ၾကားသိသမွ်

လက်နက်က စကားပြောလာပြီ

လက်နက်က စကားပြောလာပြီ

မနေ့က မုံရွာမှာ စျေးပိတ်သူတွေကို မုံရွာစည်ပင်က ခြိမ်းခြောက်တယ်။ ပုံမှန်မှာဆို ပြည်သူက ဘာမှမလုပ်နိုင်ဘူး။ မုံရွာဆိုတော့ တိုင်းမှူးက

သူ့ဝင်းထဲမှာသာ အာဏာရှိတာ။ ဟိုမုံရွာမြို့ပြ ပျောက်ကျားနှစ်ဖွဲ့က စည်ပင်ဝန်ထမ်းတွေကို စာထုတ်လိုက်တော့ ချက်ခြင်း အချိုးပြောင်း

သွားတာ တွေ့ရပါတယ်။ ဘာကိုပြလဲဆိုတော့ အဲ့ဒီနေရာတွေမှာ မအလအုပ်ချုပ်ရေး ဘယ်လောက်ပျက်နေပြီလဲဆိုတာကို ပြတာပါ။

နောက်လှိုင်သာယာမှာ မနေ့ညကဖြစ်တာ။ PDF ပစ်ခတ်တာက ပိုပြီးအကွက်ကျလာတာကို တွေ့ရပါတယ်။ ဗျူဟာမှူးတပ်စွဲတဲ့နေရာကို

ဝင်ပစ်တာက ပစ်သူများရဲ့ ဗျူဟာကျကျ စဉ်းစားလာတာကို တွေ့ရသလို ဗုံးပစ်လောင်ချာကို သုံးနိုင်လာတာဟာ အားသာချက်ပါ။

ဗီဒီယိုမတင်တာလဲ ကောင်းပါတယ်။ ယခုရန်ကုန်မှာ မအလတပ်တွေ လွတ်လွတ်လပ်လပ် သွားလာနေနိုင်တာက စာရေးသူတို့ ဒီမိုတွေမှာ

လက်နက်ကြီး များများ မရှိသေးလို့ပါ။

ဥပမာ ရန်ကုန်တိုင်း စစ်ဌာနချုပ်ဆိုပါစို့။ သူတို့က သဲအိတ်နဲ့ ကာထားလဲ လက်နက်ကြီးရှိရင် ကျော်ပစ်ပြီး အထဲက လက်နက်သိုလှောင်ရာ

တွေ ဗျူဟာမှူး တိုင်းမှူးနေရာတွေကို အချက်ကျကျ ပစ်နိုင်မှာပါ။ မအလလာခဲ့ရင်လဲ သူလာတဲ့နေရာကို ပစ်လာနိုင်မှာပါ။

မနေ့က လှိုင်သာယာတိုက်ပွဲကို လေ့လာရအောင်။ ဗျူဟာမှူးရုံးစိုက်ရာကို ပစ်ချိန်မှာ အလစ်အငိုက်မိသွားပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင်

သေသူ ငါးဦးခန့်ရှိခဲ့ပါတယ်။ နောက် ကားတွေထွက်အသွားမှာ မိုင်းဆွဲခံရလို့ လေးယောက်ထပ်သေပါတယ်။

ဒဏ်ရာရသူ ၂၀ ခန့်ရှိပြီး မင်္ဂလာဒုံစစ်ဆေးရုံနဲ့ အမှတ် ၂ စစ်ဆေးရုံကို ခွဲပို့ခဲ့ရပါတယ်။ ဒဏ်ရာရသူက စာရေးသူသိတာထက် ပိုများနိုင်ပါ

တယ်။ ရဲတပ်ရင်းက ဒဏ်ရာရသူက တပ်ဆေးရုံမလာလို့ပါ။

ပြန်သုံးသပ်ရရင် လက်နက်ကြီးဟာ လွတ်မြောက်နယ်မြေရရှိမှုကို ဆုံးဖြတ်သွားမှာပါ။ ယခုအချိန်မှာ စာရေးသူတို့ PDF တွေဟာ မြေပြင်က

မအလအုပ်ချုပ်ရေးကို လုံးဝပျက်သွားအောင် လုပ်ထားနိုင်နေတာ သေချာပါတယ်။ နောက်အဆင့်က နယ်မြေထိန်းဖို့ပါ။ ဒါကလက်နက်ကြီး

လိုပါမယ်။ နောက်မှ သပ်သပ်ရေးပါ့မယ်။

Zawgyi

လက္နက္က စကားေျပာလာၿပီ

မေန႔က မုံရြာမွာ ေစ်းပိတ္သူေတြကို မုံရြာစည္ပင္က ၿခိမ္းေျခာက္တယ္။ ပုံမွန္မွာဆို ျပည္သူက ဘာမွမလုပ္နိုင္ဘူး။ မုံရြာဆိုေတာ့ တိုင္းမႉး

