ၾကားသိသမွ်

“စစ်သူပုန်နိဂုံးအစပျိုးခြင်းလား …”

“စစ်သူပုန်နိဂုံးအစပျိုးခြင်းလား …”

စစ်သူပုန်ဆင်းသက်လာခဲ့တဲ့စစ်တပ်ဟာ ဗမာပြည်လွတ်လပ်ပြီးတဲ့အချိန်မှာ ကရင်စစ်မှုထမ်းအမြောက်အများနဲ့ဖွဲ့စည်းထားခဲ့တာပါ။

ပထမဦးဆုံးစစ်ဦးစီးချုပ်ဆိုရင် ကရင်လူမျိုးဗိုလ်စမစ်ဒွန်းဖြစ်ပါတယ်။ ပြောရရင် ကရင်တွေဟာစစ်နဲ့အင်မတန်ယဉ်ပါးကြသူတွေဖြစ်ပါ

တယ်။

ဒါကြောင့် စစ်အုပ်စုဓမြဂိုဏ်းအဆက်ဆက်ဟာ ကရင်ကိုကြောက်ပါတယ်။

စောဘဦးကြီးလို ဇ မျိုးကိုလည်းမြင်ဖူးထားလေတော့ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်တလျှောက်လုံးမှာ ကရင်ကိုအတော်ချိနဲ့

အောင်လုပ်ထားခဲ့တာပါ။ တကယ်တော့ မွန်၊ ကရင်၊ တနင်္သာရီဒေသတွေဟာ စစ်အစိုးရအဆက်ဆက်ကိုအာခံခဲ့ကြတဲ့ဘူမိနက်သန်ဒေသ

များပါဘဲ။ အခုတော့တကျော့ပြန်လာခဲ့ပါပြီ။

တချိန်က စစ်အစိုးရအဆက်ဆက်ကဝါဒဖြန့်လို့ တနိုင်ငံလုံးလွမ်းခြုံပြီး သူပုန်ဆိုကြောက်ရွံ့ကြရာကနေ စစ်တပ်ရဲ့ရန်သူဖြစ်ကြတဲ့

တိုင်းရင်းသားအဖွဲ့ပေါင်းစုံဟာ ‘ပြည်သူ့မိတ်ဆွေမှန်း’ တပြည်လုံးသိသွားကြပါပြီ။ တကယ့်နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ခဲ့တဲ့ မင်း

အောင်လှိုင်တို့အဖွဲ့ဟာ သူပုန်စစ်စစ်၊ သူခိုးစစ်စစ်၊ ဓားပြစစ်စစ်များဖြစ်ကြောင်းလည်း သောင်းတိုက်ကကြားခဲ့ပါပြီ။ ဒီအခင်းအကျင်းထဲမှာ

မှ ဒီထိုးစစ်ကိုအစပျိုးရဲတဲ့စစ်သူပုန်ရဲ့လက်တံများဟာ သေမယ့်အပတ်စစ်ထဲဝင်တာပါဘဲ။

မွန်၊ ကရင်၊ တနင်္သာရီဒေသထဲမှာ ကရင်လက်နက်ကိုင်အဖွဲ့အမျိုးမျိုးရှိပါတယ်၊ အေဘီအဖွဲ့လည်းရှိပါတယ်၊ ဒေသခံ PDF များလည်းရှိပါ

တယ်၊ ရိန်းဂျားများလည်းရှိပါတယ်၊ ပြည်တွင်းပြည်ပကရောက်ရှိနေတဲ့ ဗော်လန်တီယာစစ်သည်များလည်းရှိပါတယ်။ စစ်သူပုန်

အကိုင်အတွယ်မတတ်ရင် စစ်ကိုင်း၊ ချင်း အစရှိတဲ့ဒေသများနည်းတူ ဒီဒေသသည်လည်း လွတ်မြောက်နယ်မြေတခုဖြစ်လာနိုင်ပါသေး

တယ်။ တနည်းအားဖြင့် စစ်သူပုန်ရဲ့နိဂုံးအစပျိုးချိန်ပေါ့လေ။

ကြိုဆိုပါတယ်။

တပ်ပေါင်းစုရဲ့အောင်ပွဲမှန်သမျှဟာ စစ်သူပုန်ကျဆုံးခြင်းနဲ့တိုက်ရိုက်အချိုးကျတာမို့ ရာနှုန်းပြည့်အားပေးနေပါကြောင်း ….. ။ ။

လေးစားလျက်

ကိုထင် (ခ) လင်းမြတ်

Zawgyi

“စစ္သူပုန္နိဂုံးအစပ်ိဳးျခင္းလား …”

