ၾကားသိသမွ်

Follower သန်း ၇၀ ကျော်ရှိတဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ တွစ်တာအကောင့် အဟက်ခံရ၊ Bitcoin တွေ နိုင်ငံတွင်း ဖြန့်ဝေပေးမယ်လို့ ရေးတင်

အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့ တွစ်တာအကောင့် အဟက်ခံရ၊ Bitcoin တွေ နိုင်ငံတွင်း ဖြန့်ဝေပေးမယ်လို့ ရေးတင်

အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ တွစ်တာအကောင့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ တနင်္ဂနွေနေ့မှာ ဟက်ကာသမားတွေရဲ့ လက်ချက်နဲ့

ထိန်းချုပ်ခံခဲ့ရပါတယ်။

Follower သန်း ၇၀ ကျော်ရှိတဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ ကိုယ်ပိုင်အကောင့်မှာတော့ အဲ့ဒီနေ့က ဟက်ကာသမားတွေအနေနဲ့ အိန္ဒိယနိုင်ငံတွင်း

Bitcoin တွေ ဖြန့်ဝေပေးမယ်လို့ ရေးသားခဲ့သလို Bitcoin 500 BTC ကို တရားဝင် တင်ဒါအဖြစ်နဲ့ လက်ခံလိုက်ပြီလို့ ရေးတင်ခဲ့တာပါ။

တွစ်တာ အသုံးပြုသူတွေဟာ အိန္ဒိယအစိုးရရဲ့ အခုလို အသိပေးချက်ကြောင့် အံ့အားသင့်ခဲ့ကြပြီး အိန္ဒိယဝန်ကြီးချုပ်ရဲ့ တွစ်တာအကောင့်

ဟာ အဟက်ခံရပြီလားဆိုတဲ့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။


အမှန်တကယ်လည်း ဝန်ကြီးချုပ်မိုဒီရဲ့ အကောင့်ဟာ ဟက်ကာသမားတွေရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရတာဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာ

ဖြစ်ရပ်အတွက် ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ အကောင့်အဟက်ခံရချိန်မှာ ရေးတင်တဲ့ ရေးသားချက်မှန်သမျှကို လျစ်လျူရှုဖို့လည်း အိန္ဒိယဝန်ကြီးချုပ်ရုံးက ပြီးခဲ့တဲ့

တနင်္ဂနွေနေ့ပဲ ချက်ချင်း အသိပေးခဲ့တာပါ။


Bitcoin ဟာ ကွန်ပျူတာလျှို့ဝှက်နည်းပညာကို အသုံးပြုထားတဲ့ ဒီဂျစ်တယ် ငွေကြေးအမျိုးအစား ကုဒ်တစ်ခုဖြစ်ပါတယ်။

ကမ္ဘာအနှံ့မှာ အသုံးပြုမှု များပြားနေပေမယ့် တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံဟာ ရှားပါးလွန်းပြီး လက်ရှိမှာ အယ်ဆာဗေးဒိုးနိုင်ငံတစ်နိုင်ငံသာ

Bitcoin ကို တရားဝင်တင်ဒါအဖြစ် အသုံးပြုနေတဲ့ နိုင်ငံအဖြစ် ရှိနေတာပါ။

အခုအခါမှာတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ တွစ်တာအကောင့်ကို လုံခြုံအောင် ပြန်လည် ပြုလုပ်ထားနိုင်ပြီလို့ ဝန်ကြီးချုပ်ရုံးက အသိပေး

ထားပါတယ်။

Zawgyi

အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီရဲ့ တြစ္တာအေကာင့္ အဟက္ခံရ၊ Bitcoin ေတြ နိုင္ငံတြင္း ျဖန႔္ေဝေပးမယ္လို႔ ေရးတင္

အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီရဲ့ တြစ္တာအေကာင့္ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၂ ရက္ေန႔ တနဂၤေႏြေန႔မွာ ဟက္ကာသမားေတြရဲ့ လက္ခ်က္နဲ႔ ထိန္းခ်ဳပ္ခံခဲ့ရပါတယ္။

Follower သန္း ၇၀ ေက်ာ္ရွိတဲ့ ဝန္ႀကီးခ်ဳပ္ မိုဒီရဲ့ ကိုယ္ပိုင္အေကာင့္မွာေတာ့ အဲ့ဒီေန႔က ဟက္ကာသမားေတြအေနနဲ႔ အိႏၵိယနိုင္ငံ

တြင္း Bitcoin ေတြ ျဖန႔္ေဝေပးမယ္လို႔ ေရးသားခဲ့သလို Bitcoin 500 BTC ကို တရားဝင္ တင္ဒါအျဖစ္နဲ႔ လက္ခံလိုက္ၿပီလို႔ ေရးတင္ခဲ့တာပါ။

တြစ္တာ အသုံးျပဳသူေတြဟာ အိႏၵိယအစိုးရရဲ့ အခုလို အသိေပးခ်က္ေၾကာင့္ အံ့အားသင့္ခဲ့ၾကၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္ရဲ့ တြစ္တာအေကာင့္ဟာ အဟက္ခံရၿပီလားဆိုတဲ့ သုံးသပ္မႈေတြ ရွိခဲ့ပါတယ္။

အမွန္တကယ္လည္း ဝန္ႀကီးခ်ဳပ္မိုဒီရဲ့ အေကာင့္ဟာ ဟက္ကာသမားေတြရဲ့ ထိန္းခ်ဳပ္မႈကို ခံလိုက္ရတာျဖစ္ၿပီး မၾကာခင္အခ်ိန္အတြင္းမွာ ျဖစ္ရပ္အတြက္ ေျဖရွင္းခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ မိုဒီရဲ့ အေကာင့္အဟက္ခံရခ်ိန္မွာ ေရးတင္တဲ့ ေရးသားခ်က္မွန္သမၽွကို လ်စ္လ်ဴရႈဖို႔လည္း အိႏၵိယဝန္ႀကီးခ်ဳပ္႐ုံးက ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ပဲ ခ်က္ခ်င္း အသိေပးခဲ့တာပါ။

Bitcoin ဟာ ကြန္ပ်ဴတာလၽွို႔ဝွက္နည္းပညာကို အသုံးျပဳထားတဲ့ ဒီဂ်စ္တယ္ ေငြေၾကးအမ်ိဳးအစား ကုဒ္တစ္ခုျဖစ္ပါတယ္။

ကမၻာအႏွံ့မွာ အသုံးျပဳမႈ မ်ားျပားေနေပမယ့္ တရားဝင္ ခြင့္ျပဳထားတဲ့ နိုင္ငံဟာ ရွားပါးလြန္းၿပီး လက္ရွိမွာ အယ္ဆာေဗးဒိုးနိုင္ငံတစ္နိုင္ငံသာ Bitcoin ကို တရားဝင္တင္ဒါအျဖစ္ အသုံးျပဳေနတဲ့ နိုင္ငံအျဖစ္ ရွိေနတာပါ။

အခုအခါမွာေတာ့ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီရဲ့ တြစ္တာအေကာင့္ကို လုံျခဳံေအာင္ ျပန္လည္ ျပဳလုပ္ထားနိုင္ၿပီလို႔ ဝန္ႀကီးခ်ဳပ္႐ုံးက အသိေပးထားပါတယ္။