ၾကားသိသမွ်

ဆေးကျောင်းဝင်ခွင့်ပုံစံကို ပြောင်းလဲဖို့ကြံစည်နေတဲ့ စစ်ကောင်စီ

ဆေးကျောင်းဝင်ခွင့်ပုံစံကို ပြောင်းလဲဖို့ကြံစည်နေတဲ့ စစ်ကောင်စီ

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများမှစ၍ အင်္ဂလိပ်၊ဓာတု၊ဇီဝ ရမှတ်ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခိုင်း

ပြီး တက်ရောက်ခွင့်ပြုမည်ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၃ ရက် ယမန်နေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ကောင်စီဥက္ကဌက ၄င်း၏ကောင်စီဝင်များ

အား ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။


ယင်းကဲ့သို့ ဆေးကျောင်းတက်ရောက်ခွင့်ပြုပြီးနောက် ဆရာဝန်ဖြစ်ပြီးပါက အစိုးရဆေးရုံများတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်

ပါမည်ဆိုသည့် ခံဝန်ကတိပြုသတ်မှတ်ချက်တွင် လက်မှတ်ရေးထိုးရပြီးမှ တက်ရောက်ခွင့်ပြုမည် ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံဆေးတက္ကသိုလ်အသီးသီးမှ ဆရာဝန် ဖြစ်ခဲ့သူအများအပြားရှိသော်လည်း အစိုးရဆေးရုံများတွင် တာဝန်ထမ်းဆောင်သူနည်းပါး

နေ သောကြောင့် ယင်းကဲ့သို့စီစဥ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆေးတက္ကသိုလ်ဝင်ခွင့်အား ယခင်သတ်မှတ်ချက်များအရ တက္ကသိုလ်ဝင်တန်းအမှတ်စုစု ပေါင်းဖြင့်သာဝင်ခွင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်

တက္ကသိုလ်ဝင်အောင် မြင်သည့်သူများမှစ၍ အင်္ဂလိပ်၊ဓာတု၊ဇီဝ ဘာသာရမှတ်ကောင်းသူများ လည်းဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်မည်ဖြစ်

ကြောင်းသိရသည်။


လက်ရှိတွင် စစ်ကောင်စီက နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ စာသင်ကျောင်းများအားလုံးပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် သင်ရိုးများ

ပြီးမြောက်နိုင်ရေး စနေ နေ့အပါ တပတ်လျှင် ၆ ရက် ကျောင်းဖွင့်သင် ကြားနေပြီး ၅ လအကြာ ၂၀၂၂ ခုနှစ်၊ဧပြီလဆန်းတွင် တက္ကသိုလ်ဝင်

တန်းစာမေးပွဲကျင်းပသွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေအတွက်

လက်လှမ်းမီပါဝင်ဖြေဆိုနိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးဆောင်ရွက်နေပြီး စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက ပြုလုပ်မယ့်

တက္ကသိုလ်ဝင်တန်း စာပေးပွဲရလဒ်တွေကို ဖက်ဒရယ်ပညာရေးစနစ်နဲ့အကောင်အထည်ဖော်မယ့် တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းတွေမှာ

အသိအမှတ်ပြုလက်ခံမှာမဟုတ်ကြောင်း နိုဝင်ဘာလ ၁၅ရက်မှာ NUG က ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာစာမေးပွဲဖြေဆိုဖို့စာရင်း မပေးသွင်းတဲ့ ကျောင်းသူကျောင်းသားတွေ

ကို နောက်နှစ်တွေမှာ စာမေးပွဲဖြေဆိုခွင့်မပြုဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဒါတွေကိုလည်း စိုးရိမ်ဖို့မလိုကြောင်း NUG ရဲ့ထုတ်ပြန်

ချက်ကဆိုပါတယ်။

Zawgyi

ေဆးေက်ာင္းဝင္ခြင့္ပုံစံကို ေျပာင္းလဲဖို႔ႀကံစည္ေနတဲ့ စစ္ေကာင္စီ

ယခုႏွစ္တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္သူမ်ားမွစ၍ အဂၤလိပ္၊ဓာတု၊ဇီဝ ရမွတ္ေကာင္းသူမ်ားကို ေဆးတကၠသိုလ္ဝင္ခြင့္ေျ

ဖဆိုခိုင္းၿပီး တက္ေရာက္ခြင့္ျပဳမည္ဟု စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာၾကားခဲ့ေၾကာင္း သတင္းရရွိသည္။

