ၾကားသိသမွ်

တောင်တွင်းကြီးမြို့ စည်ပင်ရုံးနှင့် MPT ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းတည့်က MDA-နဂါးတပ်ဖွဲ့နဲ့ ဗိဿနိုး PDF တို့ပူးပေါင်းပြီး မြို့နယ်

စည်ပင်ရုံးနဲ့ MPT ရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမြို့က စည်ပင်ရုံးနဲ့ MPT ရုံးကို ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ နှစ်ဖွဲ့ပူးပေါင်းပြီး ဗုံးတစ်လုံးစီ ပစ်ခတ်တိုက်ခိုက်ခဲ့

တယ်လို့ MDA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာနှင်းမောင်က DVB ကို ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ် စည်ပင်ရုံးအနေနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က Silent Strike ပြုလုပ်ခဲ့တဲ့ စျေးဆိုင်တွေကိုတွေကို စစ်ကောင်စီနဲ့

ပူးပေါင်းပြီး အတင်းအကြပ် ပိတ်ခိုင်းနေပြီး MPT ရုံးကတော့ ပြည်သူလူထုဆီကနေ မိုးဘိုင်းအင်တာ DATA စျေးနှုန်းတွေ တိုးမြှင့်

ကောက်ခံနေတာကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တောင်တွင်ကြီးမြို့ပေါ် လမ်းဆုံလမ်းခွတွေနဲ့ ဌာနာဆိုင်ရာ ရုံးတွေမှာ စစ်ကောင်စီတပ်အင်အား တိုးမြှင့်ထားတဲ့ကြားက ဖောက်ခွဲတိုက်ခိုက်

ခဲ့တာပါ။

“အဲဒီပေါက်ကွဲမှုကြောင့် စည်ပင်ရုံးက ဝန်ထမ်းတစ်ချို့နဲ့ အဆောက်ဦကို ထိခိုက်နိုင်ပြီးတော့ MPT ရုံးအပြင်ဘက်မှာ ရပ်ထားတဲ့ ဆိုင်ကယ်

တွေလည်းပျက်စီးနိုင်တယ်ဗျ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဘေးကင်းရာကို ဆုတ်ခွာနေရတာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေနေကို အတိ

ကျမသိရသေးဘူး” လို့ ပြန်ကြားရေးတာဝန်ခံ ဆရာနှင်းမောင်က ပြောပါတယ်။

အဲဒီ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် MPT ရုံးနားက ထွေအုပ်အငြိမ်းစား ဝန်ထမ်းတစ်ယောက်ပိုင်ဆိုင်တဲ့ တော်ဝင်စားသောက်ဆိုင်မှာ ထိုင်

နေတဲ့ ပြည်သူ အယောက် ၂၀ လောက်ကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ တောင်းတွင်းကြီးမြို့ ဒေသခံတစ်ယောက်က

ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်မှာ စစ်ရေးအရှိန်ဟုန်တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်စီးကားတွေကို မှန်ချပြီးမှ

မောင်းနှင်ကြဖို့၊ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေကို ရှောင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက သတိပေးထားပါတယ်။

Zawgyi

မေကြးတိုင္းေဒသႀကီး ေတာင္တြင္းႀကီးၿမိဳ႕မွာ ဒီဇင္ဘာ ၁၃ ရက္ေန႔ မြန္းတည့္က MDA-နဂါးတပ္ဖြဲ႕နဲ႔ ဗိႆနိုး PDF တို႔ပူးေပါင္းၿပီး ၿမိဳ႕နယ္စည္ပင္႐ုံးနဲ႔ MPT ႐ုံးေတြကို ဗုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

