ၾကားသိသမွ်

ရှမ်းပြည်နယ်မြောက်ပိုင်မိုင်းလားမြို့မှာ မအလ နဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့သတင်းထွက်

မအလစစ်အုပ်စု ပတ်ပြီး ဘောမ တော့မည်…

အမှန်ပါပဲ….

စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်နဲ့မကွေးတိုင်း ဒေသတွေမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့

နေ့စဉ် တိုက်ပွဲတွေဖြစ်ပြီး အကျဆုံးများနေတဲ့စစ်အုပ်စုဟာ မနက်ဖြန်(15.12.2021) မှာတော့…

ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မိုင်းလားမြို့မှာတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။

ဘာအတွက်တွေ့ဆုံမယ်ဆိုတာကို ဘယ်ဘက်ကမှ တိတိကျကျ ထုတ်ပြန်ထားတာမရှိသေးပေမဲ့…

သေခြာတာကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲကအင်အားကြီးတယ်လို့ပြောနေကြတဲ့ ဝ,တပ်ဖွဲ့အပါဝင် ၇လပိုငျးကစလို့ ဆက်တိုက်

တိုက်ပွဲတွေဆင်နွဲလာတဲ့ MNDAA တပ်ဖွဲ့ပါပါဝင်နေတာကြောင့်….

မအလနဲ့နစကဘက်က အချိုကျွေးပြီး ဘောမမဲ့ ပွဲပါ။

စစ်ရေးလေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ မှတ်ချက်တွေအရဆိုလျှင်…

၎င်းတွေ့ဆုံပွဲပြီးတာနဲ့ မအလစစ်အုပ်စုဟာရခိုင်မှာရှိတဲ့AAဆီသွားပြီး ဘောမဖို့ စီစဉ်ထားမယ်ဆိုတာကလည်း မလွဲနိုင်ပါဘူး။

ဘာကြောင့်လဲ….မအလနဲ့စစ်အုပ်စုမှာ လက်ရုံးတပ်လောက်သာ ကျန်ရှိနေတော့တဲ့အနေအထားကို ရောက်နေပါပြီ။

တစ်နေ့ တစ်နေ့ သေနေတဲ့စခအရေအတွက်ဟာ…အာဏာသိမ်းလိုက်တဲ့အချိန်ကနေ …စပြီးတွက်မယ်ဆိုလျှင်….တပ်မ ၃ု ၊၄ခုစာ မက

တော့ပါဘူး။ခွင့်မဲ့ပျက်ကွက်၊ဒဏ်ရာရစခနဲ့ထွက်ပြေး CDM ပေါင်းလိုက်မယ်ဆိုလျှင်….

အရင်ကလိမ်ထားတဲ့ စစ်သည်အင်အား၅သိန်းရှိတယ်ဆိုတဲ့ စာရင်းအရဆိုရင်တောင်…

ယခုအခါ လုံးဝ တပ်ပျက်နေပြီလို့ ပြောလို့ရပါတယ်။

ဒါကြောင့်လဲ….ခုလို တိုင်းရင်းသားလက်နက်ကိုင်တွေဆီပြေးပြီး…ဘောမရတဲ့အထိ ဖွဈလာာပေါ့။

အမှန်ဆိုလျှင် ဝတပ်ဖွဲ့ကလွဲလို့ ရာဂဏာန်းမျှသာအင်အားရှိတဲ့ တပ်ဖွဲ့တွေကို မအလစစ်တပ်က ဘယ်တုန်းကများ စောက်ဖက်လုပ်ခဲ့လို့

လဲ…?ခုမှ အပစ်ရပ်ရေး ငြိမ်းချမ်းရေးဆိုတဲ့စကားနဲ့အပေးအယူလုပ်ပြီး ဝင်ချုပ်ဖို့လုပ်နေတာ။

ဒီနေရာမှာပြောချင်တာက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့သဘောထားကိုပါ။

ဘယ်သူလာ ချော့သိပ့်သိပ့် ကိုယ့်အိပ်ချင်မှ အိပ်ပျော်မယ် ဆိုတာ သိဖို့ပါပဲ။

ခေတ်အဆက်ဆက် တိုင်းရင်းသားတွေအပေါ်မှာထားခဲ့တဲ့စစ်အုပ်စုရဲ့သဘောထားနဲ့စစ်အုပ်စုရဲ့ယုတ်မာမှုတွေကို….

ခများတို့က ကျနော်တို့ထက်ပိုပြီး ခံစားခဲ့ဘူးလို့ပိုသိမယ်လို့ထင်ပါတယ်။

ဒီတော့….ဒီအချိန်မှာ ဆန်ကွဲထမင်းချက်ပြီး ဘောလာမတဲ့စစ်အုပ်စုရဲ့ ဆန္ဒကို လက်ခံခြင်းက…

ငါ့နယ်မြေ ငါ့ဒေသ ငြိမ်ချမ်းရေးအတွက်ဆိုရင်မှန်ကောင်း မှန်ပါလိမ့်မယ်။

သို့သော်….တနိုင်ငံလုံး ငြိမ်းချမ်းဖို့အတွက်ဆိုတာကတော့လက်ရှိအခြေနေအရ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က စစ်အုပ်စုကို

တိုက်ရမှာပါ။တနယ်ပြီးတနယ် လူမျိုးစုတခုပြီးတခုအပေါ်အစီစဉ်တကျ ဖိနှိပ်ရက်စက်ခဲ့တဲ့ အတိတ်ကို သတိရပေးကြပါ။

လူမျိုးစွဲ ဝါဒကွဲစကားတွေနဲ့ အရင်ကမင်းတို့ဗမာတွေ ဘာပြောခဲ့သလဲဆိုတဲ့ စကားနဲ့ ဦးမစားခိုင်းပါနဲ့။

ဘုံရန်သူက ဘယ်သူဆိုတာ သိလာပြီဖြစ်လို့ဘယ်လိုပူးပေါင်း ပါဝင်ပြီး တော်လှန်ရမယ်ဆိုတာကိုပဲ စဉ်းစားစေချင်တယ်။

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုတဲ့စကားလို…အရင်က မသိခဲ့ပေမဲ့လည်း…တိုင်းရင်းသားဒေသတွေမှာ မငြိမ်းချမ်းလို့ပျော်နေခဲ့တဲ့

မြေပြန့်သားဆိုတာ မရှိခဲ့ပါဘူး။

ခေတ်ကာလနဲ့သတင်းစီးဆင်းမရှိတာတွေကြောင့်သိသင့်သလောက်မသိခဲ့ကြလို့…နေစိမ့်ခဲ့ကြတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။

ဒါကြောင့်…ဒီအချိန်ဟာ မှားခဲ့တာတွေ နေနိုင်ခဲ့တာတွေကို စကားနာထိုးပြီး သွေးကွဲနေရမဲ့အချိန်မဟုတ်တော့ဘူး။

ဘုံရန်သူဘယ်သူဆိုတာသိနေပြီဖြစ်လို့ညီညီညွတ်ညွတ်နဲ့ပူးပေါင်းတိုက်ထုတ်ပြီး…

လိုချင်တဲ့ပန်းတိုင် ရောက်ချင်တဲ့နေရာကိုအတူတကွ သွားရမဲ့အချိန်ဖြစ်လို့….

စဉ်းစားနိုင်ပါစေလို့ အကြံပြုရင်း….

အရေးတော်ပုံအောင်ရမည်။

🚀သံပါးစပ်
14.12.2021