ၾကားသိသမွ်

ရုရှားကို ဆန့်ကျင်တဲ့ G7 တွေ့ဆုံမှု

ရုရှားကို ဆန့်ကျင်တဲ့ G7 တွေ့ဆုံမှု

ယူကရိန်းအပေါ် ဖိအားပေးနေတဲ့ ရုရှားနိုင်ငံရဲ့ အပြုအမူကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ရုရှားမပါ G7 နိုင်ငံ ၇ နိုင်ငံဟာ ဗြိတိန်နိုင်ငံ

လီဗာပူးလ်မြို့မှာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ရုရှားနိုင်ငံရဲ့ ယူကရိန်းအပေါ် ရန်စမှု

တွေကို အဓိက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံကို ဆန့်ကျင်တဲ့ စည်းလုံး ညီညွတ်မှုကို ပြသခဲ့ကြတာပါ။


အစည်းအဝေးအဖွင့်မှာတော့ “ရန်လိုတဲ့ အပြုအမူတွေ တိုးပွားလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လိုအပ်တယ်”ဆိုတဲ့ အဖွင့်စကား

နဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး လစ်ဇ်ထရပ်စ်က စတင်ပြီး ပြောကြားခဲ့ပါတယ်။

G7 နိုင်ငံတွေဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ဘောင်ခတ် ကန့်သတ်တာတွေကို အလိုမရှိဘဲ ရန်သူလို ပြုမူနေတဲ့ နိုင်ငံတွေကို ဆန့်ကျင်ပြီး

အတူလက်တွဲကာ ရပ်တည်နေဖို့အရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။


အခုအခါမှာ ယူကရိန်းနယ်စပ်ကို လက်နက်အပြည့်အစုံနဲ့ ချဉ်းကပ်နေတဲ့ ရုရှားစစ်တပ်ရဲ့ အပြုအမှုဟာ ကျူးကျော်ဝင်ရောက်မှုရဲ့ ရှေ့ပြေး

တစ်ခုအဖြစ် G7 အဖွဲ့တွေက ထင်မြင်နေပါတယ်။

ဒါကြောင့်လည်း အမေရိကန်အပါအဝင် နေတိုးမဟာမိတ်တွေဟာ ရုရှားနိုင်ငံရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်

သွားမှာဖြစ်သလို ကန့်သတ်ပိတ်ဆို့မှုတွေလည်း ပြုလုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။


ယူကရိန်းနိုင်ငံကို နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ဝင်အဖြစ် လက်မခံဖို့ ရုရှားအစိုးရရဲ့တောင်းဆိုချက်ကိုလည်း နေတိုးဘက်က ငြင်းဆန်ထား

ပြီဖြစ်သလို အိမ်နီးချင်းနိုင်ငံအပေါ် အနိုင်ကျင့်ဆက်ဆံနေတာတွေ ရပ်တန့်ဖို့ပါ တောင်းဆိုထားတာပါ။

Zawgyi

႐ုရွားကို ဆန႔္က်င္တဲ့ G7 ေတြ႕ဆုံမႈ

ယူကရိန္းအေပၚ ဖိအားေပးေနတဲ့ ႐ုရွားနိုင္ငံရဲ့ အျပဳအမူကို ဆန႔္က်င္ေၾကာင္း ျပသတဲ့အေနနဲ႔ ႐ုရွားမပါ G7 နိုင္ငံ ၇ နိုင္ငံဟာ ၿဗိတိန္နိုင္ငံ လီဗာပူးလ္ၿမိဳ႕မွာ အစည္းအေဝးတစ္ခု ျပဳလုပ္ခဲ့ပါတယ္။

ၿဗိတိန္၊ အေမရိကန္၊ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီနဲ႔ ဂ်ပန္နိုင္ငံက နိုင္ငံျခားေရး ဝန္ႀကီးေတြဟာ ႐ုရွားနိုင္ငံရဲ့ ယူကရိန္းအေ

ပၚ ရန္စမႈေတြကို အဓိက ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ႐ုရွားနိုင္ငံကို ဆန႔္က်င္တဲ့ စည္းလုံး ညီညြတ္မႈကို ျပသခဲ့ၾကတာပါ။

အစည္းအေဝးအဖြင့္မွာေတာ့ “ရန္လိုတဲ့ အျပဳအမူေတြ တိုးပြားလာတာနဲ႔အမၽွ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔လိုအပ္တယ္”ဆိုတဲ့ အဖြင့္စကားနဲ႔ ၿဗိတိန္နိုင္ငံျခားေရး ဝန္ႀကီး လစ္ဇ္ထရပ္စ္က စတင္ၿပီး ေျပာၾကားခဲ့ပါတယ္။

G7 နိုင္ငံေတြဟာ လြတ္လပ္မႈနဲ႔ ဒီမိုကေရစီကို ေဘာင္ခတ္ ကန႔္သတ္တာေတြကို အလိုမရွိဘဲ ရန္သူလို ျပဳမူေနတဲ့ နိုင္ငံေတြကို ဆန႔္က်င္ၿပီး အတူလက္တြဲကာ ရပ္တည္ေနဖို႔အေရးကို အဓိကထား ေဆြးေႏြးခဲ့ၾကပါတယ္။

အခုအခါမွာ ယူကရိန္းနယ္စပ္ကို လက္နက္အျပည့္အစုံနဲ႔ ခ်ဥ္းကပ္ေနတဲ့ ႐ုရွားစစ္တပ္ရဲ့ အျပဳအမႈဟာ က်ဴးေက်ာ္ဝင္ေရာက္မႈရဲ့ ေရွ႕ေျပးတစ္ခုအျဖစ္ G7 အဖြဲ႕ေတြက ထင္ျမင္ေနပါတယ္။

ဒါေၾကာင့္လည္း အေမရိကန္အပါအဝင္ ေနတိုးမဟာမိတ္ေတြဟာ ႐ုရွားနိုင္ငံရဲ့ လုပ္ရပ္နဲ႔ ပတ္သက္လို႔ ျပင္းထန္တဲ့ အေရးယူမႈေတြ ျပဳလုပ္သြားမွာျဖစ္သလို ကန႔္သတ္ပိတ္ဆို႔မႈေတြလည္း ျပဳလုပ္သြားဖို႔ ဆုံးျဖတ္ထားပါတယ္။

ယူကရိန္းနိုင္ငံကို ေနတိုးစစ္ေရးမဟာမိတ္အဖြဲ႕ဝင္အျဖစ္ လက္မခံဖို႔ ႐ုရွားအစိုးရရဲ့ေတာင္းဆိုခ်က္ကိုလည္း ေနတိုးဘက္က ျငင္းဆန္ထားၿပီျဖစ္သလို အိမ္နီးခ်င္းနိုင္ငံအေပၚ အနိုင္က်င့္ဆက္ဆံေနတာေတြ ရပ္တန႔္ဖို႔ပါ ေတာင္းဆိုထားတာပါ။