စစ္သူပုန္ဆင္းသက္လာခဲ့တဲ့စစ္တပ္ဟာ ဗမာျပည္လြတ္လပ္ၿပီးတဲ့အခ်ိန္မွာ ကရင္စစ္မႈထမ္းအေျမာက္အမ်ားနဲ႔ဖြဲ႕စည္းထားခဲ့တာပါ။

ပထမဦးဆုံးစစ္ဦးစီးခ်ဳပ္ဆိုရင္ ကရင္လူမ်ိဳးဗိုလ္စမစ္ဒြန္းျဖစ္ပါတယ္။ ေျပာရရင္ ကရင္ေတြဟာစစ္နဲ႔အင္မတန္ယဥ္ပါးၾကသူေတြျဖစ္ပါတယ္။

ဒါေၾကာင့္ စစ္အုပ္စုဓျမဂိုဏ္းအဆက္ဆက္ဟာ ကရင္ကိုေၾကာက္ပါတယ္။

ေစာဘဦးႀကီးလို ဇ မ်ိဳးကိုလည္းျမင္ဖူးထားေလေတာ့ မဆလေခတ္၊ နဝတေခတ္၊ နအဖေခတ္တေလၽွာက္လုံးမွာ ကရင္ကိုအေတာ္ခ်ိနဲ႔ေ

အာင္လုပ္ထားခဲ့တာပါ။ တကယ္ေတာ့ မြန္၊ ကရင္၊ တနသၤာရီေဒသေတြဟာ စစ္အစိုးရအဆက္ဆက္ကိုအာခံခဲ့ၾကတဲ့ဘူမိနက္သန္ေဒသမ်ားပါ

ဘဲ။ အခုေတာ့တေက်ာ့ျပန္လာခဲ့ပါၿပီ။

တခ်ိန္က စစ္အစိုးရအဆက္ဆက္ကဝါဒျဖန္႔လို႔ တနိုင္ငံလုံးလြမ္းျခဳံၿပီး သူပုန္ဆိုေၾကာက္ရြံ့ၾကရာကေန စစ္တပ္ရဲ့ရန္သူျဖစ္ၾကတဲ့တိုင္းရင္း

သားအဖြဲ႕ေပါင္းစုံဟာ ‘ျပည္သူ႔မိတ္ေဆြမွန္း’ တျပည္လုံးသိသြားၾကပါၿပီ။ တကယ့္နိုင္ငံေတာ္ပုန္ကန္မႈက်ဴးလြန္ခဲ့တဲ့ မင္းေအာင္လွိုင္

တို႔အဖြဲ႕ဟာ သူပုန္စစ္စစ္၊ သူခိုးစစ္စစ္၊ ဓားျပစစ္စစ္မ်ားျဖစ္ေၾကာင္းလည္း ေသာင္းတိုက္ကၾကားခဲ့ပါၿပီ။ ဒီအခင္းအက်င္းထဲမွာမွ

ဒီထိုးစစ္ကိုအစပ်ိဳးရဲတဲ့စစ္သူပုန္ရဲ့လက္တံမ်ားဟာ ေသမယ့္အပတ္စစ္ထဲဝင္တာပါဘဲ။

မြန္၊ ကရင္၊ တနသၤာရီေဒသထဲမွာ ကရင္လက္နက္ကိုင္အဖြဲ႕အမ်ိဳးမ်ိဳးရွိပါတယ္၊ ေအဘီအဖြဲ႕လည္းရွိပါတယ္၊ ေဒသခံ PDF မ်ားလည္းရွိပါ

တယ္၊ ရိန္းဂ်ားမ်ားလည္းရွိပါတယ္၊ ျပည္တြင္းျပည္ပကေရာက္ရွိေနတဲ့ ေဗာ္လန္တီယာစစ္သည္မ်ားလည္းရွိပါတယ္။ စစ္သူပုန္အကိုင္အတြယ္မတတ္ရ

င္ စစ္ကိုင္း၊ ခ်င္း အစရွိတဲ့ေဒသမ်ားနည္းတူ ဒီေဒသသည္လည္း လြတ္ေျမာက္နယ္ေျမတခုျဖစ္လာနိုင္ပါေသးတယ္။ တနည္း

အားျဖင့္ စစ္သူပုန္ရဲ့နိဂုံးအစပ်ိဳးခ်ိန္ေပါ့ေလ။

ႀကိဳဆိုပါတယ္။

တပ္ေပါင္းစုရဲ့ေအာင္ပြဲမွန္သမၽွဟာ စစ္သူပုန္က်ဆုံးျခင္းနဲ႔တိုက္ရိုက္အခ်ိဳးက်တာမို႔ ရာႏႈန္းျပည့္အားေပးေနပါေၾကာင္း ….. ။ ။

ေလးစားလ်က္

ကိုထင္ (ခ) လင္းျမတ္