ၾကားသိသမွ်

MDY သူနာပြုလင်မယားနာရေး စကစ လာတွေ့

မန္တလေး ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီ ထုတ်ပြန်ချက်ကို အသိသတိနှင့် ချင့်ချိန်ရန် M.P.F တိုက်တွန်း

မန္တလေးတွင် သူနာပြုနှင့် ခင်ပွန်းဖြစ်သူ ပစ်သတ်ခံရမှုမှာ PDF များ၏ လက်ချက်ဟု စစ်ကောင်စီက စွပ်စွဲပြီးနောက် ၂၄ နာရီအတွင်း

အသေ၊ အရှင် ဖမ်းမိကြောင်း ထုတ်ပြန်ချက်အပေါ် ပြည်သူများ အနေဖြင့် အသိသတိနှင့်ယှဉ်ပြီး စဉ်းစားချင့်ချိန်ကြရန် မန္တလေးအခြေစိုက်

Mandalay Phoenix Force(M.P.F) က ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်က မန္တလေးမြို့၊ ၆၂ လမ်းပေါ်၊ ခုတင် ၃၀၀ ဆံ့သင်ကြားရေး ဆေးရုံအနီး သူနာပြုနှင့် ခင်ပွန်းဖြစ်သူ သတ်ဖြတ်ခံ

ရမှု အပါအဝင်၊ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှု၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်

အတွင်း ကပ္ပိယတစ်ဦး ပစ်ခတ်ခံရတို့နှင့် ပတ်သက်၍ PDF လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုထုတ်ပြန်မှုတွင် သူနာပြုဇနီးမောင်နှံအား ပစ်သတ်မှုအပေါ် စွပ်စွဲမှုမှာ ၎င်းတို့ လုပ်ဆောင်ခြင်း လုံးဝ မဟုတ်ကြောင်း M.P.F က

ငြင်းဆိုသည်။

“ဒီကိစ္စက PDF တွေဘက်ကလုပ်တာ မဖြစ်နိုင်ဘူးဆိုတာ ထောက်ပြစရာတွေ ရှိပါတယ်၊ ဖြစ်စဉ်ဖြစ်သွားတဲ့ နေရာက ၆၂ လမ်းပေါ်က

ခုတင် ၃၀၀ ဆံ့ဆေးရုံအနီးဆိုတော့၊ အဲဒီနေရာက စကစ(စစ်ကောင်စီ)တပ်တွေ တပ်စွဲထားတဲ့ နေရာပါ၊ အဲဒီမှာ စကစ (စစ်ကောင်စီ)တပ်

တွေ အမြဲအသင့်ရှိနေတယ်၊ ရန်သူရှိနေတဲ့ နေရာတည့်တည့်မှာ မဖြစ်နိုင်ဘူး၊ အဖြေက ရှင်းပါတယ်၊ ပြည်သူနဲ့ PDF တွေကြား စိတ်ဝမ်းကွဲ

အောင်၊ PDF တွေကို ပြည်သူတွေကြောက်ရွံ့လာအောင်လုပ်တာပါ” ဟု M.P.F ပြန်ကြားရေး တာဝန်ခံတစ်ဦးက မဇ္ဈိမ သို့ပြောသည်။

စစ်ကောင်စီဘက်က ယနေ့နံနက် ထုတ်ပြန်သည့် သတင်းတွင် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သူများမှ တစ်ဦးအား ဒီဇင်ဘာ ၁၂ ရက်

နေ့ညနေ ၆ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး၊ ၎င်း၏ထွက်ဆိုချက်အရ ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ စုစုပေါင်း ၁၀ ဦးအား လက်နက်

များနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးမှု ဖြစ်စဉ်များအတွင်း နှစ်ဘက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ကြောင်း ပါရှိသည်။

“၂၄ နာရီအတွင်း ဖမ်းမိတယ်ဆိုပြီး စကစဘက်က သတင်းဖြန့်ထားတယ်၊ ၁၀ ဦး ဖမ်းဆီးခံထားရတယ် ပြောတယ်၊ ဒါနဲ့ပတ်သက်ပြီး

