ၾကားသိသမွ်

မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပေးရန် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတောင်းဆို

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက်တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့်

ကိုဇော်လင်းတို့က မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပေးရေးနှင့် မိဘများနှင့် တွေ့ဆုံနိုင်ရန် အကူအညီ တောင်းထားကြောင်း ထိုင်းတောင်ပိုင်း

အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

အဆိုပါ ဝင်းဇော်ထွန်းနှင့် ဇော်လင်းမှ ရေးသားပေးပို့သည့် စာတစောင်ကို ၎င်းတို့အား ထောင်ဝင်စာ သွားတွေခဲ့သည့် နိုင်ငံခြားသူ တဦးက

တဆင့် ဦးထူးချစ်အား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်းစာတွင် ၎င်းတို့ လိုချင်သည်များနှင့် ဖြစ်ချင် သည့် ဆန္ဒများကို ရေးသားထားကြောင်း သိရ

သည်။


စာထဲတွင် “ကျနော်တို့ သေဒဏ်ကနေ တသက်တကျွန်းကို ရောက်ကတည်းက ဒီကြားထဲမှာ ထိုင်းဘုရင်ရဲ့ မွေးနေ့ များမှာ ထောင်သားတွေ

ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်လျှော့ရက်တွေပေးတာ ၃ ခါ တိတိရှိပါပြီ။ ဒါကြောင့် တခြား အကျဉ်းသားတွေ လျှော့ရက် အသီးသီးရရှိ

ကြပြီးတော့ ကျနော်တို့ ၂ ယောက် ကျတော့ မပေးဘူး။ ကျနော်တို့ ထောင်ထဲမှာ ဘာအပြစ်မှ မလုပ်ပါဘူး” ဟု ရေးသားထားသည်။

ထို့အတွက်ကြောင့် ၎င်းတို့အား ကူညီပေးမည့် အဖွဲ့အစည်းများနှင့် တိုင်ပင်ကာ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ပေးရေး အတွက် အသနားခံစာတ

စောင် ရေးသားပေးရန် အကူအညီ တောင်းထားသည်။


မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် မဟုတ်တော့သလို မိဘများနှင့်လည်း ဆုံတွေ့ခွင့် မရှိတော့မည့် အခြေအနေမျိုး ဖြစ်သည့်အကြောင်း

လည်း စာထဲတွင် ပါရှိသည်။

ဦးထူးချစ်က “ပြီးခဲ့တဲ့လထဲမှာ နိုင်ငံခြားသူတယောက်ကတဆင့် ဝင်းနဲ့ဇော် ပို့လာတဲ့ စာတစောင် လက်ခံ ရရှိတယ်။၊ သူတို့ လိုအပ်တာတွေ

နဲ့ ဖြစ်ချင်တာလေးတွေ ရေးထားပါတယ်။ ထိုင်းနိုင်ငံမှာ အခုလို ဒီဇင်ဘာလမှာ ပုံမှန်ပေးသည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို သူတို့

နှစ်ယောက် မရခဲ့ကြပါဘူး။ ဝင်းနဲ့ဇော်ကို ထောင်ဝင်စာ ပုံမှန်တွေ့နိုင်ရေး အတွက်၊ ကြိုးစားနေပါတယ်။ ရခိုင်အဖွဲ့အစည်းတခုကလည်း

ထောင်ဝင်စာ တွေ့နိုင်ဖို့ ကြိုးစားနေပါတယ်။ စိတ်ဝင်စား သူ မည်သူမဆို ပူးပေါင်းပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ သူတို့တွေကို စိတ်ဓာတ်

ခွန်အားပေးဖို့ လိုအပ်နေပါတယ်” ဟုပြောသည်။


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများဖြစ်ကြသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ဗြိတိန် နိုင်ငံသား ၂ ဦး

အသတ်ခံရမှုတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှု အပါအဝင် အမှု ၇ မှုဖြင့် ထိုင်းရဲတပ်ဖွဲ့၏ တရား စွဲဆိုခြင်းကို ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင်

သေဒဏ်ချမှတ်ခံခဲ့ရသည်။


မြန်မာရွှေ့ပြောင်းလုပ်သား ၄ သောင်းခန့် အလုပ်လုပ်ကိုင်လျက်ရှိသည့် လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လူသတ်မှု

