွင် ကျောက်စိမ်းအရိုင်း အတွဲပေါင်း ၇၈၀ခန့်နှင့် ပုလဲတွဲပေါင်း ၃၃၀ ခန့်ကို တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး တရုတ်ကုန်သည်အများစုတက်ရောက်မည်ဟု ခန့်မှန်းထားကြသည်။

စစ္ေကာင္စီ၏ တိတ္တိတ္ပုန္း ေက်ာက္မ်က္ရတနာျပပြဲတက္မည့္ တ႐ုတ္မ်ား ေနျပည္ေတာ္ေရာက္

ေငြေၾကးလိုအပ္ခ်က္မ်ားေနသည့္ အာဏာသိမ္းစစ္ေကာင္စီမွ က်င္းပမည့္ ေက်ာက္မ်က္ရတနာ ျပပြဲသို႔ တက္ေရာက္ရန္အတြက္

တ႐ုတ္ကုန္သည္မ်ား ေနျပည္ေတာ္ကို ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သတင္းရင္းျမစ္မ်ားက ကို ေျပာသည္။

တ႐ုတ္နိုင္ငံသားမ်ား ဒီဇင္ဘာလ ၁၄ရက္ ကတည္းက နည္းနည္းစီေရာက္ရွိလာၿပီး ေနျပည္ေတာ္ ဟိုတယ္ဇုံရွိ ဟိုတယ္တစ္ခုတြင္

COVID-19 စစ္ေဆးေနေၾကာင္း၊ ျပပြဲတြင္ တာဝန္ထမ္းေဆာင္မည့္ ဝန္ထမ္းမ်ားကိုလည္း မဏိရတနာ နယ္ေၿမ ၁၇တြင္

COVID-19 စစ္ေဆးေနေၾကာင္း သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“ျပပြဲအတြက္ တ႐ုတ္ေတြေရာက္တယ္။ ၇၂နာရီအတြင္း ေဆးစစ္ခ်က္အတြက္ ဟိုတယ္ဇုံက ဟိုတယ္တစ္ခုမွာ စစ္ေနတယ္။ ေက်ာက္မ်က္လုပ္င

န္းအဖြဲ႕ေတြလည္းပါတယ္” ဟု ၎က ေျပာသည္။

စစ္ေကာင္စီက ဒီဇင္ဘာလ ၁၇ရက္မွ ၂၂ရက္အတြင္း ေက်ာက္စိမ္းႏွင့္ ပုလဲအတြဲမ်ားကို ေရာင္းခ်ရန္ ျပပြဲ ျပဳလုပ္ျခင္းျဖစ္ၿပီး အ

ဆိုပါျပပြဲကို ကန႔္သတ္ခ်က္မ်ားစြာျဖင့္ တိတ္တိတ္ပုန္းက်င္းပျခင္းျဖစ္ေၾကာင္း အမ်ိဳးသား ညီညြတ္ေရးအစိုးရ သယံဇာတႏွင့္

သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

“NUG အေနနဲ႔ အၾကမ္းဖက္စစ္ေကာင္စီရဲ့ ျပပြဲတက္ေရာက္တဲ့ လုပ္ငန္းရွင္ေတြကိုေရာ၊ ဝင္ေရာက္ျပသတဲ့ သူေတြကိုေ

ရာ စာရင္းျပဳစုထားၿပီး အေရးယူသြားမွာ ျဖစ္ပါတယ္” ဟု ၎က ေျပာသည္။

အဆိုပါ ျပပြဲတြင္ ေက်ာက္စိမ္းအရိုင္း အတြဲေပါင္း ၇၈၀ခန႔္ႏွင့္ ပုလဲတြဲေပါင္း ၃၃၀ ခန႔္ကို တင္ဒါစနစ္ျဖင့္ ေရာင္းခ်

သြားမည္ျဖစ္ၿပီး တ႐ုတ္ကုန္သည္အမ်ားစုတက္ေရာက္မည္ဟု ခန႔္မွန္းထားၾကသည္။