ၾကားသိသမွ်

ကျွဲနတ်မင်း၏ ကလဲ့စား

ကျွဲနတ်မင်း၏ ကလဲ့စား

အနော်ရထာမင်းသည် မြန်မာနိုင်ငံတွင် ဘုန်းကြီးသောမင်းတစ်ပါး ဖြစ်ခဲ့သည်ကား မှန်ပါ၏။ သို့သော် မည်မျှ ဘုန်းကြီး ကံကြီးသည်ဆိုစေ

ပျက်ချိန်တန် ပျက်ရသည်။ သေချိန်တန် သေရ၏။

ထိုသို့ ပျက်ရန်အတွက်လည်း အတိတ်နိမိတ်တွေ ကြိုတင်ဖြစ်လာခဲ့လေသည်။

တစ်နေ့တွင် နိုင်ငံအတွင်းလှည့်လည်ကာ ဆည်မြောင်းကန်ချောင်းတို့ကို ပြုပြင်စဉ် ယာယီတဲ၌ စံတော်မူ၏။ ထိုအချိန်တွင် တဲအောက်မှ

ဖားအော်သံကြားရလေသည်။


ဘုရင်တို့မည်သည် ထိတ်လန့်နေရသူများ ဖြစ်ရကား အတိတ်နိမိတ်ကောက်ရန် ဟူးရားဖြူ၊ ဟူးရားညို တို့ကို ခေါ်တိုင်ပင်ရသည်။

အနော်ရထာသည် ကောင်းမှုမည်မျှ ပြုသည်ဆိုစေ နောင်တော် စုက္ကတေးကိုသတ်ပြီး ထီးနန်းကို သိမ်းပိုက် ထားရသဖြင့် သူ့ထံတွင်လည်း

အကြောက်တရားတို့က ရှိနေသည်။ မည်မျှ အကြောက်တရားက ဖိစီးနေ သနည်းဆိုလျှင် နောင်တော်ကို လုပ်ကြံပြီး ခြောက်လတိုင်အောင်

ပင် စက်တော်မခေါ်နိုင်အောင် ရှိနေသည် ဆို၏။ဖားအော်သံကို ပုဏ္ဏားများက နိမိတ်ကောက်ကြသည်

အရှင်မင်းကြီး … ဤမှအပြန် အရိမဒ္ဒနာ၊ ပုဂါရာမနေပြည်တော်ကို မဝင်မီ အပျက်မြင်သည်။ ရန်သူ့ လက်တွင် နတ်ပြည်စံတော်မူမည် ဟု

လျှောက်ကြလေသည်။ အဘယ်ကြောင့်နည်း”

ဖားမသည် ဖားလင်ကောင် သေသဖြင့် ငိုကြွေးသည့် နိမိတ်ကြောင့်ဖြစ်သည်”

ထိတ်လန့်နေသော အနော်ရထာသည် ပုဏ္ဏားတို့ ပြောသည့်အတိုင်း ဟုတ်၊ မဟုတ် တဲအောက်ဆင်းကာ ဖားအော်သည့်မြေတွင်းကို တူး

ကြည့်စေသည်။ ဖားမသည် သေနေသော လင်ကောင်ဖားထီးကို ကျောတွင် ပိုးထားသည်ကို တွေ့ရလေသည်။

ဖားနိမိတ်ကားမှန်လေပြီ။ သို့သော် အနော်ရထာသည့် သူ့ကို နတ်ရွာစံတော့မည်ပြောသည့် ပုဏ္ဏားများအား အမ်က္ထြက္ကာ သံခြေကျင်းခတ်ပြီး

နှောင်အိမ်ထဲထည့်ထားစေသည်။

ဘုရင်သေမည်ကို သေမည်ဟု ပြောဝံ့သည့် ပုဏ္ဏားတို့၏ သတ္တိကား လေးစားစရာကောင်းလှသည်။

အနော်ရထာက သူ့တွင် ရန်သူမရွိဟု ထင်နေသည်။ ပုဏ္ဏားများက သူ့ကို ရန်သူ့လက်ထဲတွင် ပျက်မည်ဟု ဟောသည်။

အနော်ရထာတွင် ရန်သူမရှိပြီလော


အနော်ရထာတွင် ရန်သူရွိ၏။ ထိုရန်သူကား သူနှင့် ရှေးဘဝကတည်းက ရန်သူဖြစ်သည်။ ထိုရန်သူသည် အနော်ရထာလက်ထက်တွင်

