ၾကားသိသမွ်

နိုင်ငံ့အာဏာကို တပ်မတော်က တိုက်ရိုက် မအုပ်ချုပ်ဘဲ အရပ်သား အများစုကို တာဝန်ပေးထားသည်ဟုအာဏာသိမ်းစစ်ခေါင်းဆောင်က ပြော

နိုင်ငံ့အာဏာကို တပ်မတော်က တိုက်ရိုက် မအုပ်ချုပ်ဘဲ အရပ်သား အများစုကို တာဝန်ပေးထားသည်ဟု စစ်ဖက်နှင့်အရပ်ဖက်ပါ

တစ်ယောက်တည်း အမိန့်ပေး အုပ်ချုပ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြော

နိုင်ငံတော်၏ တာဝန်ကို အာဏာသိမ်းစစ်တပ်က တိုက်ရိုက်အုပ်ချုပ်နေခြင်းမဟုတ်ဘဲ အရပ်သားအများစုကိုသာ တာဝန်ပေးထားကြောင်း

စစ်ဖက်နှင့်အရပ်ဖက်ပါ တစ်ယောက်တည်း အမိန့်ပေး အုပ်ချုပ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က

စကစ အစည်းအဝေးတွင် ပြောသည်။

“မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်ကြေညာ၍ နိုင်ငံတော်၏တာဝန်ကို ယူထားခြင်း

ဖြစ်ပြီး တပ်မတော်က တိုက်ရိုက် မအုပ်ချုပ်ဘဲ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အရပ်သားအများစုကိုသာ တာဝန်ပေးအပ်ထားခြင်းဖြစ်သည်

ဟု နိုင်ငံတော်၏ ဝန်ကြီးချုပ်ရာထူးရယူပြီး စစ်ဖက်နှင့်အရပ်ဖက်ပါ အုပ်ချုပ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း

အောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

နေပြည်တော်ရှိ စကစ ရုံး၏ အစည်းအဝေးခန်းမတွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့က ပြုလုပ်သည့် အစည်းအဝေး၌ ယင်းသို့ ပြော

ကြားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်က တိုက်ရိုက်အုပ်ချုပ်ခြင်းမရှိဟု ပြောဆိုနေသော်လည်း

တကယ်မြေပြင်၌ ခရိုင်/မြို့နယ် စကစ အဖွဲ့တွင် ဒုတိယဗိုလ်မှူးကြီး နှင့် ဗိုလ်မှူးအဆင့်ရှိသူများကို ထည့်သွင်းထားပြီး၊ ဒေသတိုင်းတွင်

ဒေသ၏ အခြေအနေများကို ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက တပ်နယ်သို့ နေ့စဉ် အစီအရင်ခံရကြောင်း နှင့် စစ်တပ်က အစည်းအဝေး

ခေါ်ပါက ဌာနဆိုင်ရာ အကြီးအကဲများမှာ စစ်တပ်သို့ သွားရပြီး အစည်းအဝေး တက်ရောက်ရသည်များရှိကြောင်း သိရသည်။

နိုင်ငံ့အာဏာကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့က စပြီး စစ်တပ်က သိမ်းလိုက်ပြီးနောက် အုပ်ချုပ်ရေးပိုင်းအပြင် ဌာနဆိုင်ရာများ

အထိ စစ်တပ်၏ အာဏာသက်ရောက်သွားပြီး အာဏာသိမ်းစစ်တပ်ကို အလိုမရှိ၍ ဆန့်ကျင်ကြသည့် ပြည်သူများအား စစ်တပ်က

ဦးဆောင်ကာ ဖမ်းဆီးခြင်းများအထိ ပြုလုပ်နေခြင်းလည်းဖြစ်သည်။

Zawgyi

နိုင္ငံ့အာဏာကို တပ္မေတာ္က တိုက္ရိုက္ မအုပ္ခ်ဳပ္ဘဲ အရပ္သား အမ်ားစုကို တာဝန္ေပးထားသည္ဟု စစ္ဖက္ႏွင့္အရပ္ဖက္ပါ တစ္ေယာက္တည္း အမိန႔္ေပး အုပ္ခ်ဳပ္ေနသည့္ အာဏာသိမ္းစစ္ေခါင္းေဆာင္က ေျပာ