ဖြစ်ပွားခဲ့ပြီး အဆိုပါလူသတ်မှုအတွက် ဝင်းနှင့်ဇော်တို့ ၂ ဦးသည် အစောပိုင်းတွင် ဝန်ခံခဲ့ သော်လည်း နောက်ပိုင်းတွင် ရဲများ၏ နှိပ်စက်မှု

ကြောင့် ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ကြ ကြောင်း သိရသည်။


အမှုများအတွက် အယူခံအဆင့်ဆင့် တက်ခဲ့သော်လည်း ၎င်းတို့၏ နောက်ဆုံးအယူခံသည် ၂၀၁၉ ခုနှစ် ဩဂုတ်လ တွင် ရှုံးနိမ့်ခဲ့သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် ထိုင်းဘုရင်ထံ သနားခံစာ တင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ထိုင်းဘုရင် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၎င်းတို့ ၂ ဦးအား သေဒဏ်မှ ထောင် ဒဏ် တသက်တ

ကျွန်းအဖြစ် ပြစ်ဒဏ် လျှော့ချပေးခဲ့သည်။

Zawgyi

ထိုင္းနိုင္ငံေတာင္ပိုင္း လိပ္ကၽြန္းတြင္ ၿဗိတိနိုင္ငံသား ၂ ဦးအား သတ္မႈျဖင့္ ေထာင္ဒဏ္ တသက္တကၽြန္းက်ေနသည့္ ကိုဝင္းေဇာ္ထြန္းႏွင့္ ကိုေဇာ္လင္းတို႔က ျမန္မာနိုင္ငံသို႔ ေရႊ႕ေျပာင္းေပးေရးႏွင့္ မိဘမ်ားႏွင့္ ေတြ႕ဆုံနိုင္ရန္ အကူအညီ ေတာင္းထားေၾကာင္း ထိုင္းေတာင္ပိုင္း အေျခစိုက္ ပညာေရးႏွင့္ ဖြံ့ၿဖိဳး တိုးတက္ေရး ေဖာင္ေဒးရွင္း (FED) အဖြဲ႕၏ အမႈေဆာင္ ဒါရိုက္တာ ဦးထူးခ်စ္က ေျပာသည္။

အဆိုပါ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းမွ ေရးသားေပးပို႔သည့္ စာတေစာင္ကို ၎တို႔အား ေထာင္ဝင္စာ သြားေတြခဲ့သည့္ နိုင္ငံျခားသူ တဦးက တဆင့္ ဦးထူးခ်စ္အား ေပးအပ္ခဲ့ျခင္းျဖစ္ၿပီး ယင္းစာတြင္ ၎တို႔ လိုခ်င္သည္မ်ားႏွင့္ ျဖစ္ခ်င္ သည့္ ဆႏၵမ်ားကို ေရးသားထားေၾကာင္း သိရသည္။

စာထဲတြင္ “က်ေနာ္တို႔ ေသဒဏ္ကေန တသက္တကၽြန္းကို ေရာက္ကတည္းက ဒီၾကားထဲမွာ ထိုင္းဘုရင္ရဲ့ ေမြးေန႔ မ်ားမွာ ေထာင္သားေတြကို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ေထာင္ေလၽွာ့ရက္ေတြေပးတာ ၃ ခါ တိတိရွိပါၿပီ။ ဒါေၾကာင့္ တျခား အက်ဥ္းသားေတြ ေလၽွာ့ရက္ အသီးသီးရရွိၾကၿပီးေတာ့ က်ေနာ္တို႔ ၂ ေယာက္ က်ေတာ့ မေပးဘူး။ က်ေနာ္တို႔ ေထာင္ထဲမွာ ဘာအျပစ္မွ မလုပ္ပါဘူး” ဟု ေရးသားထားသည္။

ထို႔အတြက္ေၾကာင့္ ၎တို႔အား ကူညီေပးမည့္ အဖြဲ႕အစည္းမ်ားႏွင့္ တိုင္ပင္ကာ ျမန္မာနိုင္ငံသို႔ ေျပာင္းေရႊ႕ေပးေရး အတြက္ အသနားခံစာတေစာင္ ေရးသားေပးရန္ အကူအညီ ေတာင္းထားသည္။

ျမန္မာနိုင္ငံသို႔ ျပန္လည္ေရာက္ရွိမည္ မဟုတ္ေတာ့သလို မိဘမ်ားႏွင့္လည္း ဆုံေတြ႕ခြင့္ မရွိေတာ့မည့္ အေျခအေနမ်ိဳး ျဖစ္သည့္အေၾကာင္းလည္း စာထဲတြင္ ပါရွိသည္။