ေတာင္တြင္းႀကီးၿမိဳ႕က စည္ပင္႐ုံးနဲ႔ MPT ႐ုံးကို ဒီကေန႔ မြန္းတည့္ ၁၂ နာရီေလာက္မွာ ႏွစ္ဖြဲ႕ပူးေပါင္းၿပီး ဗုံးတစ္လုံးစီ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ MDA တပ္ဖြဲ႕ရဲ့ ျပန္ၾကားေရးတာဝန္ခံ ဆရာႏွင္းေမာင္က DVB ကို ေျပာပါတယ္။

ေတာင္တြင္းႀကီးၿမိဳ႕နယ္ စည္ပင္႐ုံးအေနနဲ႔ ဒီဇင္ဘာလ ၁၀ ရက္ေန႔က Silent Strike ျပဳလုပ္ခဲ့တဲ့ ေစ်းဆိုင္ေတြကိုေတြကို စစ္ေ

ကာင္စီနဲ႔ ပူးေပါင္းၿပီး အတင္းအၾကပ္ ပိတ္ခိုင္းေနၿပီး MPT ႐ုံးကေတာ့ ျပည္သူလူထုဆီကေန မိုးဘိုင္းအင္တာ DATA ေစ်းႏႈန္းေတြ တိုးျမႇင့္ ေကာက္ခံေနတာေၾကာင့္ ဗုံးခြဲတိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

ေတာင္တြင္ႀကီးၿမိဳ႕ေပၚ လမ္းဆုံလမ္းခြေတြနဲ႔ ဌာနာဆိုင္ရာ ႐ုံးေတြမွာ စစ္ေကာင္စီတပ္အင္အား တိုးျမႇင့္ထားတဲ့ၾကားက ေဖာက္ခြဲတိုက္ခိုက္ခဲ့တာပါ။

“အဲဒီေပါက္ကြဲမႈေၾကာင့္ စည္ပင္႐ုံးက ဝန္ထမ္းတစ္ခ်ိဳ႕နဲ႔ အေဆာက္ဦကို ထိခိုက္နိုင္ၿပီးေတာ့ MPT ႐ုံးအျပင္ဘက္မွာ ရပ္ထားတဲ့ ဆိုင္ကယ္ေတြ

လည္းပ်က္စီးနိုင္တယ္ဗ်။ က်ေနာ္တို႔ တပ္ဖြဲ႕ဝင္ေတြ ေဘးကင္းရာကို ဆုတ္ခြာေနရတာေၾကာင့္ ထိခိုက္ပ်က္စီးတဲ့ အေျခေနကို အတိက်မသိရေသးဘူး” လို႔ ျပန္ၾကားေရးတာဝန္ခံ ဆရာႏွင္းေမာင္က ေျပာပါတယ္။

အဲဒီ ဗုံးေပါက္ကြဲမႈျဖစ္ၿပီးတဲ့ေနာက္ MPT ႐ုံးနားက ေထြအုပ္အၿငိမ္းစား ဝန္ထမ္းတစ္ေယာက္ပိုင္ဆိုင္တဲ့ ေတာ္ဝင္စားေသာက္ဆိုင္မွာ ထို

င္ေနတဲ့ ျပည္သူ အေယာက္ ၂၀ ေလာက္ကို စစ္ေကာင္စီတပ္က ရိုက္ႏွက္ဖမ္းဆီးသြားတယ္လို႔ ေတာင္းတြင္းႀကီးၿမိဳ႕ ေဒသခံတစ္ေယာက္က ေျပာပါတယ္။

မေကြးတိုင္းေဒသႀကီးအတြင္မွာ စစ္ေရးအရွိန္ဟုန္တိုးျမႇင့္လုပ္ေဆာင္ေနတာေၾကာင့္ ျပည္သူေတြအေနနဲ႔ အိမ္စီးကားေတြ

ကို မွန္ခ်ၿပီးမွေမာင္းႏွင္ၾကဖို႔၊ စစ္အုပ္စုနဲ႔ နီးစပ္တဲ့ေနရာေတြကို ေရွာင္ၾကဖို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕အသီးသီးက သတိေပးထားပါတယ္။