ၾကားသိသမွ်

ကလေးဝ-ယာကြီးလမ်းမှာ မိုင်းဆွဲတိုက်ခံရလို့ စစ်ကောင်စီဘက်က ကားတွေ ဂျွန်းတွေပါတွေပစ်သွား

ကလေးဝ-ယာကြီးလမ်းမှာ မိုင်းဆွဲတိုက်ခံရလို့ စစ်ကောင်စီဘက်က ၂ ရက်အတွင်း ၆၀ ခန့် သေဆုံး

တောင်တွင်းမြို့ ကလေးဝ၊ ယာကြီးလမ်း (အာရှလမ်းမကြီး)မှာ ဒီဇင်ဘာလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ ၂ ရက်အတွင်း စစ်ယာဉ်တန်းနဲ့ တက်

လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တောင်တွင်း PDF နဲ့

ကနီပြည်သူ့ကာကွယ်ရေးတပ် KPDF-2 Kani တို့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆၀ ဦးခန့် သေဆုံးခဲ့တယ်လို့ တောင်တွင်း PDF

ဥက္ကဌက မြေလတ်အသံကို ပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့က ကား ၈ စီးနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်တွေကို (၆၈)မိုင်နဲ့ (၇၆) နှစ်နေရာမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်

ကောင်စီတပ်သား အနည်းဆုံး ၃၀ သေဆုံးပြီး၊

ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ စစ်ကား ၄ စီးကို ၇၅ မိုင်မှာ မိုင်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ သေဆုံးခဲ့တာလို့ တောင်တွင်း

PDF ဥက္ကဌက မြေလတ်အသံကို ပြောပါတယ်။

“တိုက်ပွဲ ၂ ရက်ပေါင်း စစ်သား ၆၀ ကျော်သေပါတယ်။ မိုင်းဆွဲတာကတော့ တောင်တွင်းနဲ့ လာပို့ရွာအကြားမှာပါ၊ အပြန်အလှန်ပစ်ခတ်မှု

တွေလည်းဖြစ်တယ်။ လက်နက်ကြီးနဲ့လည်း ခြုံခိုတိုက်ခိုက်ခဲ့တယ်။

စစ်သားသေဆုံးမှု ၁၅ ယောက်ပဲသိရပါတယ်၊ ညနေကြမှ ထပ်သိရတာက အဲလောက်မကပါဘူး၊ စစ်သားသေဆုံးမှု ၃၀ လို့သိရပါတယ်။ ၁၀

ရက်နေ့မှာ စစ်သားအင်အားက ၁ စီးထဲမှာတင် ၁၅ ယောက် ၂၀ ယောက်ပါတယ်။

ကား ၅ စီးနဲ့ လာတာ၊ ၄ စီးမိုင်းမိတယ်။ ၇၅ မိုင်နားမှာ မိုင်းဆွဲတာပါ၊ အဲဒီမှာလည်း စစ်သား ၃၀ သေတယ်၊ တိုက်ပွဲက တောင်တွင်းအဖွဲ့ရယ်

လာပို့ဘက်ကအဖွဲ့တွေရယ် ညှပ်ပိတ်ပြီးတိုက်တာပါ၊

လာပို့ဘက်ကအဖွဲ့တွေနဲ့ချိတ်ပြီးတော့ သူတို့ဘက်ကလည်းညှပ် ကိုယ်ဘက်ကလည်းညှပ်ပြီး စော်လိုက်တာ၊စစ်ကောင်စီဘက်က ကားတွေ

ဂျွန်းတွေပါတွေပစ်သွားတာပါ။” လို့ သူက ဆက်ပြောပါတယ်။ #မြေလတ်အသံ