ၾကားသိသမွ်

ကမ္ဘာတဝန်း ခရီးသွားလာမှုကန့်သတ်ထားနေချိန်မှာ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲဆောင်ရွက်ကြဖို့ စကစခန့် ဟိုတယ်ဝန်ကြီးဆို

ကမ္ဘာတဝန်းက ခရီးသွားလာမှုကန့်သတ်ထားနေချိန်မှာ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲဆောင်ရွက်ကြဖို့ ဟိုတယ်

ဝန်ကြီးပြော

ဒီဇင်ဘာ ၁၁ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ

မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် စီမံကိန်းရေးဆွဲဆောင်ရွက်ကြဖို့ ဟိုတယ်ဝန်ကြီးဒေါက်တာဌေးအောင်ကပြောကြားခဲ့ပါတယ်။

တကမ္ဘာလုံးမှာ ကိုဗစ်ဗီဇပြောင်း အိုမီကရွန်ရောဂါပိုးကို ကမ္ဘာ့နိုင်ငံ ၆၀ ကျော်မှာ တွေ့ရှိထားတာကြောင့် ခရီးသွားလာမှုကန့်သတ်ထားနေ

ချိန်မှာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတစ်ရပ်ရေးဆွဲဆောင်ရွက်ကြဖို့ ဟိုတယ်နှင့်ခရီးသွားလာ

ရေးဝန်ကြီးကပြောကြားလိုက်တာဖြစ်ပါတယ်။


လက်ရှိမှာတော့ ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း ခရီးသွားလာရေးအစီအစဉ်တွေရပ်ဆိုင်းသွားသလိုအသွားအလာကန့်သတ်ချက်တွေနဲ့

လေကြောင်းခရီးစဉ်တွေ ပြန်လည်ပိတ်သိမ်းတဲ့အထိ ရှိနေချိန် ယခုလိုပြောကြားခဲ့ပါတယ်။

စီမံကိန်းမူကြမ်းကိုဆန်းစစ်ပြင်ဆင်ပြီး ဒေသအဆင့်မှအကြံပြုချက်တောင်းခံကာပေါင်းစပ် ဆောင်ရွက်ပြီးနောက် အမျိုးသားအဆင့်

ခရီးသွားလုပ်ငန်း ဗဟိုကော်မတီသို့တင်ပြ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့အတည်ပြုချက်ရယူမှာဖြစ်တယ်လို့ဆိုပါတယ်။


၎င်းက “ပြောင်းလဲလာတဲ့ အခြေအနေများနဲ့အညီမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အစိုးရ၊ပုဂ္ဂလိကအဖွဲ့

အစည်းများသာမက တက္ကသိုလ်နဲ့ကောလိပ်များမှ ဘာသာရပ်ဆိုင်ရာအတတ်ပညာရှင်များပါဝင်ပြီး

စီမံကိန်းတစ်ရပ်ကိုယခုကတည်းကကြိုတင်မျှော်မှန်း ရေးဆွဲထားကြဖို့လိုအပ်ပါတယ်။ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ရလဒ်ကောင်းများ

ပေါ်ထွက်လာမယ်လို့ယုံကြည်ပါတယ်”လို့ပြောပါတယ်။

Zawgyi


ဟိုတယ်ဝန်ကြီးပြော








