ၾကားသိသမွ်
မြန်မာ့ PDF နဲ့ ဒီတော်လှန်ရေးကြီး’ ကို ကမ္ဘာ့မီဒီယာတွေ ပိုသိ၊ ပိုစိတ်ဝင်စားလာစေဖို့ အခု Music Video ကိုလွတ်လပ်စွာ ကူးယူပြန့်ပွားပေးကြပါရန်..
ပြင်သစ် မီဒီယာတစ်ခုက ” PDF တွေရဲ့ တော်လှန်ရေးအကြောင်းကို ကမ္ဘာ့မီဒီယာတွေက သိပ်မသိကြဘူး” လို့ ပြောဖူးပါတယ်။
အခု ဒီသီချင်းဗွီဒီယိုဟာ – နိုင်ငံတကာမှာ နားယဉ်ပြီးသား Buffalo Soldier သီချင်းကိုမှ စာသားပြောင်းထားပြီး … ဗွီဒီယိုကိုလည်း ပေါ့
ပေါ့ပါးပါးလေး ကြည့်ဖြစ်၊ များများ share ဖြစ်သွားစေဖို့ရာ ဖန်တီးထားတာပါ။
ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများက မီဒီယာများ၊ လွှတ်တော်အမတ်များဟာ – ‘သူတို့နိုင်ငံသားတွေ social media ပေါ်မှာ ဘာကို စိတ်ဝင်စားနေ
ကြတယ်’ ဆိုတာကို အစဉ် နားစွင့်ထားလေ့ရှိကြပါတယ်။
ဥပမာအားဖြင့် ၂၀၂၁ အစောပိုင်း ကိုရီးယားက မြန်မာ့အရေးလှုပ်ရှားမှုတွေဟာ ကိုရီးယားနိုင်ငံသားတွေ စိတ်ဝင်စားလာအောင် ဆွဲဆောင်
နိုင်ခဲ့လို့ သူတို့ဆီက မီဒီယာတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ ပါဝင်ပတ်သက်မှုတွေကို ပိုမိုရရှိခဲ့ပါတယ်။
ကမ္ဘာ့နေရာအနှံ့က မြန်မာ့ညီအကို မောင်နှမများအနေနဲ့ မိမိတို့ရဲ့ နိုင်ငံခြားသားမိတ်ဆွေများအကြားမှာ – ‘ ကိုယ်တွေလို middle class
တွေ အများအပြားပါဝင် နေတဲ့ မြန်မာ့ PDF နဲ့ ဒီတော်လှန်ရေးကြီး’ ကို ပိုသိ၊ ပိုစိတ်ဝင်စားလာစေဖို့ .. အခု Music Video ကို social
media များပေါ်မှာ တင်ပေးခြင်း၊ နည်းအမျိုးမျိုးနဲ့ ပြန့်ပွားအောင် share ပေးခြင်းများ ပြုလုပ်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ …
(စာကြွင်း – အောင်နိမိတ်ကောင်းနဲ့ ‘ကျွဲမင်းစစ်ဆေးရေး’ ကို ဂုဏ်ပြုသလိုလည်း ဖြစ်သွားခဲ့ပါတယ်။)
လွတ်လပ်စွာ ကူးယူပြန့်ပွားပေးကြပါရန်..