ၾကားသိသမွ်

မိုင်းမထိဘဲ လွတ်လာသည့် စစ်ကောင်စီကားကို ပင်လယ်ဘူး PDF လောင်ချာဖြင့်ထု၊ စစ်ကောင်စီတပ်သား ၂၀ ခန့်သေ

မိုင်းမထိဘဲ လွတ်လာသည့် စစ်ကောင်စီကားကို ပင်လယ်ဘူး PDF လောင်ချာဖြင့်ထု၊ စစ်ကောင်စီတပ်သား ၂၀ ခန့်သေ

ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းမှလာသည့် စစ်ကောင်စီကား ၄စီးကို ပင်လယ်ဘူး PDF က မိုင်းဖြင့် တိုက်ခိုက်ရာ မထိသည့်အတွက်

လောင်ချာဖြင့် ထပ်မံထုခဲ့ကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ၁၄ရက် ညသန်းခေါင်ကျော် နံနက် ၂နာရီတွင် တက်လာသည့် စစ်ကောင်စီကား လူတင်ယာဉ် ၄စီးကို မိုင်းခွဲတိုက်ခိုက်ခြင်း ဖြစ်

ပြီး မိုင်းပေါက်ကွဲမှု နောက်ကျသည့်အတွက် စစ်ကားများကို မထိကြောင်း၊ ထို့ကြောင့် ပင်လယ်ဘူး PDF တပ်ဖွဲ့ဝင်များက လောင်ချာဖြင့်

ထပ်မံပစ်ခတ်ရာ ရှေ့ဆုံးမှ ကားတစ်စီးကို တည့်တည့်ထိသွားကြောင်း ပင်လယ်ဘူး PDF နှင့် နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို

ပြောသည်။

“ကားတစ်စီးကတော့ တည့်တည့်ထိပြီး လုံးဝကို စုတ်ပြတ်သတ်သွားတယ်။ အဲဒီကားမှာ ပါတဲ့ အယောက် ၂၀ လောက် သေတယ်။ ကျန်တဲ့

ကား ၃စီးကတော့ ဘယ်ရောက်သွားလဲ မသိဘူး။ ရှာမတွေ့သေးဘူး” ဟု ၎င်းက ပြောသည်။

ကောလင်း၊ ပင်လယ်ဘူး နယ်တဝိုက်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိ

သည်။

Zawgyi

မိုင္းမထိဘဲ လြတ္လာသည့္ စစ္ေကာင္စီကားကို ပင္လယ္ဘူး PDF ေလာင္ခ်ာျဖင့္ထု၊ စစ္ေကာင္စီတပ္သား ၂၀ ခန႔္ေသ

ေကာလင္းၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းမွလာသည့္ စစ္ေကာင္စီကား ၄စီးကို ပင္လယ္ဘူး PDF က မိုင္းျဖင့္ တိုက္ခိုက္ရာ မထိသည့္အတြက္ ေလာင္ခ်ာျဖင့္ ထပ္မံထုခဲ့ေၾကာင္း စုံစမ္းသိရသည္။

ဒီဇင္ဘာလ ၁၄ရက္ ညသန္းေခါင္ေက်ာ္ နံနက္ ၂နာရီတြင္ တက္လာသည့္ စစ္ေကာင္စီကား လူတင္ယာဥ္ ၄စီးကို မိုင္းခြဲတိုက္ခိုက္ျခင္း

ျဖစ္ၿပီး မိုင္းေပါက္ကြဲမႈ ေနာက္က်သည့္အတြက္ စစ္ကားမ်ားကို မထိေၾကာင္း၊ ထို႔ေၾကာင့္ ပင္လယ္ဘူး PDF တပ္ဖြဲ႕ဝင္မ်ားက ေလာင္

ခ်ာျဖင့္ ထပ္မံပစ္ခတ္ရာ ေရွ႕ဆုံးမွ ကားတစ္စီးကို တည့္တည့္ထိသြားေၾကာင္း ပင္လယ္ဘူး PDF ႏွင့္ နီးစပ္သူ တစ္ဦးက မဲေခါင္သတင္းဌာနကို ေျပာသည္။

“ကားတစ္စီးကေတာ့ တည့္တည့္ထိၿပီး လုံးဝကို စုတ္ျပတ္သတ္သြားတယ္။ အဲဒီကားမွာ ပါတဲ့ အေယာက္ ၂၀ ေလာက္ ေသတယ္။ က်န္တဲ့ကား ၃စီးကေတာ့ ဘယ္ေရာက္သြားလဲ မသိဘူး။ ရွာမေတြ႕ေသးဘူး” ဟု ၎က ေျပာသည္။

ေကာလင္း၊ ပင္လယ္ဘူး နယ္တဝိုက္တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားအၾကား မၾကာခဏ တိုက္ပြဲျဖစ္ပြားေလ့ရွိသည္။