ဒီဇင္ဘာ ၁၃ ရက္ ယမန္ေန႔ေန႔လည္ပိုင္းက ျပဳလုပ္ခဲ့သည့္ စစ္ေကာင္စီအစည္းအေဝးတြင္ စစ္ေကာင္စီဥကၠဌက ၄င္း၏ေကာင္စီဝင္မ်ားအား ယင္းကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီထိန္းခ်ဳပ္မီဒီယာမ်ား၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ယင္းကဲ့သို႔ ေဆးေက်ာင္းတက္ေရာက္ခြင့္ျပဳၿပီးေနာက္ ဆရာဝန္ျဖစ္ၿပီးပါက အစိုးရေဆး႐ုံမ်ားတြင္ အနည္းဆုံး ၁၀ ႏွစ္တာဝန္ထမ္းေဆာင္ပါမည္ဆိုသည့္ ခံဝန္ကတိျပဳသတ္မွတ္ခ်က္တြင္ လက္မွတ္ေရးထိုးရၿပီးမွ တက္ေရာက္ခြင့္ျပဳမည္ ျဖစ္ ေၾကာင္း သိရသည္။

ျမန္မာနိုင္ငံေဆးတကၠသိုလ္အသီးသီးမွ ဆရာဝန္ ျဖစ္ခဲ့သူအမ်ားအျပားရွိေသာ္လည္း အစိုးရေဆး႐ုံမ်ားတြင္ တာဝန္ထမ္းေဆာင္သူနည္းပါးေန ေသာေၾကာင့္ ယင္းကဲ့သို႔စီစဥ္ရျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ေဆးတကၠသိုလ္ဝင္ခြင့္အား ယခင္သတ္မွတ္ခ်က္မ်ားအရ တကၠသိုလ္ဝင္တန္းအမွတ္စုစု ေပါင္းျဖင့္သာဝင္ခြင့္ေရြးခ်ယ္ခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္ တကၠသိုလ္ဝင္ေအာင္ ျမင္သည့္သူမ်ားမွစ၍ အဂၤလိပ္၊ဓာတု၊ဇီဝ ဘာသာရမွတ္ေကာင္းသူမ်ား လည္းဝင္ခြင့္ေျဖဆိုတက္ေရာက္နိုင္မည္ျဖစ္ ေၾကာင္းသိရသည္။

လက္ရွိတြင္ စစ္ေကာင္စီက နိုဝင္ဘာလ ၁ ရက္ေန႔မွစတင္၍ စာသင္ေက်ာင္းမ်ားအားလုံးျပန္လည္ဖြင့္လွစ္ခဲ့ၿပီးေနာက္ သင္ရိုးမ်ားၿပီးေျမာက္နိုင္ေရး စေန ေန႔အပါ တပတ္လၽွင္ ၆ ရက္ ေက်ာင္းဖြင့္သင္ ၾကားေနၿပီး ၅ လအၾကာ ၂၀၂၂ ခုႏွစ္၊ဧၿပီလဆန္းတြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲက်င္းပသြားမည္ဟု ထုတ္ျပန္ထားေၾကာင္း သိရသည္။

တဖက္မွာလည္း အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)အေနနဲ႔ တကၠသိုလ္ဝင္တန္းေျဖဆိုမယ့္ ေက်ာင္းသား ေက်ာင္းသူေတြအတြက္ လက္လွမ္းမီပါဝင္ေျဖဆိုနိုင္မယ့္ အစီအစဥ္ေတြကို ေဆြးေႏြးေဆာင္ရြက္ေနၿပီး စစ္ေကာင္စီရဲ့ပညာေရးဝန္ႀကီး

ဌာနက ျပဳလုပ္မယ့္ တကၠသိုလ္ဝင္တန္း စာေပးပြဲရလဒ္ေတြကို ဖက္ဒရယ္ပညာေရးစနစ္နဲ႔အေကာင္အထည္ေဖာ္မယ့္ တကၠသိုလ္၊ ေကာလိပ္နဲ႔ ေက်ာင္းေတြမွာ အသိအမွတ္ျပဳလက္ခံမွာမဟုတ္ေၾကာင္း နိုဝင္ဘာလ ၁၅ရက္မွာ NUG က ထုတ္ျပန္ေၾကညာထားပါတယ္။

လက္ရွိမွာ စစ္ေကာင္စီအေနနဲ႔ လာမယ့္ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာစာေမးပြဲေျဖဆိုဖို႔စာရင္း မေပးသြင္းတဲ့ ေက်ာင္း

သူေက်ာင္းသားေတြကို ေနာက္ႏွစ္ေတြမွာ စာေမးပြဲေျဖဆိုခြင့္မျပဳဘူးဆိုတဲ့ သတင္းေတြထြက္ေပၚေနၿပီး ဒါေတြကိုလည္း စိုးရိမ္ဖို႔မလိုေၾကာင္း NUG ရဲ့ထုတ္ျပန္ခ်က္ကဆိုပါတယ္။