ကျွန်တော်တို့ အတည်ပြုနေတုန်း ရှိပါသေးတယ်၊ ပြည်သူတွေဘက်ကလည်း အသိသတိနဲ့ယှဉ်ပြီး စဉ်းစားကြပါလို့ေ ပြာလိုပါတယ်၊ မြို့ပြ

တွေမှာ စကစတွေဘက်က ပြည်သူနဲ့ PDF တွေ စိတ်ဝမ်းကွဲအောင် စိတ်ဓာတ်စစ်ဆင်ရေးတွေ ဆင်နွှဲနေပါတယ်၊ PDF တွေကို ပြည်သူ

တွေေ ကြာက်ရွံ့လာအောင် လုပ်ဆောင်နေတာ တွေ့ရပါတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း မန္တလေးမြို့တွင် PDF အပါအဝင် PDF နှင့် ဆက်စပ်သူ ၃၃ ဦး ဖမ်းဆီးရမိ

ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးပြီး၊ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် လွတ်မြောက်နယ်မြေ ရောက်ရှိနေသော ပြည်သူ့လွှတ်တော်

ကိုယ်စားလှယ်တစ်ဦးနှင့် အဖမ်းမခံရသေး သူများလည်း ပါဝင်နေသည်ကို တွေ့ရသည်။Mandalay Phoenix Force(M.P.F)

Zawgyi

မႏၲေလး ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ စစ္ေကာင္စီ ထုတ္ျပန္ခ်က္ကို အသိသတိႏွင့္ ခ်င့္ခ်ိန္ရန္ M.P.F တိုက္တြန္း

မႏၲေလးတြင္ သူနာျပဳႏွင့္ ခင္ပြန္းျဖစ္သူ ပစ္သတ္ခံရမႈမွာ PDF မ်ား၏ လက္ခ်က္ဟု စစ္ေကာင္စီက စြပ္စြဲၿပီးေနာက္ ၂၄ နာရီအတြင္း အေသ၊ အရွင္ ဖမ္းမိေၾကာင္း ထုတ္ျပန္ခ်က္အေပၚ ျပည္သူမ်ား အေနျဖင့္ အသိသတိႏွင့္ယွဥ္ၿပီး စဥ္းစားခ်င့္ခ်ိန္ၾကရန္ မႏၲေလးအေျခစိုက္ Mandalay Phoenix Force(M.P.F) က ေျပာသည္။

ယမန္ေန႔ ဒီဇင္ဘာ ၁၂ ရက္က မႏၲေလးၿမိဳ႕၊ ၆၂ လမ္းေပၚ၊ ခုတင္ ၃၀၀ ဆံ့သင္ၾကားေရး ေဆး႐ုံအနီး သူနာျပဳႏွင့္ ခင္ပြန္းျဖစ္သူ သတ္ျဖတ္ခံရမႈ အပါအဝင္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (ဇ) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ပစ္သတ္ခံရမႈ၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေအာင္ပင္လယ္ရပ္ကြက္အတြင္း ကပၸိယတစ္ဦး ပစ္ခတ္ခံရတို႔ႏွင့္ ပတ္သက္၍ PDF လက္ခ်က္ျဖစ္ေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ထိုထုတ္ျပန္မႈတြင္ သူနာျပဳဇနီးေမာင္ႏွံအား ပစ္သတ္မႈအေပၚ စြပ္စြဲမႈမွာ ၎တို႔ လုပ္ေဆာင္ျခင္း လုံးဝ မဟုတ္ေၾကာင္း M.P.F က ျငင္းဆိုသည္။

