ၾကားသိသမွ်

မြန်မာ့အရေး အာဆီယံ၏ကြိုးပမ်းမှုများကို ကူညီပံ့ပိုးပေးရန် G7 ထပ်လောင်းအတည်ပြု

မြန်မာ့အရေး အာဆီယံ၏ကြိုးပမ်းမှုများကို ကူညီပံ့ပိုးပေးရန် G7 ထပ်လောင်းအတည်ပြု

–G7-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ စစ်ကောင်စီကို တက်ရောက်ခွင့်မပြု

အပြုသဘောဆောင်သည့် နည်းလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံကို ရေရှည်ငြိမ်းချမ်းရေးရရှိနိုင်ရေး အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများ

ကို ကူညီပံ့ပိုးပေးရန် ကမ္ဘာ့အင်အားကြီး (၇)နိုင်ငံအဖွဲ့ G7က အဆင်သင့်ဖြစ် ကြောင်း ထပ်လောင်းအတည်ပြုသည်။


ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်တွင် G7 အဖွဲ့ဝင်နိုင်ငံခြား ရေးဝန်ကြီးများ၏ အစည်းအဝေးကို အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်မြို့၌ ကျင်းပခဲ့ပြီး အာ

ဆီယံနိုင်ငံခြားရေးဝန်ကြီးများကိုလည်း ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားတက်ရောက်စေခဲ့သည်။

သို့သော် အထက်ပါအစည်းအဝေးသို့ မြန်မာစစ်ကောင်စီကို အိမ်ရှင်ဗြိတိန်က ဖိတ်ကြားခြင်းမပြုပေ။


G7 ဝန်ကြီးများသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်းထုတ်ဖေါ်ပြောကြားခဲ့ပြီး အာ

ဆီယံ၏ သဘောတူညီမှုအချက် ၅ ချက်ကို ချက်ခြင်းအပြည့်အဝ အကောင် အထည်ဖော်ရေးတိုက်တွန်းခဲ့သည်။

ထို့အပြင် ရိုဟင်ဂျာများအနေဖြင့် ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ၊ ဘေးကင်းစွာ မူလနေရပ်ရခိုင်ပြည်နယ်သို့ ပြန်နိုင်ရေးအတွက်

အခြေအနေများဖန်တီးပေးရန် အရေးကြီးကြောင်း G7 ဝန်ကြီးများက အလေးပေးပြောကြားခဲ့သည်။


မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူ အညီများပံ့ပိုးပေးခြင်း၊ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်စတင်ရန် ပံ့ပိုးကူညီခြင်းနှင့်

ရခိုင်ပြည်နယ်အတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံအား ပံ့ပိုးကူညီရန် AHA Center ၊

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပိုမိုမြင်သာပြီး အားကောင်းသည့် အခန်းကဏ္ဍအတွက် G7 ၏ စုပေါင်းပံ့ပိုးမှုကိုလည်း

ထပ်လောင်းအတည်ပြုခဲ့သည်။

#လူထုနွေဦး

Zawgyi

ျမန္မာ့အေရး အာဆီယံ၏ႀကိဳးပမ္းမႈမ်ားကို ကူညီပံ့ပိုးေပးရန္ G7 ထပ္ေလာင္းအတည္ျပဳ

–G7-အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးသို႔ စစ္ေကာင္စီကို တက္ေရာက္ခြင့္မျပဳ

အျပဳသေဘာေဆာင္သည့္ နည္းလမ္းမ်ားမွတစ္ဆင့္ ျမန္မာနိုင္ငံကို ေရရွည္ၿငိမ္းခ်မ္းေရးရရွိနိုင္ေရး အာဆီယံ၏ ႀကိဳးပမ္း

အားထုတ္မႈမ်ားကို ကူညီပံ့ပိုးေပးရန္ ကမၻာ့အင္အားႀကီး (၇)နိုင္ငံအဖြဲ႕ G7က အဆင္သင့္ျဖစ္ ေၾကာင္း ထပ္ေလာင္းအတည္ျ

ပဳသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၂ ရက္တြင္ G7 အဖြဲ႕ဝင္နိုင္ငံျခား ေရးဝန္ႀကီးမ်ား၏ အစည္းအေဝးကို အဂၤလန္နိုင္ငံ၊ လီဗာပူးလ္ၿမိဳ႕၌ က်င္းပခဲ့

ၿပီး အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ားကိုလည္း ပထမဆုံးအႀကိမ္အျဖစ္ ဖိတ္ၾကားတက္ေရာက္ေစခဲ့သည္။

သို႔ေသာ္ အထက္ပါအစည္းအေဝးသို႔ ျမန္မာစစ္ေကာင္စီကို အိမ္ရွင္ၿဗိတိန္က ဖိတ္ၾကားျခင္းမျပဳေပ။

G7 ဝန္ႀကီးမ်ားသည္ ျမန္မာနိုင္ငံတြင္ ျဖစ္ေပၚေနေသာအေျခအေနမ်ားႏွင့္ပတ္သက္၍ အလြန္စိုးရိမ္ေၾကာင္းထုတ္ေဖၚေျ

ပာၾကားခဲ့ၿပီး အာဆီယံ၏ သေဘာတူညီမႈအခ်က္ ၅ ခ်က္ကို ခ်က္ျခင္းအျပည့္အဝ အေကာင္ အထည္ေဖာ္ေရးတိုက္တြန္းခဲ့သည္။

ထို႔အျပင္ ရိုဟင္ဂ်ာမ်ားအေနျဖင့္ ဆႏၵအေလ်ာက္ ဂုဏ္သိကၡာရွိစြာ၊ ေဘးကင္းစြာ မူလေနရပ္ရခိုင္ျပည္နယ္သို႔ ျပန္နိုင္ေရးအတြက္

အေျခအေနမ်ားဖန္တီးေပးရန္ အေရးႀကီးေၾကာင္း G7 ဝန္ႀကီးမ်ားက အေလးေပးေျပာၾကားခဲ့သည္။

ျမန္မာနိုင္ငံသို႔ လူသားခ်င္းစာနာေထာက္ထားမႈအကူ အညီမ်ားပံ့ပိုးေပးျခင္း၊ ေနရပ္ျပန္ပို႔ေရးလုပ္ငန္းစဥ္စတင္ရန္ ပံ့ပိုးကူညီျခ

င္းႏွင့္ ရခိုင္ျပည္နယ္အတြင္း ေရရွည္တည္တံ့ခိုင္ျမဲေသာ ဖြံ့ၿဖိဳးတိုးတက္ေရးတို႔အတြက္ ျမန္မာနိုင္ငံအား ပံ့ပိုးကူညီရန္ AHA

Center ၊ ကုလသမဂၢႏွင့္ နိုင္ငံတကာ အသိုင္းအဝိုင္း၏ ပိုမိုျမင္သာၿပီး အားေကာင္းသည့္ အခန္းက႑အတြက္ G7 ၏ စုေပါ

င္းပံ့ပိုးမႈကိုလည္း ထပ္ေလာင္းအတည္ျပဳခဲ့သည္။
#လူထုေႏြဦး