ၾကားသိသမွ်

နာကျင်မှုမရှိစေပဲ ခဏလေးအတွင်း ငြိမ်ချမ်းစွာပဲ အသက်ကို ဆုံးရှုံးစေမယ့် ကိုယ့်ကိုကိုသေနိုင်တဲ့ စက်

Sarco suicide pod ဟာ လူသားတွေ တီထွင်လိုက်တဲ့ အံ့ဩသင့်စရာ စက်တစ်ခုပဲဖြစ်ပါတယ်။ အထဲမှာ လူတစ်ယောက်လှဲပြီး ခဏအ

ကြာမှာပဲ စက်က သူ့ဘာသာ ပွင့်မှာဖြစ်ပါတယ်။ အထဲမှာလဲနေတဲ့သူဟာ သူတို့ရဲ့ အောက်ဆီဂျင် အန္တရာယ်ရှိတဲ့အဆင့်ထိ မရောက်မချင်း

မေးခွန်းတွေအမေးခံရမှာဖြစ်ပါတယ်။ အဲ့မေးခွန်းတွေကတော့ တကယ်အရေးကြီးတဲ့ မေးခွန်းတွေဖြစ်ပါတယ်။


ထည့်သွင်းထားတဲ့ နိုက်ထိရုဂျင်ကြောင့် အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းကို စက္ကန့် ၃၀ အတွင်း ၁ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ “စိတ်ရှုပ်

စရာ” နှင့် “ကြည်နူးစရာ” ခံစားချက်တို့ဟာ နောက်ဆုံးသတိမလစ်မီအချိန်လေးမှာ ဖြစ်ပေါ်လာပါတယ်။ သေဆုံးခြင်းဟာ hypoxia

(ခန္ဓာကိုယ်တစ်ရှူးများတွင် အောက်ဆီဂျင်နည်းခြင်း) နှင့် hypocapnia (သွေးထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့နည်းသွားခြင်း) တို့

ကြောင့်ဖြစ်ပြီး အရေးပါတဲ့ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ချို့တဲ့မှုကြောင့် သေဆုံးရခြင်း ဖြစ်ပါတယ်။


Exit International အဖွဲ့အစည်းက ဒီအရာကို တီထွင်ခဲ့တဲ့ ဒေါက်တာ Philip Nitschke က “ထိတ်လန့်စရာ ရင်ကြပ်တဲ့ခံစားချက်မရှိပါ

ဘူး” လို့ ဒေသခံမီဒီယာကို ပြောကြားခဲ့ပါတယ်။ ဒီစက်ကတော့ လူတွေကို ဘာနာကျင်မှုမှ မရှိပဲ ဖြေးညှင်းသက်သာသွာ အသက်ဆုံးရှုံးစေ

မယ့် စက်ပဲဖြစ်ပါတယ်။ ပညာရှင်တွေအနေနဲ့လည်း ဒီစက်ကို နောက်ပိုင်းမှာ ဘယ်လိုနေရာမျိုးမှာ အသုံးပြုကြမလဲ ဆိုတာ ဆက်လက်

စောင့်ကြည့်ကြရမှာပါပဲ။


သတင်းအရင်းအမြစ် The Sun

Zawgyi