က သူ႔ဝင္းထဲမွာသာ အာဏာရွိတာ။ ဟိုမုံရြာၿမိဳ႕ၿပ ေပ်ာက္က်ားႏွစ္ဖြဲ႕က စည္ပင္ဝန္ထမ္းေတြကို စာထုတ္လိုက္ေတာ့ ခ်က္ျခင္း အ

ခ်ိဳးေျပာင္းသြားတာ ေတြ႕ရပါတယ္။ ဘာကိုျပလဲဆိုေတာ့ အဲ့ဒီေနရာေတြမွာ မအလအုပ္ခ်ဳပ္ေရး ဘယ္ေလာက္ပ်က္ေနၿပီ

လဲဆိုတာကို ျပတာပါ။

ေနာက္လွိုင္သာယာမွာ မေန႔ညကျဖစ္တာ။ PDF ပစ္ခတ္တာက ပိုၿပီးအကြက္က်လာတာကို ေတြ႕ရပါတယ္။ ဗ်ဴဟာမႉးတပ္စြဲတဲ့ေနရာကို ဝင္ပစ္တာက

ပစ္သူမ်ားရဲ့ ဗ်ဴဟာက်က် စဥ္းစားလာတာကို ေတြ႕ရသလို ဗုံးပစ္ေလာင္ခ်ာကို သုံးနိုင္လာတာဟာ အားသာခ်က္ပါ။

ဗီဒီယိုမတင္တာလဲ ေကာင္းပါတယ္။ ယခုရန္ကုန္မွာ မအလတပ္ေတြ လြတ္လြတ္လပ္လပ္ သြားလာေနနိုင္တာက စာေရးသူတို႔ ဒီမိုေတြမွာ လ

က္နက္ႀကီး မ်ားမ်ား မရွိေသးလို႔ပါ။

ဥပမာ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ဆိုပါစို႔။ သူတို႔က သဲအိတ္နဲ႔ ကာထားလဲ လက္နက္ႀကီးရွိရင္ ေက်ာ္ပစ္ၿပီး အထဲက လက္နက္သိုေလွာင္ရာေတြ

ဗ်ဴဟာမႉး တိုင္းမႉးေနရာေတြကို အခ်က္က်က် ပစ္နိုင္မွာပါ။ မအလလာခဲ့ရင္လဲ သူလာတဲ့ေနရာကို ပစ္လာနိုင္မွာပါ။

မေန႔က လွိုင္သာယာတိုက္ပြဲကို ေလ့လာရေအာင္။ ဗ်ဴဟာမႉး႐ုံးစိုက္ရာကို ပစ္ခ်ိန္မွာ အလစ္အငိုက္မိသြားၿပီး ဗိုလ္ႀကီးတစ္ဦးအပါအဝင္ ေသသူ

ငါးဦးခန႔္ရွိခဲ့ပါတယ္။ ေနာက္ ကားေတြထြက္အသြားမွာ မိုင္းဆြဲခံရလို႔ ေလးေယာက္ထပ္ေသပါတယ္။

ဒဏ္ရာရသူ ၂၀ ခန႔္ရွိၿပီး မဂၤလာဒုံစစ္ေဆး႐ုံနဲ႔ အမွတ္ ၂ စစ္ေဆး႐ုံကို ခြဲပို႔ခဲ့ရပါတယ္။ ဒဏ္ရာရသူက စာေရးသူသိတာထက္ ပိုမ်ားနိုင္ပါ

တယ္။ ရဲတပ္ရင္းက ဒဏ္ရာရသူက တပ္ေဆး႐ုံမလာလို႔ပါ။

ျပန္သုံးသပ္ရရင္ လက္နက္ႀကီးဟာ လြတ္ေျမာက္နယ္ေျမရရွိမႈကို ဆုံးျဖတ္သြားမွာပါ။ ယခုအခ်ိန္မွာ စာေရးသူတို႔ PDF ေတြဟာ

ေျမျပင္က မအလအုပ္ခ်ဳပ္ေရးကို လုံးဝပ်က္သြားေအာင္ လုပ္ထားနိုင္ေနတာ ေသခ်ာပါတယ္။ ေနာက္အဆင့္က နယ္ေျမထိန္းဖို႔ပါ။ ဒါက

လက္နက္ႀကီးလိုပါမယ္။ ေနာက္မွ သပ္သပ္ေရးပါ့မယ္။