ၾကားသိသမွ်
အမေရိကန် -မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲနဲ့ သတင်းစာရှင်းလင်းပွဲအကျဉ်းချုပ်
မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့မှုအပေါ် အမေရိကန်က မကြာခင်ကြေညာဖွယ်ရှိ”
”ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ဖို့ မြန်မာစစ်တပ်ကို အချိန်ကန့်သတ်သတ်မှတ်မယ်”
(အမေရိကန် -မလေးရှားနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲနဲ့ သတင်းစာရှင်းလင်းပွဲအကျဉ်းချုပ်)
၁၅ ဒီဇင်ဘာ ၂၀၂၁
”မြန်မာအခြေအနေဟာ ပိုဆိုးလာတယ်။ အာဏာသိမ်းစစ်တပ်ကို အမေရိကန်က ဆက်လက်ပိတ်ဆို့ဖိအားပေး ဒဏ်ခတ်မယ်
မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်ဆိုတဲ့အပေါ် အမေရိကန်က သေချာစစ်ဆေးလေ့လာနေပြီး မကြာခင်
ဆုံးဖြတ်ကြေညာမယ်။
မြန်မာစစ်တပ်အပေါ် အစုအဖွဲ့နဲ့ရော အမေရိကန်တနိုင်ငံထဲအနေနဲ့ရော မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီဆန္ဒကို ရအောင်ကူညီအကောင်အ
ထည်ဖေါ်မယ်။ လာမယ့်အပတ်နဲ့ လတွေဟာ အရေးကြီးဆုံးကာလတွေဖြစ်လာလိမ့်မယ်။ (Antony Blinken အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး)
”အာဆီယံဟာ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် မူလသတ်မှတ်ထားတဲ့ ပြည်တွင်းရေးဝင်မစွက်ရေးအခြေခံမူတွေကို ပြန်လည်စဉ်းစားသင့်ပါပြီ။
အထူးသဖြင့် လက်ရှိမြန်မာနိုင်ငံနဲ့ပတ်သက်ရင် မူဝါဒတွေကို ပြတ်ပြတ်သားသားချဖို့လိုနေပြီ။ ဇန်နဝါရီ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မယ်။
မြန်မာစစ်တပ်က အာဆီယံကိုပေးထားတဲ့ကတိတွေကို ဘယ်အချိန်မှာ အပြီးအကောင်အထည်ဖေါါရမယ်ဆိုတာ အချိန်ကန့်သတ်
သတ်မှတ်မယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို အာဆီယံမှာ မလေးရှားနိုင်ငံက အများဆုံးလက်ခံထားရပြီး မြန်မာနိုင်ငံမတည်ငြိမ်သရွေ့ ဒုက္ခသည်တွေပြန်လို့ရ
မှာမဟုတ်။
(Datuk Saifuddin Abdullah မလေးရှားနိုင်ငံခြားရေးဝန်ကြီး)
၁၅ ဒီဇင်ဘာ ၂၀၂၁
ဆုံးဖြတ်ကြေညာမယ်။
ဝန်ကြီး)
န်လို့ရမှာမဟုတ်။