ၾကားသိသမွ်
၅၁ နှစ်မြောက် ကယန်းအာဇာနည်နေ့အခမ်းအနား ကျင်းပ
၅၁ နှစ်မြောက် ကယန်းအာဇာနည်နေ့အခမ်းအနား ကျင်းပ
ဒီဇင်ဘာ ၁၅ ၊ ၂၀၂၁
ကယန်းပြည်သစ်ပါတီက ဦးဆောင်၍ (၅၁) နှစ်မြောက် ကယန်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆီဘူးကျေးရွာရှိ ကယန်းအမျိုးသားအာဇာနည်ဗိမာန်၌ ကျင်းပခဲ့ကြောင်း ကယန်းပြည်သစ်ပါတီ
က သတင်းထုတ်ပြန်သည်။
အဆိုပါ အခမ်းအနားကို ကယန်းပြည်သစ်ပါတီမှ စစ်ရေးချုပ် ဗိုလ်မှူးကြီးအောင်မင်းနှင့် ကယန်းပြည်သစ်ပါတီ ခေါင်းဆောင်ပိုင်းများ တက်
ရောက်ခဲ့ပြီး ကယန်းပြည်သစ်ပါတီတပ်ဖွဲ့ဝင် ၂၀၀ ကျော်လည်း တက်ရောက်ကြောင်း သိရသည်။
ကယန်းပြည်သစ်ပါတီ (KNLP) သည် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ဆီဘူးရွာတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိသည့် ကယန်း
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
ကယန်းပြည်သစ်ပါတီကို ၁၉၆၄ ခုနှစ်၊ ဩဂုတ် ၈ ရက်တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ ဖလိုင်ကျေးရွာအနောက်ဘက် တနေရာတွင်
ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န.ဝ.တ) လက်ထက်တွင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည်။
၂၀၀၉ တွင် စစ်အစိုးရက ကယန်းပြည်သစ်ပါတီကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း KNLP က ပါတီ အဖွဲ့အစည်း
အနေဖြင့် ဆက်လက် ရပ်တည်နေခြင်း ဖြစ်သည်။
ကယန်းပြည်သစ်ပါတီသည် ဖေဖော်ဝါရီ လဆန်းပိုင်းက ဒီးမော့ဆိုတွင် ပြုလုပ်သည့် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ပါဝင်
သောကြောင့် အဖမ်းခံထားရသော ကျောင်းဆရာမ ၁ ဦးနှင့် ဒေသခံ ၇ ဦး လွတ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးခဲ့ဖူးသည်။ ဧရာဝတီ
ဒီဇင်ဘာ ၁၅ ၊ ၂၀၂၁