ၾကားသိသမွ်

အ​ဝေးပစ် ၆၀(မမ) တီထွင်နိုင်ခဲ့ဟု လက်နက်ထုတ်လုပ်​ရေးအဖွဲ့ အတည်ပြု

အ​ဝေးပစ် ၆၀(မမ) တီထွင်နိုင်ခဲ့ဟု လက်နက်ထုတ်လုပ်​ရေးအဖွဲ့ အတည်ပြု

အဝေးပစ်လက်နက် ၆၀(မမ)ကို တီထွင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာပြည်အလယ်ပိုင်းရှိ လက်နက်ထုတ်လုပ်ရေးအဖွဲ့ MTT

Production တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

၆၀(မမ) တီထွင်ရန် အချိန် တစ်လကျော်ကြာမြင့်ခဲ့ပြီး တီထွင်စဉ်တွင် ရဲဘော်တစ်ဦးဆုံးပါးခဲ့ကာ တစ်ဦး လက်ချောင်း နှစ်ချောင်းပြတ်ခဲ့ရ

သည်ဟု ဆိုသည်။


“LPDF တွေကိုတော့ ၆၀(မမ) တချို့ စထောက်ပံ့နေပြီ။ကျွန်တော်တို့ကိုယ်တိုင်လည်း ယင်းမာပင်နဲ့ ကနီဘက်တိုက်ပွဲတွေမှာ ကိုယ်တိုင်

ပါဝင်နေပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် လက်နက်အချို့ ဆက်လက်တီထွင်နိုင်ရန် ငွေကြေးနှင့် ခဲယမ်းများ အခက်အခဲရှိ နေသောကြောင့် တက်နိုင်သမျှထောက်ပံ့ ပေး

ရန်လည်း ၎င်းက တောင်းဆိုသည်။


“ကျွန်တော်တို့ LPDF နှင့် MTT Production အဖွဲ့ကို ယုံကြည်စွာကူညီပံ့ပိုးပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပြီးလေးစားမိပါ

ကြောင်း ဦးစွာပြောလိုပါတယ်။ပါဝင်အားဖြည့်မှု့အစုစုတိုင်းအတွက်လည်း ခွန်အားဖြစ်ရပါတယ်။မိတ်ဆွေတို့ ကူညီပေးခဲ့ကြတဲ့ အရာရာ

တိုင်းကိုလည်း တော်လှန်ရေးကိစ္စအဝဝမှလွဲ၍


မိမိကိုယ်ကျိုးအတွက်ရော၊ မိမိအစုအဖွဲ့ကိုယ်ကျိုးအတွက်ပါ လုံးဝ လုံးဝ အသုံးပြုမည် မဟုတ်ပါကြောင်းကိုလည်း ကတိသစ္စာပြုကြောင်း”

MTT Production က ထုတ်ပြန်ထားသည်။


မကြာသေးမီရက်ပိုင်းက စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များက ရေမြုပ်မိုင်းများ တီထွင်နိုင်ခဲ့ကြောင်းလည်း ကြေညာထားသည်။

ထို့အပြင် ဒီဇင်ဘာ ၁၃ ရက်ကလည်း ကနီမြို့နယ်မဲဒင်ရွာ ကျွန်းခုံအနီး၌ ရေမြုပ်မိုင်းကို စတင်အသုံးပြုခဲ့ပြီး တိုက်ခိုက်ခံရသော

အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်တစ်စီးသည် နစ်မြှုပ်ခဲ့ကြောင်း ကနီPDFက ထုတ်ပြန်ထားသည်။

Zawgyi

အ​ေဝးပစ္ ၆၀(မမ) တီထြင္နိုင္ခဲ့ဟု လက္နက္ထုတ္လုပ္​ေရးအဖြဲ႕ အတည္ျပဳ

အေဝးပစ္လက္နက္ ၆၀(မမ)ကို တီထြင္အသုံးျပဳနိုင္ၿပီျဖစ္ေၾကာင္း ျမန္မာျပည္အလယ္ပိုင္းရွိ လက္နက္ထုတ္လုပ္ေရးအဖြဲ႕ MTT Production တာဝန္ရွိသူတစ္ဦးက လူထုေႏြဦးသို႔ အတည္ျပဳသည္။

၆၀(မမ) တီထြင္ရန္ အခ်ိန္ တစ္လေက်ာ္ၾကာျမင့္ခဲ့ၿပီး တီထြင္စဥ္တြင္ ရဲေဘာ္တစ္ဦးဆုံးပါးခဲ့ကာ တစ္ဦး လက္ေခ်ာင္း ႏွစ္ေခ်ာင္းျပတ္ခဲ့ရသည္ဟု ဆိုသည္။

“LPDF ေတြကိုေတာ့ ၆၀(မမ) တခ်ိဳ႕ စေထာက္ပံ့ေနၿပီ။ကၽြန္ေတာ္တို႔ကိုယ္တိုင္လည္း ယင္းမာပင္နဲ႔ ကနီဘက္တိုက္ပြဲေတြမွာ ကိုယ္တိုင္ပါဝင္ေနပါတယ္”ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။

လက္ရွိတြင္ လက္နက္အခ်ိဳ႕ ဆက္လက္တီထြင္နိုင္ရန္ ေငြေၾကးႏွင့္ ခဲယမ္းမ်ား အခက္အခဲရွိ ေနေသာေၾကာင့္ တက္နိုင္သမၽွေထာက္ပံ့ ေပးရန္လည္း ၎က ေတာင္းဆိုသည္။

“ကၽြန္ေတာ္တို႔ LPDF ႏွင့္ MTT Production အဖြဲ႕ကို ယုံၾကည္စြာကူညီပံ့ပိုးေပးၾကတဲ့ တစ္ဦးခ်င္းစီတိုင္းကိုေက်းဇူးတင္ၿပီးေလးစားမိပါေၾကာင္း ဦးစြာေျပာလိုပါတယ္။ပါဝင္အားျဖည့္မႈ႔အစုစုတိုင္းအတြက္လည္း ခြန္အားျဖစ္ရပါတယ္။

မိတ္ေဆြတို႔ ကူညီေပးခဲ့ၾကတဲ့ အရာရာတိုင္းကိုလည္း ေတာ္လွန္ေရးကိစၥအဝဝမွလြဲ၍

မိမိကိုယ္က်ိဳးအတြက္ေရာ၊ မိမိအစုအဖြဲ႕ကိုယ္က်ိဳးအတြက္ပါ လုံးဝ လုံးဝ အသုံးျပဳမည္ မဟုတ္ပါေၾကာင္းကိုလည္း ကတိသစၥာျပဳေၾကာင္း” MTT Production က ထုတ္ျပန္ထားသည္။

မၾကာေသးမီရက္ပိုင္းက စစ္ကိုင္းတိုင္းရွိ ျပည္သူ႔ကာကြယ္ေရးတပ္မ်ားက ေရျမဳပ္မိုင္းမ်ား တီထြင္နိုင္ခဲ့ေၾကာင္းလည္း ေၾကညာထားသည္။

ထို႔အျပင္ ဒီဇင္ဘာ ၁၃ ရက္ကလည္း ကနီၿမိဳ႕နယ္မဲဒင္ရြာ ကၽြန္းခုံအနီး၌ ေရျမဳပ္မိုင္းကို စတင္အသုံးျပဳခဲ့ၿပီး တိုက္ခိုက္ခံရေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ ေရယာဥ္တစ္စီးသည္ နစ္ျမႇုပ္ခဲ့ေၾကာင္း ကနီPDFက ထုတ္ျပန္ထားသည္။