နိုင္ငံေတာ္၏ တာဝန္ကို အာဏာသိမ္းစစ္တပ္က တိုက္ရိုက္အုပ္ခ်ဳပ္ေနျခင္းမဟုတ္ဘဲ အရပ္သားအမ်ားစုကိုသာ တာဝန္ေပးထားေၾကာင္း စစ္ဖ

က္ႏွင့္အရပ္ဖက္ပါ တစ္ေယာက္တည္း အမိန႔္ေပး အုပ္ခ်ဳပ္ေနသည့္ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က စကစ အစည္းအေဝးတြင္ ေျပာသည္။

“မိမိတို႔အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ႏွင့္အညီ နိုင္ငံေရးအရ အေရးေပၚေၾကညာ၍ နိုင္ငံေတာ္၏တာဝန္ကို ယူထားျခင္းျဖစ္ၿပီး တပ္မေတာ္က တိုက္ရိုက္ မအုပ္ခ်ဳပ္ဘဲ အုပ္ခ်ဳပ္ေရးႏွင့္ ပတ္သက္၍ အရပ္သားအမ်ားစုကိုသာ တာဝန္ေပးအပ္ထားျခင္းျ

ဖစ္သည္ဟု နိုင္ငံေတာ္၏ ဝန္ႀကီးခ်ဳပ္ရာထူးရယူၿပီး စစ္ဖက္ႏွင့္အရပ္ဖက္ပါ အုပ္ခ်ဳပ္ေနသည့္ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာၾကားျခင္း ျဖစ္သည္။

ေနျပည္ေတာ္ရွိ စကစ ႐ုံး၏ အစည္းအေဝးခန္းမတြင္ ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ(၁၃)ရက္ေန႔က ျပဳလုပ္သည့္ အစည္းအေဝး၌ ယင္းသို႔ ေျပာၾကားျခင္း ျဖစ္သည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က စစ္တပ္က တိုက္ရိုက္အုပ္ခ်ဳပ္ျခင္းမရွိဟု ေျပာဆိုေနေသာ္လည္း တကယ္ေျမျပင္၌ ခရိုင္/ၿမိဳ႕နယ္ စကစ အဖြဲ႕တြင္ ဒုတိယဗိုလ္မႉးႀကီး ႏွင့္ ဗိုလ္မႉးအဆင့္ရွိသူမ်ားကို ထည့္သြင္းထားၿပီး၊ ေဒသတိုင္း

တြင္ ေဒသ၏ အေျခအေနမ်ားကို ခရိုင္/ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးမ်ားက တပ္နယ္သို႔ ေန႔စဥ္ အစီအရင္ခံရေၾကာင္း ႏွင့္ စစ္တပ္က အစည္းအေဝးေခၚပါက ဌာနဆိုင္ရာ အႀကီးအကဲမ်ားမွာ စစ္တပ္သို႔ သြားရၿပီး အစည္းအေဝး တက္ေရာက္ရသည္မ်ားရွိေၾကာင္း သိရသည္။

နိုင္ငံ့အာဏာကို ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔က စၿပီး စစ္တပ္က သိမ္းလိုက္ၿပီးေနာက္ အုပ္ခ်ဳပ္ေရးပိုင္းအျပင္ ဌာနဆိုင္ရာ

မ်ားအထိ စစ္တပ္၏ အာဏာသက္ေရာက္သြားၿပီး အာဏာသိမ္းစစ္တပ္ကို အလိုမရွိ၍ ဆန႔္က်င္ၾကသည့္ ျပည္သူမ်ားအား စစ္တပ္က ဦးေဆာင္ကာ ဖမ္းဆီးျခင္းမ်ားအထိ ျပဳလုပ္ေနျခင္းလည္းျဖစ္သည္။