ဦးထူးခ်စ္က “ၿပီးခဲ့တဲ့လထဲမွာ နိုင္ငံျခားသူတေယာက္ကတဆင့္ ဝင္းနဲ႔ေဇာ္ ပို႔လာတဲ့ စာတေစာင္ လက္ခံ ရရွိတယ္။၊ သူတို႔ လိုအပ္တာေတြနဲ႔ ျဖစ္ခ်င္တာေလးေတြ ေရးထားပါတယ္။

ထိုင္းနိုင္ငံမွာ အခုလို ဒီဇင္ဘာလမွာ ပုံမွန္ေပးသည့္ အေထြေထြ လြတ္ၿငိမ္းခ်မ္းသာခြင့္ကို သူတို႔ ႏွစ္ေယာက္ မရခဲ့ၾကပါဘူး။ ဝင္းနဲ႔ေဇာ္ကို ေထာင္ဝင္စာ ပုံမွန္ေတြ႕နိုင္ေရး အတြက္၊ ႀကိဳးစားေနပါတယ္။

ရခိုင္အဖြဲ႕အစည္းတခုကလည္း ေထာင္ဝင္စာ ေတြ႕နိုင္ဖို႔ ႀကိဳးစားေနပါတယ္။ စိတ္ဝင္စား သူ မည္သူမဆို ပူးေပါင္းပါဝင္ၾကပါလို႔ ဖိတ္ေခၚပါတယ္။ သူတို႔ေတြကို စိတ္ဓာတ္ခြန္အားေပးဖို႔ လိုအပ္ေနပါတယ္” ဟုေျပာသည္။

ထိုင္းနိုင္ငံတြင္ အလုပ္လုပ္ကိုင္သည့္ ျမန္မာအလုပ္သမားမ်ားျဖစ္ၾကသည့္ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတို႔သည္ ၿဗိတိန္ နိုင္ငံသား ၂ ဦး အသတ္ခံရမႈတြင္ လူသတ္မႈ၊ မုဒိမ္းမႈ၊ ပစၥည္းလုယူမႈ အပါအဝင္ အမႈ ၇ မႈျဖင့္ ထိုင္းရဲတပ္ဖြဲ႕၏ တရား စြဲဆိုျခင္းကို ခံခဲ့ရၿပီး ၂၀၁၅ ခုႏွစ္တြင္ ေသဒဏ္ခ်မွတ္ခံခဲ့ရသည္။

ျမန္မာေရႊ႕ေျပာင္းလုပ္သား ၄ ေသာင္းခန္႔ အလုပ္လုပ္ကိုင္လ်က္ရွိသည့္ လိပ္ကၽြန္းတြင္ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလ ၁၅ ရက္က လူသတ္မႈျဖစ္ပြားခဲ့ၿပီး အဆိုပါလူသတ္မႈအတြက္ ဝင္းႏွင့္ေဇာ္တို႔ ၂ ဦးသည္ အေစာပိုင္းတြင္ ဝန္ခံခဲ့ ေသာ္လည္း ေနာက္ပိုင္းတြင္ ရဲမ်ား၏ ႏွိပ္စက္မႈေၾကာင့္ ေျဖာင့္ခ်က္ေပးခဲ့ျခင္းျဖစ္ေၾကာင္း တရား႐ုံးတြင္ ထြက္ဆိုခဲ့ၾက ေၾကာင္း သိရသည္။

အမႈမ်ားအတြက္ အယူခံအဆင့္ဆင့္ တက္ခဲ့ေသာ္လည္း ၎တို႔၏ ေနာက္ဆုံးအယူခံသည္ ၂၀၁၉ ခုႏွစ္ ဩဂုတ္လ တြင္ ရႈံးနိမ့္ခဲ့သည္။ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ ၂၄ ရက္တြင္ ထိုင္းဘုရင္ထံ သနားခံစာ တင္ခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၅ ရက္တြင္ ထိုင္းဘုရင္ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ၎တို႔ ၂ ဦးအား ေသဒဏ္မွ ေထာင္ ဒဏ္ တသက္တကၽြန္းအျဖစ္ ျပစ္ဒဏ္ ေလၽွာ့ခ်ေပးခဲ့သည္။