ၾကားသိသမွ်

အကြမ်းဖက်စစ်တပ်ရဲ့ ဓာတ်ပြားဟောင်းကြီးနဲ့ တရုတ်ရဲ့ စနက်

အကြမ်းဖက်စစ်တပ်ရဲ့ ဓာတ်ပြားဟောင်းကြီးနဲ့ တရုတ်ရဲ့ စနက်

ကရင်ပြည်နယ်၊ လေးကေ့ကော်မှာ မနေ့ ဒီဇင်ဘာ ၁၅ ရက် မနက် ၁၁ နာရီခန့်က စလို့ KNLA နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ

ဖြစ်ပွားခဲ့တာ အားလုံးသိပြီးဖြစ်ပါတယ်။

အဆိုပါနေ့မတိုင်မီ ဒီဇင်ဘာ ၁၄ ရက်မှာတော့ အကြမ်းဖက်စစ်တပ်က လေးကေ့ကော်ကို ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး လွှတ်တော်

ကိုယ်စားလှယ်၊ CDM ဆရာဝန်တစ်ဦးအပါအဝင် ၂၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဒီဖမ်းဆီးမှုကို ပြုလုပ်ချိန်မှာ အကြမ်းဖက်စစ်တပ်က ၎င်းတို့ ရှာဖွေစရာ ရှိတဲ့သူကိုသာ ရှာဖွေမှာဖြစ်ပြီး သေနတ်တစ်ချက်တောင်ဖောက်မှာ

မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။


ဒါပေမယ့် ဒီဇင်ဘာ ၁၅ မှာတော့ အကြမ်းဖက်စစ်တပ်က စတင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒီလို

တိုက်ခိုက်နေချိန်မှာပဲ နေ့လယ် ၁ နာရီခွဲခန့်လောက်မှာ စစ်ကောင်စီကို ထောက်ခံတဲ့သူတွေရဲ့ ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ သတင်း

မှားဝါဒဖြန့်တာတွေကို တပြိုင်နက်ဆိုသလို ပြုလုပ်ခဲ့ကြပါတယ်။

ယင်းဖြစ်ရပ်တွေဖြစ်ပေါ်နေချိန် ဒီဇင်ဘာ ၁၅ တစ်နေ့ထဲမှာပဲ အကြမ်းဖက်စစ်တပ်က မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ သိကြတဲ့

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၇ဖွဲ့ ပါဝင်တဲ့ FPNCC အဖွဲ့ဝင် အများစုနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ တွေ့ဆုံ

ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲမှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ထဲက ၆ဖွဲ့သာ အကြမ်းဖက်စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ပြီး ဘာတွေဆွေးနွေးခဲ့ကြတယ်ဆို

တာကိုတော့ မသိရှိရသေးပါဘူး။

ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ MMDAA ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်နေချိန် အခုလို

တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်သလို ဒါဟာ တရုတ်ရဲ့ နောက်ကွယ်က စနက်နဲ့ မကင်းဘူးဆိုတာ သိသာစေပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ယခင်နည်းတွေအတိုင်း အခြားတစ်ဖက်မှာ စစ်မျက်နှာဖွင့်နေရင် ကျန်အခြားတစ်ဖက်မှာ အပစ်ရပ်ကြောင်း

ကြေညာပြီး ချွေးသိပ်လေ့ရှိတာဟာ မင်းအောင်လှိုင် အာဏာစရခဲ့တဲ့ ၂၀၁၁ ခုနှစ် ကနေ လက်ရှိအချိန်ထိ ကျင့်သုံးလာတဲ့ ဓာတ်ပြားဟောင်း

ပဲဖြစ်ပါတယ်။


ဒါ့အပြင် စစ်မျက်နှာဖွင့်ခြင်းကို ၎င်းတို့ကသာ စလုပ်လေ့ရှိပြီး တိုက်ပွဲနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပဲ စတင်သလို

သတင်းအမှားဝါဒဖြန့်တာတွေကိုလည်း ပြုလုပ်လေ့ရှိပါတယ်။

တဖက်မှာလည်း တရုတ်ဟာ ၎င်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲဖြစ်

တာကို မလိုလားပဲ တိုက်ပွဲဖြစ်ပွားခြင်းတွေက ၎င်းရဲ့ အကျိုးစီးပွားကို ထိခိုက်စေတာကြောင့်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် လေးကေ့ကော်မှာ တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက်စစ်တပ်ကို မြောက်ပိုင်းအဖွဲ့တွေနဲ့ သွားရောက်တွေ့ဆုံဖို့ ဖိအားပေးခဲ့ပုံရ

