ၾကားသိသမွ်

နဂါးဖြူ ပြည်သူ့ကာကွယ်ရေး ဆေးတပ်သားများ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေး

နဂါးဖြူ ပြည်သူ့ကာကွယ်ရေး ဆေးတပ်သားများ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေး

နဂါးဖြူတပ်ရင်းရှိ ပြည်သူ့ကာကွယ်ရေး ဆေးတပ်သားများမှ နီးစပ်ရာ ကျေးရွာရှိ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ ပေး

လျက်ရှိကြောင်း တပ်ရင်းဆေးမှူးထံမှ သိရသည်။

NUG တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နဂါးဖြူတပ်ရင်းရှိ ရဲဘော်များ၏ ကျန်းမာရေးအပြင် နီးစပ်ရာနေရာများရှိ ပြည်သူများ၏ ကျန်းမာရေး

အတွက် Mobile Medical Team ဖွဲ့ထားခြင်းဖြစ်ပြီး အဖွဲ့တွင် ဆေးတပ်သား ၁၀ ဦးကျော်ခန့်ရှိကြောင်း တပ်ရင်းဆေးမှူးက ပြော

ပြသည်။


” ပြည်သူနဲ့ ကျွန်တော်တို့က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့၊ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်တဲ့အခါ ပြည်သူတွေက ကျွန်တော်တို့ လိုတာ

တွေကို ခဲရာခဲဆစ်အကုန် ပို့ပေးတယ်၊ ပြည်သူတွေက ကျွန်တော်တို့အပေါ် တော်တော်စေတနာရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း

ပြင်းထန်တဲ့တိုက်ပွဲတွေ မရှိချိန် ဒီလိုမျိုး ပြည်သူတွေလိုအပ်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို လုပ်ပေးချင်တဲ့စိတ်နဲ့ Mobile

Medical Team ကို လွန်ခဲ့တဲ့လက စပြီးဖွဲ့ခဲ့တာပါ” ဟု သူက ပြောသည်။

ခက်ခဲသည့်ဒေသရှိ ပြည်သူများ၏ ဒုက္ခများကို ယခုကာလမှ ပိုမိုသိရှိလာရကာ တတ်နိုင်သည့်ဘက်မှ ကူညီခြင်းဖြစ်ကြောင်းနှင့် ပြည်သူများ

နေကောင်းကျန်းမာကာ စိတ်ချမ်းသာပါက ကျေနပ်ပြီဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။


“အရမ်းလှမ်းတဲ့နေရာက တချို့တော်တော်ချို့တဲ့ တဲ့သူတွေဆိုရင် ကျွန်တော်တို့ သွားလိုက်တော့ တချို့ဆို မျက်ရည်တွေပါကျတယ်။ ဒီလို

ဝေးပြီး ဖွံ့ဖြိုးမှုမရှိတဲ့ ‌နေရာကို ကျွန်တော်တို့သွားတော့ ဒါသူတို့အတွက် ၁၀ နှစ် တစ်ခေါက်တောင် မရှိတဲ့ အဖြစ်မျိုးဆိုတော့ တချို့ဆို

ဝမ်းသာမျက်ရည်တွေပါကျတယ်” ဟု တပ်ရင်းဆေးမှူးက ဒေသခံများ၏ အခြေအနေအား ပြန်ပြောပြသည်။

လက်ရှိတွင်လည်း တပ်ခွဲမှ ဆေးပညာ စိတ်ပါဝင်စားသည့် ရဲဘော်များအတွက် လိုအပ်သည့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးကာ

ဆေးတပ်ဖွဲ့တွင် ပါဝင်နိုင်ရန်စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi

နဂါးျဖဴ ျပည္သူ႔ကာကြယ္ေရး ေဆးတပ္သားမ်ား ျပည္သူမ်ားကို က်န္းမာေရး ေစာင့္ေရွာက္မႈေပး

နဂါးျဖဴတပ္ရင္းရွိ ျပည္သူ႔ကာကြယ္ေရး ေဆးတပ္သားမ်ားမွ နီးစပ္ရာ ေက်းရြာရွိ ျပည္သူမ်ားကို က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ေပးလ်က္ရွိေၾကာင္း တပ္ရင္းေဆးမႉးထံမွ သိရသည္။

