ၾကားသိသမွ်

မယ်ထော်သလေးတွင် KNLA နှင့် စစ်တပ် ပစ်ခတ်မှုများစတင်ဖြစ်၊ စစ်ကောင်စီတပ်ဘက်မှ BGF နယ်ခြားစောင့်များ ပူးပေါင်းပါဝင်လာ (ရုပ်/သံ)

မယ်ထော်သလေးတွင် KNLA နှင့် စစ်တပ် ပစ်ခတ်မှုများစတင်ဖြစ်၊ စစ်ကောင်စီတပ်ဘက်မှ BGF နယ်ခြားစောင့်များ ပူးပေါင်းပါဝင်လာ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မယ်ထော်သလေးတွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီတပ်နှင့် KNLA တပ်များအကြား ပစ်ခတ်မှုများ စတင်

ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ BGF များ ပါဝင်လာကြောင်း ဒေသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့

ပြောဆိုသည်။

“မေတ္တာလင်းမြိုင်မှာ စစ်ကား ၁၀ စီးရောက်နေတယ်။ လေ့ကေ့နားမှာ စစ်သား ၃၀လောက်ရှိတယ်…ထပ်ဆိုင်ဖို့ပြင်နေတယ်။မယ်ထော်

သလေး ဘက်မှာတော့ ပစ်နေတယ် အသံ ၂ ချက်လောက်ကြားလိုက်ရတယ်။ ဗယ်ဟီးကလော်နဲ့ မယ်ထော်သလေး ဘက်မှာ ထိတွေ့မှုစပြီ။

BGF ပါလာပြီ။ စစ်တပ်နဲ့ BGF ပေါင်း ၁၅၀ အင်အားရှိတယ်။

စစ်တပ်နဲ့ BGF က အဲဒီဘက်ကနေ အင်အား ၁၅၀ နဲ့ ဝင်ဖို့လုပ်နေတာ။ လေးကေ့ကော် ၃ ရပ်ကွက်ဘက်မှာ စစ်သားတွေရှိနေတုန်းပဲ။ အိမ်

တွေထဲ ဝင်နေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင်မူ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်သူ ၂၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

မယ္ေထာ္သေလးတြင္ KNLA ႏွင့္ စစ္တပ္ ပစ္ခတ္မႈမ်ားစတင္ျဖစ္၊ စစ္ေကာင္စီတပ္ဘက္မွ BGF နယ္ျခားေစာင့္မ်ား ပူးေပါင္းပါဝင္လာ (႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၁၆

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ မယ္ေထာ္သေလးတြင္ ယေန႔ နံနက္ပိုင္း စစ္ေကာင္စီတပ္ႏွင့္ KNLA တပ္မ်ားအၾကား ပစ္ခတ္မႈ

မ်ား စတင္ျဖစ္ပြားလ်က္ရွိၿပီး စစ္ေကာင္စီတပ္ဘက္မွ BGF မ်ား ပါဝင္လာေၾကာင္း ေဒသတင္းရင္းျမစ္မ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာန

သို႔ ေျပာဆိုသည္။

“ေမတၱာလင္းၿမိဳင္မွာ စစ္ကား ၁၀ စီးေရာက္ေနတယ္။ ေလ့ေက့နားမွာ စစ္သား ၃၀ေလာက္ရွိတယ္…ထပ္ဆိုင္ဖို႔ျပင္ေနတယ္။မယ္ေ

ထာ္သေလး ဘက္မွာေတာ့ ပစ္ေနတယ္ အသံ ၂ ခ်က္ေလာက္ၾကားလိုက္ရတယ္။ ဗယ္ဟီးကေလာ္နဲ႔ မယ္ေထာ္သေလး ဘက္မွာ ထိေ

တြ႕မႈစၿပီ။ BGF ပါလာၿပီ။ စစ္တပ္နဲ႔ BGF ေပါင္း ၁၅၀ အင္အားရွိတယ္။

စစ္တပ္နဲ႔ BGF က အဲဒီဘက္ကေန အင္အား ၁၅၀ နဲ႔ ဝင္ဖို႔လုပ္ေနတာ။ ေလးေက့ေကာ္ ၃ ရပ္ကြက္ဘက္မွာ စစ္သားေတြရွိေနတုန္းပဲ။ အိမ္ေ

တြထဲ ဝင္ေနတယ္” ဟု ေဒသသတင္းရင္းျမစ္က ေျပာသည္။

လက္ရွိတြင္မူ တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပး တိမ္းေရွာင္သူ ၂၀၀၀ နီးပါးရွိေနၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။