တယ်လို့ ယူဆနိုင်ပါတယ်။


နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူးဆိုတဲ့ စကားအတိုင်းပဲ အခုဖြစ်ရပ်ဟာလည်း တိုက်ဆိုင်မှုတစ်ခုမဟုတ်တာတော့ အသေအချာပဲ

ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ တော်လှန်ရေးကို အောင်မြင်ချင်တယ်ဆိုရင် စစ်ကောင်စီကို တော်လှန်နေကြတဲ့ အဖွဲ့အစည်း

တွေကို နိုင်တဲ့ဘက်က ကူညီကြဖို့လိုအပ်ပါတယ်။

အကြမ်းဖက်စစ်တပ်ကတော့ ၎င်းရဲ့ ဓာတ်ပြားဟောင်းတွေအတိုင်း လုပ်ဆောင်ရင်း အကြမ်းဖက်စစ်ရာဇဝတ်မှုတွေကို ဆက်လက်

ကျူးလွန်နေဦးမှာဖြစ်သလို ၎င်းတို့ကို နောက်ကွယ်ကနေ သွယ်ဝိုက်ထောက်ခံပေးနေတဲ့ တရုတ်ကိုလည်း ပြည်သူတွေက ဆန့်ကျင်ကြဖို့

လိုတဲ့အကြောင်း ထပ်လောင်းတိုက်တွန်းလိုက်ရပါတယ်။

Zawgyi

အၾကမ္းဖက္စစ္တပ္ရဲ့ ဓာတ္ျပားေဟာင္းႀကီးနဲ႔ တ႐ုတ္ရဲ့ စနက္

ကရင္ျပည္နယ္၊ ေလးေက့ေကာ္မွာ မေန႔ ဒီဇင္ဘာ ၁၅ ရက္ မနက္ ၁၁ နာရီခန႔္က စလို႔ KNLA နဲ႔ အၾကမ္းဖက္စစ္တပ္တို႔ တိုက္ပြဲေတြျဖစ္ပြားခဲ့တာ အားလုံးသိၿပီးျဖစ္ပါတယ္။

အဆိုပါေန႔မတိုင္မီ ဒီဇင္ဘာ ၁၄ ရက္မွာေတာ့ အၾကမ္းဖက္စစ္တပ္က ေလးေက့ေကာ္ကို ဝင္ေရာက္ရွာေဖြမႈေတြျပဳလုပ္ခဲ့ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္၊ CDM ဆရာဝန္တစ္ဦးအပါအဝင္ ၂၃ ဦးကို ဖမ္းဆီးခဲ့ပါတယ္။

ဒီဖမ္းဆီးမႈကို ျပဳလုပ္ခ်ိန္မွာ အၾကမ္းဖက္စစ္တပ္က ၎တို႔ ရွာေဖြစရာ ရွိတဲ့သူကိုသာ ရွာေဖြမွာျဖစ္ၿပီး ေသနတ္တစ္ခ်က္ေတာင္ေဖာက္မွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ ဒီဇင္ဘာ ၁၅ မွာေတာ့ အၾကမ္းဖက္စစ္တပ္က စတင္ၿပီး လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တာပါ။ ဒီလိုတိုက္ခို

က္ေနခ်ိန္မွာပဲ ေန႔လယ္ ၁ နာရီခြဲခန႔္ေလာက္မွာ စစ္ေကာင္စီကို ေထာက္ခံတဲ့သူေတြရဲ့ ဆိုရွယ္မီဒီယာ Facebook ေပၚမွာ သတင္းမွားဝါဒျဖန႔္တာေတြကို တၿပိဳင္နက္ဆိုသလို ျပဳလုပ္ခဲ့ၾကပါတယ္။

ယင္းျဖစ္ရပ္ေတြျဖစ္ေပၚေနခ်ိန္ ဒီဇင္ဘာ ၁၅ တစ္ေန႔ထဲမွာပဲ အၾကမ္းဖက္စစ္တပ္က ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕လို႔ သိၾကတဲ့ တို

င္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႕ ၇ဖြဲ႕ ပါဝင္တဲ့ FPNCC အဖြဲ႕ဝင္ အမ်ားစုနဲ႔ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းလားၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။

ေတြ႕ဆုံပြဲမွာေတာ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ ၇ ဖြဲ႕ထဲက ၆ဖြဲ႕သာ အၾကမ္းဖက္စစ္ေကာင္စီနဲ႔ ေတြ႕ဆုံခဲ့ၿပီး ဘာေတြေဆြးေႏြးခဲ့ၾကတယ္ဆိုတာကိုေတာ့ မသိရွိရေသးပါဘူး။