NUG ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ နဂါးျဖဴတပ္ရင္းရွိ ရဲေဘာ္မ်ား၏ က်န္းမာေရးအျပင္ နီးစပ္ရာေနရာမ်ားရွိ ျပည္သူမ်ား၏ က်န္း

မာေရးအတြက္ Mobile Medical Team ဖြဲ႕ထားျခင္းျဖစ္ၿပီး အဖြဲ႕တြင္ ေဆးတပ္သား ၁၀ ဦးေက်ာ္ခန႔္ရွိေၾကာင္း တပ္ရင္းေဆးမႉးက ေျပာျပသည္။

” ျပည္သူနဲ႔ ကၽြန္ေတာ္တို႔က ကိုင္းကၽြန္းမွီ ကၽြန္းကိုင္းမွီေပါ့၊ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္တဲ့အခါ ျပည္သူေတြ

က ကၽြန္ေတာ္တို႔ လိုတာေတြကို ခဲရာခဲဆစ္အကုန္ ပို႔ေပးတယ္၊ ျပည္သူေတြက ကၽြန္ေတာ္တို႔အေပၚ ေတာ္ေတာ္ေစတနာရွိတယ္။

ကၽြန္ေတာ္တို႔ဘက္ကလည္း ျပင္းထန္တဲ့တိုက္ပြဲေတြ မရွိခ်ိန္ ဒီလိုမ်ိဳး ျပည္သူေတြလိုအပ္ေနတဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈေတြကို လုပ္ေပးခ်င္တဲ့စိတ္နဲ႔ Mobile Medical Team ကို လြန္ခဲ့တဲ့လက စၿပီးဖြဲ႕ခဲ့တာပါ” ဟု သူက ေျပာသည္။

ခက္ခဲသည့္ေဒသရွိ ျပည္သူမ်ား၏ ဒုကၡမ်ားကို ယခုကာလမွ ပိုမိုသိရွိလာရကာ တတ္နိုင္သည့္ဘက္မွ ကူညီျခင္းျဖစ္ေၾကာင္းႏွင့္ ျပည္သူမ်ား ေနေကာင္းက်န္းမာကာ စိတ္ခ်မ္းသာပါက ေက်နပ္ၿပီျဖစ္ေၾကာင္းလည္း သူကဆက္ေျပာသည္။

“အရမ္းလွမ္းတဲ့ေနရာက တခ်ိဳ႕ေတာ္ေတာ္ခ်ိဳ႕တဲ့ တဲ့သူေတြဆိုရင္ ကၽြန္ေတာ္တို႔ သြားလိုက္ေတာ့ တခ်ိဳ႕ဆို မ်က္ရည္ေတြပါက်တယ္။

ဒီလိုေဝးၿပီး ဖြံ့ၿဖိဳးမႈမရွိတဲ့ ‌ေနရာကို ကၽြန္ေတာ္တို႔သြားေတာ့ ဒါသူတို႔အတြက္ ၁၀ ႏွစ္ တစ္ေခါက္ေတာင္ မရွိတဲ့ အျဖစ္မ်ိဳးဆိုေတာ့ တခ်ိဳ႕ဆို ဝမ္းသာမ်က္ရည္ေတြပါက်တယ္” ဟု တပ္ရင္းေဆးမႉးက ေဒသခံမ်ား၏ အေျခအေနအား ျပန္ေျပာျပသည္။

လက္ရွိတြင္လည္း တပ္ခြဲမွ ေဆးပညာ စိတ္ပါဝင္စားသည့္ ရဲေဘာ္မ်ားအတြက္ လိုအပ္သည့္ ေလ့က်င့္သင္ၾကားမႈမ်ား ျပဳလုပ္ေပးကာ ေဆးတပ္ဖြဲ႕တြင္ ပါဝင္နိုင္ရန္စီစဥ္ေပးလ်က္ရွိေၾကာင္း သိရသည္။