ၾကားသိသမွ်

ပုလောတွင် CDM လက်ထောက်မြို့နယ်ပညာရေးမှူးဦးသာဝင်း၊ မဆောင်းမြတ်အောင်နှင့် မခြူးသီရိနိုင်တို့ စစ်တပ်ပိုင် စရဖ ကားဖြင့် တိုက်၊ ကားမောင်းသူမှာ ကြံ့ခိုင်ရေးပါတီဝင် စစ်တပ်ထောက်ခံသူဖြစ်နေ

ပုလောတွင် CDM လက်ထောက်မြို့နယ်ပညာရေးမှူးဦးသာဝင်း၊ မဆောင်းမြတ်အောင်နှင့် မခြူးသီရိနိုင်တို့ စစ်တပ်ပိုင် စရဖ ကားဖြင့်

တိုက်သတ်ခံရ၊ ကားမောင်းသူမှာ ကြံ့ခိုင်ရေးပါတီဝင် စစ်တပ်ထောက်ခံသူဖြစ်နေ

တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဝင်းနှင့် အမျိုးသမီးငယ်နှစ်ဦးသည် ယမန်နေ့ညပိုင်း စစ်တပ်ပိုင် စရဖ

ကားဖြင့် တိုက်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ပုလောမြို့နယ်၊ ဖိုးရှမ်းကမ်းခြေအနီးမှာ ဒီဇင်ဘာလ ၁၂ ရက်ည ၇ နာရီဝန်းကျင်အချိန် ကားဖြင့် တိုက်သတ်ခံရခြင်းဖြစ်ပြီး အရှိန်ပြင်းပြင်း

ဖြင့်တိုက်သတ်သွားသည့် ကားသည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) ကားဖြစ်ကြောင်း ဒေသခံများက ပြောသည်။


အဆိုပါ စစ်တပ်ပိုင် စရဖကားကို မောင်းသူမှာ ဦးသန်းရှိန်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ကြောင်း ၊အာဏာသိမ်းမှုဘက်မှ ရပ်တည်သူ

ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

CDM ပြုလုပ်ထားသည့် လက်ထောက်မြို့နယ်ပညာရေးမှူး အသက် ၅၇ နှစ်အရွယ် ဦးသာဝင်းသည် ဖိုးရှမ်းကမ်းခြေဘက်မှ ပြန်လာချိန်မှာ

ကားတိုက် အသတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဦးသာဝင်းကိုမတိုက်မိခင် လမ်းနံဘေးရပ်စကားပြောနေတဲ့ အမျိုးသမီးငယ် ၄ ဦးကို အရှိန်ပြင်းပြင်းဖြင့် အရင်တိုက်မိခဲ့ပြီး နှစ်ဦးမှာ

ပွဲချင်းပြီးသေဆုံးကြောင်း၊ အခြားအမျိုးသမီးတစ်ဦးမှာမူ ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။


ဦးသာဝင်းကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့ပြီး အလောင်းများ လက်ရှိအချိန်တွင် ပုလောမြို့နယ်ဆေးရုံတွင် ရှိနေကြောင်း

ဒေသခံများက ဆိုသည်။

” ဦးသာဝင်းကို ကားနဲ့တိုက်တဲ့သူရဲ့ အဖွဲ့ထဲက တစ်ယောက်က ဖုန်းဆက်ပြီးခေါ်လိုက်တာ။ ကမ်းခြေမှာမွေးနေ့ရှိလို့ စားကြသောက်ကြဖို့ဆို

ပြီး။ ဦးသာဝင်းက နေ့လယ် တစ်နာရီခွဲလောက်ကတည်းက ဆိုင်ကယ်တစ်စီးနဲ့ အိမ်ကထွက်သွားတယ်။ ကမ်းခြေရောက်ပြီးနည်းနည်းကြာ

တော့ အသိထဲက အမူးလွန်နေတဲ့သူတစ်ယောက်ကို ဆိုင်ကယ်နဲ့ပဲ ကမ်းခြေနဲ့ သုံးမိုင်လောက်​ဝေးတဲ့ ရေချိုရွာကိုပြန်လိုက်ပို့တယ်။ ပြီးတာ

နဲ့ကမ်းခြေကိုပြန်လာတော့ ကမ်းခြေမှာ မွေးနေ့ပွဲပြီးပြီဆိုပြီး လူတွေပြန်နေကြတော့ သူလည်းပြန်လာလိုက်တာ။ အပြန်လမ်းမှာ အခုလိုဖြစ်

တာပဲ” ဟု ဒေသခံတစ်ဦးကဆိုသည်။


ဦးသာဝင်းကို တိုက်ခဲ့သည့် စစ်တပ်ပိုင် စရဖ ကားကိုမောင်းသည့် ဦးသန်းရှိန်သည် ဖိုးရှမ်းကမ်းခြေတွင် မွေးနေ့ပွဲကို တက်ရောက်ခဲ့သ

ဖြစ်ကြောင်း သိရှိရသည်။

ကားဖြင့် တိုက်ခံရသော အမျိုးသမီးငယ် ၄ ဦးမှာလည်း ကမ်းခြေမှ ပြန်လာသူများဖြစ်ပြီး အသက်နှစ်ဆယ်ဝန်းကျင်အရွယ် မဆောင်းမြတ်

အောင်နှင့် မခြူးသီရိနိုင်တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“စရဖကားကိုမောင်းလာတဲ့ ဦးသန်းရှိန်ဆိုတဲ့လူက ဦးသာဝင်းနဲ့ သူငယ်ချင်းအရင်းကြီးတွေ။ အခုက ဘယ်လိုဖြစ်ကြတာလဲမသိဘူး။ တမင်

တိုက်သတ်တဲ့ပုံစံမျိုးဖြစ်နေတယ်” ဟု ဖိုးရှမ်းကမ်းခြေအနီးမှ ရှပ်ပုံရွာသားတစ်ဦးက ပြောသည်

ဦးသာဝင်းနှင့် အမျိုးသမီးငယ်နှစ်ဦးကို ရည်ရွယ်ချက်ရှိရှိကားဖြင့်တိုက်သတ်ခဲ့သည့်ဖြစ်စဥ်တွင် အကြမ်းဖက်လုပ်ဆောင်ခဲ့သူများနှင့် ပါဝင်

ဆက်စပ်သူများကို ပြင်းပြင်းထန်ထန်အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

The Tanintharyi Times
ဓာတ်ပုံ – ကားတိုက်ခံရပြီးသေဆုံးခဲ့သည့် CDM လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသာဝင်း၊ မဆောင်းမြတ်အောင်နှင့် မခြူးသီရိနိုင်။