ၾကားသိသမွ်

မြန်မာပြည်သူတွေ လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း လက်လျှော့မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာပြည်သူတွေ လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း လက်လျှော့မှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာပြည်သူတွေလိုချင်တဲ့ပန်းတိုင်မရောက်မချင်း လက်လျှော့မှာမဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က

ဒီနေ့ပြောကြားပါတယ်။

အင်ဒိုနီးရှားကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ‘A Free and Open Indo-Pacific’ ခေါင်းစဉ်​နဲ့မိန့်ခွန်းပြောကြားရာမှာ

မြန်မာ့အရေးကို ထည့်သွင်းပြောကြားခဲ့တာပါ။


“မြန်မာနိုင်ငံမှာ ကျွန်တော်တို့မြင်တွေ့နေရသလိုမျိုး သူတို့ပြည်သူတွေရဲ့အခွင့်အရေးကို မလေးစားတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့

အတူတကွ ဆန့်ကျင်ရပ်တည်သွားမှာပါ” လို့ Antony Blinken က ပြောပါတယ်။

ဒါ့အပြင် ခွဲခြားမှုမရှိတဲ့ အကြမ်းဖက်မှုရပ်တန့်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ပြန်လွှတ်ပေးရေး၊ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ

အကူအညီများခွင့်ပြုရေးနဲ့ အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးအတွက် စစ်ကောင်စီကို ဖိအားပေးဖို့

မိတ် ဖက်နိုင်ငံတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူလုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက ပြောပါတယ်။


မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားသော ငြိမ်းချမ်းစွာအဖြေရှာရေးကို ရှာဖွေဖို့ ဘက်အားလုံးနဲ့ အပြုသဘောတွေ့ဆုံဆွေးနွေးရေးကို

တောင်းဆိုတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း Antony Blinken က ပြောပါတယ်။

Credit – PVTV

Zawgyi

ျမန္မာျပည္သူေတြ လိုခ်င္တဲ့ ပန္းတိုင္မေရာက္မခ်င္း လက္ေလၽွာ့မွာမဟုတ္ဘူးလို႔ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးေျပာ

ျမန္မာျပည္သူေတြလိုခ်င္တဲ့ပန္းတိုင္မေရာက္မခ်င္း လက္ေလၽွာ့မွာမဟုတ္ဘူးလို႔ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ဒီေန႔ေျပာၾကားပါတယ္။

အင္ဒိုနီးရွားကိုေရာက္ရွိေနတဲ့ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဟာ ‘A Free and Open Indo-Pacific’ ေခါင္းစဥ္​နဲ႔မိန႔္ခြန္းေျပာၾကားရာမွာ ျမန္မာ့အေရးကို ထည့္သြင္းေျပာၾကားခဲ့တာပါ။

“ျမန္မာနိုင္ငံမွာ ကၽြန္ေတာ္တို႔ျမင္ေတြ႕ေနရသလိုမ်ိဳး သူတို႔ျပည္သူေတြရဲ့အခြင့္အေရးကို မေလးစားတဲ့ ေခါင္းေဆာင္ေတြကို ကၽြန္ေတာ္တို႔ အတူတကြ ဆန႔္က်င္ရပ္တည္သြားမွာပါ” လို႔ Antony Blinken က ေျပာပါတယ္။

ဒါ့အျပင္ ခြဲျခားမႈမရွိတဲ့ အၾကမ္းဖက္မႈရပ္တန႔္ေရး၊ မတရားဖမ္းဆီးထိန္းသိမ္းခံရသူအားလုံး ျပန္လႊတ္ေပးေရး၊ ေႏွာ

င့္ေႏွးၾကန႔္ၾကာမႈမရွိဘဲ အကူအညီမ်ားခြင့္ျပဳေရးနဲ႔ အားလုံးပါဝင္ေသာ ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္လည္ေရာ

က္ရွိေရးအတြက္ စစ္ေကာင္စီကို ဖိအားေပးဖို႔ မိတ္ ဖက္နိုင္ငံေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အတူလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္နိုင္ငံျခား ေရးဝန္ႀကီးက ေျပာပါတယ္။

ျမန္မာျပည္သူေတြရဲ့ ဆႏၵကို ေလးစားေသာ ၿငိမ္းခ်မ္းစြာအေျဖရွာေရးကို ရွာေဖြဖို႔ ဘက္အားလုံးနဲ႔ အျပဳသေဘာေ

တြ႕ဆုံေဆြးေႏြးေရးကို ေတာင္းဆိုတဲ့ အာဆီယံရဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း Antony Blinken က ေျပာပါတယ္။

Credit – PVTV