ၾကားသိသမွ်

NUG နှင့် CRPH တို့ကို တားဆီးပေးရန် သဘောဆောင်သည့် စစ်ခေါင်းဆောင် ထုတ်ပြောမှု ‘၎င်း၏ ရှုံးနိမ့်မှုကို ပြသနေခြင်း’ ဟု ရှေ့နေများ သုံးသပ်

NUG နှင့် CRPH တို့ကို တားဆီးပေးရန် သဘောဆောင်သည့် စစ်ခေါင်းဆောင် ထုတ်ပြောမှု ‘၎င်း၏ ရှုံးနိမ့်မှုကို ပြသနေခြင်း’ ဟု ရှေ့နေ

များ သုံးသပ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စု လွှတ်တော်

ကိုယ်စားပြုကော်မတီ ( CRPH ) တို့အပေါ် တားဆီးပေးရန် သဘောဆောင်သည့်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန့်ခွန်းပြောဆိုမှုသည် ‘၎င်း၏ ရှုံးနိမ့်မှုကို ပြသနေခြင်းဖြစ်သည်’ ဟု တရားလွှတ်တော်

ရှေ့နေများက သုံးသပ်ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ၎င်းတို့၏ရှေ့နေများဖြင့် တွေ့ဆုံခွင့်ပေး

ထား၍ လက်ရှိနိုင်ငံရေးဖြစ်စဉ်များကို သိရှိမည်ဖြစ်ကြောင်း၊ NUG နှင့် CRPH တို့နှင့် ပတ်သက်၍ ရှေ့နေများမှတစ်ဆင့် မှတ်ချက်များပေး

ခွင့်ရှိကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်း

အောင်လှိုင်က ထိုသို့ပြောကြားခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်သည်။

“မျိုးစပါးတွေ ကြဲချသလို တိုက်ပွဲတွေက နေရာအနှံ့ဖြစ်နေတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က CRPH၊ NUG တို့ရဲ့ လုပ်ရပ်တွေနဲ့

ပတ်သက်လို့ ကန့်ကွက်တာဖြစ်ဖြစ် တစ်စုံတစ်ခုများ ပြောလိုက်ရင်ဖြင့် ဒီတိုက်ပွဲတွေက ငြိမ်များ ငြိမ်သွားမလားလို့ ဒီလိုစကားထုတ်လာ

တယ်လို့ မြင်တယ်။ သူတို့အတွက် အခြေအနေ မလှတော့ဘူး။

တိုက်ပွဲ တွေက နေရာအနှံ့ဖြစ်နေတဲ့ အကျပ်ဆိုက်တဲ့ အခြေအနေရောက်နေတဲ့အခါ ရှေ့ပြေးတရားလေးများ ဟောပေးမလားလို့

မျှော်လင့်ချက်နဲ့ ထုတ်ပြောတယ်လို့ ယူဆတယ်” ဟု အမည်မဖော်လိုသော တရားလွှတ်တော်ရှေ့နေ တစ်ဦးက သုံးသပ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အမှုအား လိုက်ပါ

ဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ကို အမှုအခြေအနေများနှင့် ပတ်သက်၍ မီဒီယာများတွင် ထုတ်ဖော်ပြောဆိုခြင်း မပြုရန် ပုဒ်မ ၁၄၄

အမိန့်ထုတ် ကန့်သတ်ပိတ်ပင်ပြီးနောက် စစ်ခေါင်းဆောင်က ထိုသို့ပြောကြားလာခြင်း ဖြစ်သည်။

ယင်းအပြင် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရ ထောင်ချောက်ဆင် တိုက်ခိုက်ခြင်း ဖြစ်နိုင်

ကြောင်းလည်း ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ကမ္ဘာကျော်ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီးက ဒါနဲ့ပတ်သက်လို့ ပေးလိုက်တဲ့မှတ်ချက်တစ်ခု၊ ပြည်သူလူထုနဲ့တကွ ရပ်တည်ကြောင်းပြော

လိုက်လို့ ငြိမ်းချမ်းရေးဆုရှင်ကြီးက ဒီလိုပြောပါတယ် ဆိုပြီးတော့ ပြစ်တင်ပုံချလိုတဲ့ အမှားကောက်လိုတဲ့ ပုံစံနဲ့ ထောင်ချောက်ဆင်တဲ့

စကားမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရင်ဆိုင်နေရ

သည့် အမှုများအနက် နိုင်ငံတော်အကြည်ညိုပျက်စေမှု

ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် နှစ်နှစ်စီနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်

နှစ်နှစ်စီ စုစုပေါင်း တစ်ဦးလျှင် ထောင်ဒဏ် လေးနှစ်စီ အမိန့်ချမှတ်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်

ထောင်ဒဏ်များချမှတ်နိုင်သည့် စုစုပေါင်း အမှု ၁၂ ခုဖြင့် တရားရင်ဆိုင်နေရသည်။
Source. Mizzima

Zawgyi

NUG ႏွင့္ CRPH တို႔ကို တားဆီးေပးရန္ သေဘာေဆာင္သည့္ စစ္ေခါင္းေဆာင္ ထုတ္ေျပာမႈ ‘၎၏ ရႈံးနိမ့္မႈကို ျပသေနျခင္း’ ဟု ေရွ႕ေနမ်ား သုံးသပ္

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ႏွင့္ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ( CRPH ) တို႔အေပၚ တားဆီးေပးရန္ သေဘာေဆာင္သည့္

အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္၏ မိန႔္ခြန္းေျပာဆိုမႈသည္ ‘၎၏ ရႈံးနိမ့္မႈကို ျပသေနျခင္းျဖစ္သည္’ ဟု တရားလႊတ္ေတာ္ေရွ႕ေနမ်ားက သုံးသပ္ေျပာဆိုသည္။

နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ၎တို႔၏ေရွ႕ေနမ်ားျဖင့္ ေ

တြ႕ဆုံခြင့္ေပးထား၍ လက္ရွိနိုင္ငံေရးျဖစ္စဥ္မ်ားကို သိရွိမည္ျဖစ္ေၾကာင္း၊ NUG ႏွင့္ CRPH တို႔ႏွင့္ ပတ္သက္၍ ေရွ႕ေနမ်ားမွတစ္ဆင့္ မွတ္ခ်က္မ်ားေပးခြင့္ရွိေၾကာင္း စစ္ေခါင္းေဆာင္က ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္း ျဖစ္သည္။

ယမန္ေန႔ ဒီဇင္ဘာလ ၁၃ ရက္ မြန္းလြဲပိုင္းက ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ စစ္ေကာင္စီအစည္းအေဝးတြင္ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္က ထိုသို႔ေျပာၾကားခဲ့ေၾကာင္း စစ္ေကာင္စီျပန္ၾကားေရးက ထုတ္ျပန္သည္။

“မ်ိဳးစပါးေတြ ၾကဲခ်သလို တိုက္ပြဲေတြက ေနရာအႏွံ့ျဖစ္ေနတဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္က CRPH၊ NUG တို႔ရဲ့ လုပ္ရပ္ေ

တြနဲ႔ ပတ္သက္လို႔ ကန႔္ကြက္တာျဖစ္ျဖစ္ တစ္စုံတစ္ခုမ်ား ေျပာလိုက္ရင္ျဖင့္ ဒီတိုက္ပြဲေတြက ၿငိမ္မ်ား ၿငိမ္သြားမလားလို႔ ဒီလိုစကားထုတ္လာတယ္လို႔ ျမင္တယ္။ သူတို႔အတြက္ အေျခအေန မလွေတာ့ဘူး။

တိုက္ပြဲ ေတြက ေနရာအႏွံ့ျဖစ္ေနတဲ့ အက်ပ္ဆိုက္တဲ့ အေျခအေနေရာက္ေနတဲ့အခါ ေရွ႕ေျပးတရားေလးမ်ား ေဟာေပးမ

လားလို႔ ေမၽွာ္လင့္ခ်က္နဲ႔ ထုတ္ေျပာတယ္လို႔ ယူဆတယ္” ဟု အမည္မေဖာ္လိုေသာ တရားလႊတ္ေတာ္ေရွ႕ေန တစ္ဦးက သုံးသပ္သည္။

အာဏာသိမ္း စစ္ေကာင္စီသည္ သမၼတဦးဝင္းျမင့္ႏွင့္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တို႔အမႈအား

လိုက္ပါေဆာင္ရြက္ေပးေနသည့္ ေရွ႕ေနအဖြဲ႕ကို အမႈအေျခအေနမ်ားႏွင့္ ပတ္သက္၍ မီဒီယာမ်ားတြင္ ထုတ္ေဖာ္ေျပာဆိုျခင္း မျပဳရန္ ပုဒ္မ ၁၄၄ အမိန႔္ထုတ္ ကန႔္သတ္ပိတ္ပင္ၿပီးေနာက္ စစ္ေခါင္းေဆာင္က ထိုသို႔ေျပာၾကားလာျခင္း ျဖစ္သည္။

ယင္းအျပင္ အာဏာသိမ္းစစ္ေခါင္းေဆာင္သည္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ နိုင္ငံေရးအရ ေထာင္ေခ်ာက္ဆင္ တိုက္ခိုက္ျခင္း ျဖစ္နိုင္ေၾကာင္းလည္း ေရွ႕ေနတစ္ဦးက သုံးသပ္ေျပာဆိုသည္။

“ကမၻာေက်ာ္ၿငိမ္းခ်မ္းေရး နိုဗယ္ဆုရွင္ႀကီးက ဒါနဲ႔ပတ္သက္လို႔ ေပးလိုက္တဲ့မွတ္ခ်က္တစ္ခု၊ ျပည္သူလူထုနဲ႔တကြ ရပ္တည္ေၾကာ

င္းေျပာလိုက္လို႔ ၿငိမ္းခ်မ္းေရးဆုရွင္ႀကီးက ဒီလိုေျပာပါတယ္ ဆိုၿပီးေတာ့ ျပစ္တင္ပုံခ်လိုတဲ့ အမွားေကာက္လိုတဲ့ ပုံစံနဲ႔ ေထာင္ေခ်ာက္ဆင္တဲ့ စကားမ်ိဳးလည္း ျဖစ္နိုင္ပါတယ္” ဟု တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးက ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီသည္ နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ရင္ဆိုင္ေနရသည့္ အမႈမ်ားအနက္ နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ

ဥပေဒပုဒ္မ ၅၀၅ (ခ) အမႈအတြက္ ေထာင္ဒဏ္ ႏွစ္ႏွစ္စီႏွင့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ အတြက္ ေထာင္ဒဏ္ ႏွစ္ႏွစ္စီ စုစုေပါင္း တစ္ဦးလၽွင္ ေထာင္ဒဏ္ ေလးႏွစ္စီ အမိန႔္ခ်မွတ္ထားသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းခံထားရေသာ နိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္သည္ ႏွစ္ရွည္ေထာင္ဒဏ္မ်ားခ်မွတ္နိုင္သည့္ စုစုေပါင္း အမႈ ၁၂ ခုျဖင့္ တရားရင္ဆိုင္ေနရသည္။
Source. Mizzima