ခ်င္းျပည္နယ္၊ ကရင္ျပည္နယ္၊ စစ္ကိုင္းတိုင္းနဲ႔ MMDAA ထိန္းခ်ဳပ္နယ္ေျမေတြမွာ စစ္ေကာင္စီတပ္ေတြနဲ႔ တိုက္ခိုက္ေနခ်ိန္

အခုလို ေတြ႕ဆုံေဆြးေႏြးမႈေတြကို ျပဳလုပ္ခဲ့တာျဖစ္သလို ဒါဟာ တ႐ုတ္ရဲ့ ေနာက္ကြယ္က စနက္နဲ႔ မကင္းဘူးဆိုတာ သိသာေစပါတယ္။

အၾကမ္းဖက္စစ္တပ္ဟာ ယခင္နည္းေတြအတိုင္း အျခားတစ္ဖက္မွာ စစ္မ်က္ႏွာဖြင့္ေနရင္ က်န္အျခားတစ္ဖက္မွာ အပစ္ရပ္ေၾကာင္း ေၾ

ကညာၿပီး ေခၽြးသိပ္ေလ့ရွိတာဟာ မင္းေအာင္လွိုင္ အာဏာစရခဲ့တဲ့ ၂၀၁၁ ခုႏွစ္ ကေန လက္ရွိအခ်ိန္ထိ က်င့္သုံးလာတဲ့ ဓာတ္ျပားေဟာင္းပဲျဖစ္ပါတယ္။

ဒါ့အျပင္ စစ္မ်က္ႏွာဖြင့္ျခင္းကို ၎တို႔ကသာ စလုပ္ေလ့ရွိၿပီး တိုက္ပြဲနဲ႔ ပတ္သက္လို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကပဲ စတင္သလို သတင္းအမွားဝါဒျဖန႔္တာေတြကိုလည္း ျပဳလုပ္ေလ့ရွိပါတယ္။

တဖက္မွာလည္း တ႐ုတ္ဟာ ၎နဲ႔ နယ္နိမိတ္ထိစပ္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ့ ထိန္းခ်ဳပ္နယ္ေျမေတြမွာ တိုက္ပြဲျဖစ္တာကို မလိုလားပဲ တိုက္ပြဲျဖစ္ပြားျခင္းေတြက ၎ရဲ့ အက်ိဳးစီးပြားကို ထိခိုက္ေစတာေၾကာင့္ပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ေလးေက့ေကာ္မွာ တိုက္ပြဲျဖစ္ပြားေနခ်ိန္ အၾကမ္းဖက္စစ္တပ္ကို ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ သြားေရာက္ေတြ႕ဆုံဖို႔ ဖိအားေပးခဲ့ပုံရတယ္လို႔ ယူဆနိုင္ပါတယ္။

နိုင္ငံေရးမွာ တိုက္ဆိုင္တယ္ဆိုတာ မရွိဘူးဆိုတဲ့ စကားအတိုင္းပဲ အခုျဖစ္ရပ္ဟာလည္း တိုက္ဆိုင္မႈတစ္ခုမဟုတ္တာေတာ့ အေသအခ်ာပဲျဖစ္ပါတယ္။

ျပည္သူေတြအေနနဲ႔ကေတာ့ ေတာ္လွန္ေရးကို ေအာင္ျမင္ခ်င္တယ္ဆိုရင္ စစ္ေကာင္စီကို ေတာ္လွန္ေနၾကတဲ့ အဖြဲ႕အစည္းေတြကို နိုင္တဲ့ဘက္က ကူညီၾကဖို႔လိုအပ္ပါတယ္။

အၾကမ္းဖက္စစ္တပ္ကေတာ့ ၎ရဲ့ ဓာတ္ျပားေဟာင္းေတြအတိုင္း လုပ္ေဆာင္ရင္း အၾကမ္းဖက္စစ္ရာဇဝတ္မႈေတြကို ဆက္လက္က်ဴးလြ

န္ေနဦးမွာျဖစ္သလို ၎တို႔ကို ေနာက္ကြယ္ကေန သြယ္ဝိုက္ေထာက္ခံေပးေနတဲ့ တ႐ုတ္ကိုလည္း ျပည္သူေတြက ဆန႔္က်င္ၾကဖို႔ လိုတဲ့အေၾကာင္း ထပ္ေလာင္းတိုက္တြန္းလိုက္ရပါတယ္။