“ဒီကိစၥက PDF ေတြဘက္ကလုပ္တာ မျဖစ္နိုင္ဘူးဆိုတာ ေထာက္ျပစရာေတြ ရွိပါတယ္၊ ျဖစ္စဥ္ျဖစ္သြားတဲ့ ေနရာက ၆၂ လမ္းေပၚက ခုတင္ ၃၀၀ ဆံ့ေဆး႐ုံအနီးဆိုေတာ့၊ အဲဒီေနရာက စကစ(စစ္ေကာင္စီ)တပ္ေတြ တပ္စြဲထားတဲ့ ေနရာပါ၊ အဲဒီမွာ စကစ (စစ္ေကာင္စီ)တပ္ေတြ အျမဲအသင့္ရွိေနတယ္၊

ရန္သူရွိေနတဲ့ ေနရာတည့္တည့္မွာ မျဖစ္နိုင္ဘူး၊ အေျဖက ရွင္းပါတယ္၊ ျပည္သူနဲ႔ PDF ေတြၾကား စိတ္ဝမ္းကြဲေအာင္၊ PDF ေတြကို ျပည္သူေတြေၾကာက္ရြံ့လာေအာင္လုပ္တာပါ” ဟု M.P.F ျပန္ၾကားေရး တာဝန္ခံတစ္ဦးက မဇၩိမ သို႔ေျပာသည္။

စစ္ေကာင္စီဘက္က ယေန႔နံနက္ ထုတ္ျပန္သည့္ သတင္းတြင္ ပစ္ခတ္သတ္ျဖတ္ျခင္းမ်ား ျပဳလုပ္ခဲ့သူမ်ားမွ တစ္ဦးအား ဒီဇင္ဘာ ၁၂ ရက္ေန႔ညေန ၆ နာရီခြဲခန႔္တြင္ ဖမ္းဆီးရမိခဲ့ၿပီး၊ ၎၏ထြက္ဆိုခ်က္အရ ဆက္လက္ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ရာ စုစုေပါင္း ၁၀ ဦးအား လက္နက္မ်ားႏွင့္အတူ ဖမ္းဆီးနိုင္ခဲ့ေၾကာင္း၊ ဖမ္းဆီးမႈ ျဖစ္စဥ္မ်ားအတြင္း ႏွစ္ဘက္ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈ ရွိခဲ့ေၾကာင္း ပါရွိသည္။

“၂၄ နာရီအတြင္း ဖမ္းမိတယ္ဆိုၿပီး စကစဘက္က သတင္းျဖန႔္ထားတယ္၊ ၁၀ ဦး ဖမ္းဆီးခံထားရတယ္ ေျပာတယ္၊ ဒါနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ အတည္ျပဳေနတုန္း ရွိပါေသးတယ္၊ ျပည္သူေတြဘက္ကလည္း အသိသတိနဲ႔ယွဥ္ၿပီး စဥ္းစားၾကပါလို႔ေ ျ

ပာလိုပါတယ္၊ ၿမိဳ႕ျပေတြမွာ စကစေတြဘက္က ျပည္သူနဲ႔ PDF ေတြ စိတ္ဝမ္းကြဲေအာင္ စိတ္ဓာတ္စစ္ဆင္ေရးေတြ ဆင္ႏႊဲေနပါတယ္၊ PDF ေတြကို ျပည္သူေတြေ ၾကာက္ရြံ့လာေအာင္ လုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္” ဟု ၎ကဆိုသည္။

စစ္ေကာင္စီသည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁ ရက္ေန႔ကလည္း မႏၲေလးၿမိဳ႕တြင္ PDF အပါအဝင္ PDF ႏွင့္ ဆက္စပ္သူ ၃၃ ဦး ဖမ္းဆီးရမိေၾကာင္း သတင္းထုတ္ျပန္ခဲ့ဖူးၿပီး၊ အဆိုပါ သတင္းထုတ္ျပန္ခ်က္တြင္ လြတ္ေျမာက္နယ္ေၿမ ေရာက္ရွိေနေသာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးႏွင့္ အဖမ္းမခံရေသး သူမ်ားလည္း ပါဝင္ေနသည္ကို ေတြ႕ရသည္။Mandalay Phoenix Force(M.P.F)