လိမ်ပင်စောင့်နတ်ဖြစ်နေသည်။ ထိုနတ်နှင့် ရန်ငြိုးကား တရုတ်ပြည်ကို အနော်ရထာ ချီစဉ်ကဖြစ်ခဲ့သည်။ တရုတ်သို့ချီရာလမ်းတွင် လိမ်ပင်

အောက်သို့ရောက်စဉ် လိမ်ပင်စောင့် နတ်သည် အနော်ရထာကို အပင်ပေါ်မှဆင်းကာ မခစားသောကြောင့် နတ္ကို စိတ်ဆိုးသည်။

ငါလိုဘုရင် မြင်ပါလျက် အပင်ထက်ကဆင်းကာ မခစားတဲ့ နတ္ကို သားတော် အရိန္ဒမာကြိမ်နှင့် ရိုက်စေ ဟု အမိန့်ပေးခဲ့သည်။

သားတော်ကျန်စစ်သားကလည်း သူ့ခမည်းတော် အမိန့်အတိုင်း လိမ်ပင်စောင့်နတ်ကို သကြားမင်း ပေးသည့် အရိန္ဒမာကြိမ်ဖြင့် ရိုက်

သောကြောင့် နတ်ထွက်ပြေးရလေသည်။ ထိုအချိန်ကစပြီး လိမ်ပင်စောင့် နတ်သည် အနော်ရထာပျက်စီးကြောင်းကို အမြဲကြံလေသည်။

အနော်ရထာသည် ပုရာဂါမကို ပြန်လာသည်။ မကြောက်ဆိုသော်လည်း စစ်အင်္ဂါလေးပါးခင်းကာ လာသည်။ သူကိုယ်တိုင်ကား ဆင်ဖြူ

သန်မြန်စွာကို စီးလေ၏။ သူ့ကိုဝန်းရံလာသော အမတ်ပေါင်းမှာ ခုနှစ် ထောင်ဖြစ်သည်။


ပုရာဂါမနေပြည်တော်ကို အရောက်တွင် သရပါတံခါးမှဝင်မည် ပြုရာ၊ အောင်သာမြစ်ခြေ အရပ်၌ မုဆိုးက ထွက်လာပြီး

အရှင်မင်းကြီး ဤအရပ်တွင် စက္ခုပါလ အမည်ရှိသော ကျွဲရိုင်းကြီးတစ်ကောင် သောင်းကျန်းနေပါသည်။ ဤအရပ်မှရှောင်ကာ သွားပါလော့

ဟုလျှောက်လေသည်။

အနော်ရထာကလည်း ငါ့၌ပြုဖူးသော ကုသိုလ်ကံကြောင့် ကျွဲကိုကြောက်ရန်အကြောင်းမရှိဆိုကာ ကျွဲကို ဆင်နှင့်တိုက်မည်ဆိုပြီး ကျွဲရှိရာ

အရပ်ကို သွားလေသည်။

ကျွဲရိုင်းကိုမြင်လေလျှင် စီးလာသော ဆင်တော် သန်မြန်စွာကို ချွန်းဖွင့်၍လွှတ်လေသည်။


ထိုကျွဲကား ပကတိ ကျွဲမဟုတ်။ လိမ်ပင်စောင့်နတ်က ဖန်ဆင်းထားသော နတ်ကျွဲဖြစ်နေသောကြောင့် ဆင်ထက်တွင် ထိုင်ကာ စစ်ရေးပြင်

နေသော အနော်ရထာမင်းကို ထိအောင် လှမ်းခတ်လိုက်နိုင်သဖြင့် အနိစ္စရောက်လေသည်။

နောက်တော်ပါ အမတ်ခုနှစ်ထောင်အပြင် စစ်သည်ရဲမက် ဗိုလ်ပါတို့အားလုံး ပရမ်းပတာ ပြေးကြရလေသည်။

ဖားနိမိတ္က ကံကုန်တော့မည်ကို ပြသည်။ မယုံသဖြင့် ရှေ့ဆက်တိုးသည်

ကျွဲခတ်သောကြောင့် အနော်ရထာလည်းသေ၊ တပ်လည်းပျက်၏။

(ကိုးကား – မှန်နန်းမဟာရာဇဝင်တော်ကြီး စတုတ္ထတွဲ၊ ပုဂံမင်းဆက်)

တင်ညွန့်

Zawgyi

ကၽြဲနတ္မင္း၏ ကလဲ့စား

အေနာ္ရထာမင္းသည္ ျမန္မာနိုင္ငံတြင္ ဘုန္းႀကီးေသာမင္းတစ္ပါး ျဖစ္ခဲ့သည္ကား မွန္ပါ၏။ သို႔ေသာ္ မည္မၽွ ဘုန္းႀကီး ကံႀကီးသည္ဆိုေစ ပ်က္ခ်ိန္တန္ ပ်က္ရသည္။ ေသခ်ိန္တန္ ေသရ၏။

