ၾကားသိသမွ်

ရဲတိုက် ရုံးထုတ်စဉ် သတိလစ်မေ့မြော၊ ဖမ်းဆီးခံဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသပေးလိုက်နိုင်

အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်ကို ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်က အင်းစိန်ထောင်တွင်းအထူး

တရားရုံး (လသာမြို့နယ်တရားခွင် ) မှာ ရုံးထုတ်စစ်ဆေးစဉ် သတိလစ်မေ့လဲသွားတာကြောင့် အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသခဲ့ရတယ်လို့

သူ့အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။


ဒီနေ့မနက် ၁၁ နာရီလောက်မှာ ထောင်တွင်းအထူးတရားရုံးမှာ ရဲတိုက်ကို ရုံးထုတ်လာစဉ် ကိုယ်ပူဖျားနာနေပြီး အားလည်းမရှိကြောင်း၊ အဲဒီ

နောက် အထူးတရားရုံးတရားခွင်အတွင်းမှာပဲ သတိလစ်မေ့မြောသွားကြောင်း၊ အဲဒီလိုမေ့မြောနေချိန်မှာ သူနဲ့တစ်ချိန်တည်းရုံးထုတ်ပြီး

တရားခွင်ထဲ စစ်ဆေးခံနေရတဲ့ ရန်ကုန်ဆေးရုံကြီးက ဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးက အရေးပေါ်ကုသမှုတွေပေးခဲ့ကြောင်း ဦးခင်

မောင်မြင့်က ခုလိုပြောပါတယ်။


“ကံကောင်းသွားတာက ဒေါက်တာမော်မော်ဦး ရှိနေတာကြောင့် လိုအပ်တဲ့ ကုသမှုတွေ ပေးနိုင်သွားတယ်။ အဲဒီဆရာဝန်ကြီးသာ ဒီနေ့

တရားခွင်မှာ ရုံးထုတ်မပါလာရင် ရဲတိုက်အခြေအနေက မလွယ်ဘူး။ ရဲတိုက်က လျှာလည်းလိပ်ပြီးခေါက်နေတယ်။ သွေးတွေလည်းထွက်

နေတယ်။

ဆရာဝန်ကြီးကလည်း လသာတရားခွင်မှာ စစ်ဆေးခံနေရင်း ရဲတိုက်ကို အရေးပေါ်ကုသပေးလိုက်နိုင်တာပါ။ ဆရာဝန်ကြီး အဲဒီလို ကုသ

ပေးပြီးတဲ့နောက်မှာ တရားသူကြီးနဲ့ရှေ့နေတွေကိုခွင့်တောင်းပြီးမှ ရဲတိုက်ကို အင်းစိန်ဆေးရုံကိုပို့ပေးတယ်။ အင်းစိန်ဆေးရုံရောက်ပြီး ၂

နာရီလောက်နေတော့ ပြန်သတိရတယ်” လို့ ဦးခင်မောင်မြင့်က ရှင်းပြပါတယ်။

ရန်ကုန်ဆေးရုံကြီး ၊ အရေးပေါ်ဌာနတာဝန်ခံ၊ ပါမောက္ခ ဒေါက်တာမော်မော်ဦးဟာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရပြီး ပုဒ်မ ၅၀၅-

က နဲ့ စစ်ကောင်စီက တရားစွဲဆိုထားကာ အခုလို အင်းစိန်ထောင်တွင်းက အထူးတရားရုံးမှာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဆရာဝန်ကြီး

ဟာ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကာလ ဇူလိုင်လတုန်းက အင်းစိန်ထောင်တွင်း ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရပြီး ကုသမှု ခံယူထားရသူ ဖြစ်ပါ

တယ်။


ရဲတိုက်ကိုတော့ လိုအပ်တဲ့ကုသမှုတွေပေးနိုင်ဖို့ အင်းစိန်ဆေးရုံကနေ မြောက်ဥက္ကလာဆေးရုံကိုလွှဲပြောင်းခဲ့ပြီး ရှေ့နေတွေဘက်ကတော့

ရဲတိုက်ရဲ့ ကျန်းမာရေးအခြေအနေအရ သုံးရက် ၊ ဒါမှမဟုတ် တစ်ပတ်အထိ အင်းစိန် ဆေးရုံမှာ စောင့်ကြည့်ကုသပေးဖို့ အင်းစိန်ဆေးရုံအုပ်

ကြီးကိုတော့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ အခု ညနေပိုင်းမှာတော့ ရဲတိုက်ကို မြောက်ဥက္ကလာပဆေးရုံကနေ အင်းစိန်ထောင်တွင်း ပြန်လည်ပို့ဆောင်လိုက်တယ်လို့ သိရ

ကြောင်း ဦးခင်မောင်မြင့်ကပြောပါတယ်။

ဒီနေ့ တရားခွင်မှာ ရဲတိုက်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အမှုမှာတရားရှင်လွှတ်သင့်ကြောင်း လျှောက်လဲချက် ပေးဖို့ဖြစ်ပေမယ့် ခုလို

အခြေအနေတွေကြောင့် ရှေ့နေတွေဘက်က လျှောက်လဲချက်ကို စာနဲ့ တင်ပြခဲ့ပြီး တရားသူကြီးက လက်ခံခဲ့တယ်လို့ သိရတယ်။ ရဲတိုက်

ကို ပုဒ်မ ၅၀၅-က အပြင် မူးယစ်ပုဒ်မ ၁၆ (ဂ) နဲ့လည်း ဘုရင့်နောင်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ မူးယစ်မှုအတွက် ရုံးချိန်းကိုတော့

ဒီဇင်ဘာ ၂၃ ရက်ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။