ထိုသို႔ ပ်က္ရန္အတြက္လည္း အတိတ္နိမိတ္ေတြ ႀကိဳတင္ျဖစ္လာခဲ့ေလသည္။

တစ္ေန႔တြင္ နိုင္ငံအတြင္းလွည့္လည္ကာ ဆည္ေျမာင္းကန္ေခ်ာင္းတို႔ကို ျပဳျပင္စဥ္ ယာယီတဲ၌ စံေတာ္မူ၏။ ထိုအခ်ိန္တြင္ တဲေအာက္မွ ဖားေအာ္သံၾကားရေလသည္။

ဘုရင္တို႔မည္သည္ ထိတ္လန႔္ေနရသူမ်ား ျဖစ္ရကား အတိတ္နိမိတ္ေကာက္ရန္ ဟူးရားျဖဴ၊ ဟူးရားညိဳ တို႔ကို ေခၚတိုင္ပင္ရသည္။

အေနာ္ရထာသည္ ေကာင္းမႈမည္မၽွ ျပဳသည္ဆိုေစ ေနာင္ေတာ္ စုကၠေတးကိုသတ္ၿပီး ထီးနန္းကို သိမ္းပိုက္ ထားရသျဖင့္ သူ႔ထံတြင္လည္း အေၾကာက္တရားတို႔က ရွိေနသည္။ မည္မၽွ အေၾကာက္တရားက ဖိစီးေန သနည္းဆိုလၽွင္ ေနာင္ေတာ္ကို လုပ္ႀကံၿပီး ေျခာက္လတိုင္ေအာင္ပင္ စက္ေတာ္မေခၚနိုင္ေအာင္ ရွိေနသည္ ဆို၏။

ဖားေအာ္သံကို ပုဏၰားမ်ားက နိမိတ္ေကာက္ၾကသည္
အရွင္မင္းႀကီး … ဤမွအျပန္ အရိမဒၵနာ၊ ပုဂါရာမေနျပည္ေတာ္ကို မဝင္မီ အပ်က္ျမင္သည္။ ရန္သူ႔ လက္တြင္ နတ္ျပည္စံေတာ္မူမည္ ဟု ေလၽွာက္ၾကေလသည္။

အဘယ္ေၾကာင့္နည္း”
ဖားမသည္ ဖားလင္ေကာင္ ေသသျဖင့္ ငိုေႂကြးသည့္ နိမိတ္ေၾကာင့္ျဖစ္သည္”

ထိတ္လန႔္ေနေသာ အေနာ္ရထာသည္ ပုဏၰားတို႔ ေျပာသည့္အတိုင္း ဟုတ္၊ မဟုတ္ တဲေအာက္ဆင္းကာ ဖားေအာ္သည့္ေျမတြင္းကို တူးၾကည့္ေစသည္။ ဖားမသည္ ေသေနေသာ လင္ေကာင္ဖားထီးကို ေက်ာတြင္ ပိုးထားသည္ကို ေတြ႕ရေလသည္။

ဖားနိမိတ္ကားမွန္ေလၿပီ။ သို႔ေသာ္ အေနာ္ရထာသည့္ သူ႔ကို နတ္ရြာစံေတာ့မည္ေျပာသည့္ ပုဏၰားမ်ားအား အမ္ၾကၳကၠာ သံေျခက်င္းခတ္ၿပီး ေႏွာင္အိမ္ထဲထည့္ထားေစသည္။

ဘုရင္ေသမည္ကို ေသမည္ဟု ေျပာဝံ့သည့္ ပုဏၰားတို႔၏ သတၱိကား ေလးစားစရာေကာင္းလွသည္။

အေနာ္ရထာက သူ႔တြင္ ရန္သူမရြိဟု ထင္ေနသည္။ ပုဏၰားမ်ားက သူ႔ကို ရန္သူ႔လက္ထဲတြင္ ပ်က္မည္ဟု ေဟာသည္။
အေနာ္ရထာတြင္ ရန္သူမရွိၿပီေလာ

အေနာ္ရထာတြင္ ရန္သူရြိ၏။ ထိုရန္သူကား သူႏွင့္ ေရွးဘဝကတည္းက ရန္သူျဖစ္သည္။ ထိုရန္သူသည္ အေနာ္ရထာလက္ထက္တြင္ လိမ္ပင္ေစာင့္နတ္ျဖစ္ေနသည္။ ထိုနတ္ႏွင့္ ရန္ၿငိဳးကား တ႐ုတ္ျပည္ကို အေနာ္ရထာ ခ်ီစဥ္ကျဖစ္ခဲ့သည္။ တ႐ုတ္သို႔ခ်ီရာလမ္းတြင္ လိမ္ပင္ေအာက္သို႔ေရာက္စဥ္ လိမ္ပင္ေစာင့္ နတ္သည္ အေနာ္ရထာကို အပင္ေပၚမွဆင္းကာ မခစားေသာေၾကာင့္ နတၠိဳ စိတ္ဆိုးသည္။

ငါလိုဘုရင္ ျမင္ပါလ်က္ အပင္ထက္ကဆင္းကာ မခစားတဲ့ နတၠိဳ သားေတာ္ အရိႏၵမာႀကိမ္ႏွင့္ ရိုက္ေစ ဟု အမိန႔္ေပးခဲ့သည္။

သားေတာ္က်န္စစ္သားကလည္း သူ႔ခမည္းေတာ္ အမိန႔္အတိုင္း လိမ္ပင္ေစာင့္နတ္ကို သၾကားမင္း ေပးသည့္ အရိႏၵမာႀကိမ္ျဖင့္ ရိုက္ေသာေၾကာင့္ နတ္ထြက္ေျပးရေလသည္။ ထိုအခ်ိန္ကစၿပီး လိမ္ပင္ေစာင့္ နတ္သည္ အေနာ္ရထာပ်က္စီးေၾကာင္းကို အျမဲႀကံေလသည္။

အေနာ္ရထာသည္ ပုရာဂါမကို ျပန္လာသည္။ မေၾကာက္ဆိုေသာ္လည္း စစ္အဂၤါေလးပါးခင္းကာ လာသည္။ သူကိုယ္တိုင္ကား ဆင္ျဖဴသန္ျမန္စြာကို စီးေလ၏။ သူ႔ကိုဝန္းရံလာေသာ အမတ္ေပါင္းမွာ ခုႏွစ္ ေထာင္ျဖစ္သည္။

ပုရာဂါမေနျပည္ေတာ္ကို အေရာက္တြင္ သရပါတံခါးမွဝင္မည္ ျပဳရာ၊ ေအာင္သာျမစ္ေၿခ အရပ္၌ မုဆိုးက ထြက္လာၿပီး
အရွင္မင္းႀကီး ဤအရပ္တြင္ စကၡဳပါလ အမည္ရွိေသာ ကၽြဲရိုင္းႀကီးတစ္ေကာင္ ေသာင္းက်န္းေနပါသည္။ ဤအရပ္မွေရွာင္ကာ သြားပါေလာ့ ဟုေလၽွာက္ေလသည္။

အေနာ္ရထာကလည္း ငါ့၌ျပဳဖူးေသာ ကုသိုလ္ကံေၾကာင့္ ကၽြဲကိုေၾကာက္ရန္အေၾကာင္းမရွိဆိုကာ ကၽြဲကို ဆင္ႏွင့္တိုက္မည္ဆိုၿပီး ကၽြဲရွိရာအရပ္ကို သြားေလသည္။

ကၽြဲရိုင္းကိုျမင္ေလလၽွင္ စီးလာေသာ ဆင္ေတာ္ သန္ျမန္စြာကို ခၽြန္းဖြင့္၍လႊတ္ေလသည္။

ထိုကၽြဲကား ပကတိ ကၽြဲမဟုတ္။ လိမ္ပင္ေစာင့္နတ္က ဖန္ဆင္းထားေသာ နတ္ကၽြဲျဖစ္ေနေသာေၾကာင့္ ဆင္ထက္တြင္ ထိုင္ကာ စစ္ေရးျပင္ေနေသာ အေနာ္ရထာမင္းကို ထိေအာင္ လွမ္းခတ္လိုက္နိုင္သျဖင့္ အနိစၥေရာက္ေလသည္။

ေနာက္ေတာ္ပါ အမတ္ခုႏွစ္ေထာင္အျပင္ စစ္သည္ရဲမက္ ဗိုလ္ပါတို႔အားလုံး ပရမ္းပတာ ေျပးၾကရေလသည္။
ဖားနိမိတၠ ကံကုန္ေတာ့မည္ကို ျပသည္။ မယုံသျဖင့္ ေရွ႕ဆက္တိုးသည္
ကၽြဲခတ္ေသာေၾကာင့္ အေနာ္ရထာလည္းေသ၊ တပ္လည္းပ်က္၏။

(ကိုးကား – မွန္နန္းမဟာရာဇဝင္ေတာ္ႀကီး စတုတၳတြဲ၊ ပုဂံမင္းဆက္)

တင္ညြန႔္