ၾကားသိသမွ်

အသံတိတ်သပိတ်လှုပ်ရှားမှုနေ့က ပိတ်ခဲ့သည့် ဆိုင်များကို အကြပ်ကိုင်နှိပ်ကွပ်နေ

စစ်အာဏာရှင်ကို လက်မခံကြောင်း အသံတိတ်သပိတ်လှုပ်ရှားသည့်နေ့က ပိတ်ခဲ့သည့် ဆိုင်များကို အာဏာသိမ်း စစ်ကောင်စီက ယနေ့

တွင် ပြန်လည်ပိတ်ခိုင်းခြင်း၊ ပစ္စည်းများ သိမ်းယူခြင်းနှင့် ဆဲဆိုကြိမ်းမောင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ် လာကြောင်း သိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၀ ရက်) က ပြုလုပ်ခဲ့သော အသံတိတ်သပိတ် (Silent Strike) တွင် နိုင်ငံတဝန်းမှ ပြည်သူများက လမ်းမများပေါ်

ကားမရှိ၊ လူမရှိ၊ ဆိုင်မဖွင့်ဘဲ ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။


ထို့အတွက် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စသည့် မြို့ကြီးများ အပါအဝင် မြို့နယ်တချို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယနေ့ နံနက်ခင်း

ဆိုင်ဖွင့်ရန် ပြင်ဆင်သည့် ဈေးဆိုင်များကို ပြန်ပိတ်ခိုင်းခဲ့ပြီး စည်ပင်ခွင့်ပြုချက် မရှိဘဲ ဆိုင်မဖွင့်ရဟူသည့် စာများ လိုက်ကပ်ခြင်း၊ ကိုဗ

စ်-၁၉ ကူးစက်မှု အကြောင်းပြကာ ဈေးများကို ၇ ရက်တိတိ ပိတ်ထားရန် ညွှန်ကြားချက်ထုတ်ပြီး ဖိ အားပေး ပိတ်ခိုင်းခြင်းများ ပြုလုပ်ခဲ့

ကြောင်း ဒေသခံတချို့ထံမှ သိရသည်။

ရန်ကုန်မြို့ လှည်းတန်းဈေးအနီး နေထိုင်သူတဦးက “သူတို့တွေ မနက်စောစောရောက်လာပြီး ကွမ်းယာဆိုင်ရော၊ စတိုးဆိုင်ရောတွေ လမ်း

ပေါ်မှာ ဖွင့်ထားတဲ့ဆိုင်တွေ အခု ချက်ချင်း ပိတ်ဆိုပြီး ပိတ်ခိုင်းတယ်။ တချို့ဆိုင်တွေဆိုရင် ခုံတွေ၊ ပစ္စည်းတွေကိုလည်း သိမ်းခံလိုက်ရ

တယ်” ဟု ဧရာဝတီသို့ ပြောသည်။


သို့သော် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်သွားပြီးနောက် ဈေးဆိုင်တချို့က ပြန်လည်ဖွင့်လှစ် ရောင်းချမှုများ ရှိသလို တချို့ကလည်း ပြန်မ

ထွက်တော့ဘဲ ဆိုင်ကို ပိတ်ထားလိုက်ကြောင်း ၎င်းက ဆိုသည်။

ထို့အတူ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင်လည်း စစ်တပ်က သေနတ် ပစ်ဖောက်ခြင်း၊ အော်ဟစ်ဆဲ ဆိုခြင်းများ

ပြုလုပ်ပြီး ဖိအားပေး ခြိမ်းခြောက်ကာ ဈေးဆိုင်များကို ၇ ရက်တိတိ ပိတ်ထားရန် ပြောဆိုသွားခဲ့ကြောင်း ဒေသ ခံများထံမှ သိရသည်။

ဒေသခံတဦးက “မနေ့က မထွက်ကြလို့ ဒီနေ့လည်း မထွက်နဲ့ဆိုပြီး ဖိအားပေး ခြိမ်းခြောက်နေတာ။ ဈေးကြီးနားက ဆိုင်တွေ ပိတ်ကုန်ပြီ။

မြို့ထဲက ဆိုင်တွေရောပဲ အခု ပြန်ပိတ်ကုန်ပြီ” ဟု ပြောသည်။


တချို့မြို့နယ်များတွင် ယမန်နေ့က ဆိုင်ပိတ်သည့် ပိုင်ရှင်များအား သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးက ရုံးသို့လာရန်

စာပို့အကြောင်းကြားမှုများလည်း ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အသံတိတ်သပိတ် ဆင်နွှဲမှု အရှိန်လျော့ကျစေရန် ကိုဗစ်

ကာကွယ်ဆေး ထိုးပေးမည့်နေ့ရက်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးပြီး လိုင်စင် ပြန်လာရွေးခိုင်းခြင်းကို ဒီဇင်ဘာ ၁၀ ရက်သို့ ပြောင်းလဲချိန်း

ဆိုခြင်းများ၊ သက်ဆိုင်ရာ မြို့နယ်စည်သာယာရေးကော်မတီများက ဈေးဆိုင်များအား ယင်းနေ့တွင် ဆိုင်ဖွင့်ရန် ဖိအားပေး ခြိမ်းခြောက်မှု

များ ပြုလုပ်ခဲ့သည်။

သို့သော် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာပြည်သူလူထု၏ စစ်အာဏာ ရှင် ဆန့်ကျင်ရေး

တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) သည် တနိုင်ငံလုံး အတိုင်းအတာဖြင့် နံနက်အစောပိုင်းမှ ညနေ ၄ နာရီအထိ လမ်းမများပေါ် ကား

မရှိ၊ လူမရှိ၊ ဈေးများ ဆိုင်များ ဖွင့်လှစ်ခြင်းမရှိဘဲ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

Zawgyi

စစ္အာဏာရွင္ကို လက္မခံေၾကာင္း အသံတိတ္သပိတ္လႈပ္ရွားသည့္ေန႔က ပိတ္ခဲ့သည့္ ဆိုင္မ်ားကို အာဏာသိမ္း စစ္ေကာင္စီက ယေန႔တြင္ ျပန္လည္ပိတ္ခိုင္းျခင္း၊ ပစၥည္းမ်ား သိမ္းယူျခင္းႏွင့္ ဆဲဆိုႀကိမ္းေမာင္း၊ ၿခိမ္းေျခာက္ျခင္းမ်ား ျပဳလုပ္ လာေၾကာင္း သိရသည္။

ယမန္ေန႔ (ဒီဇင္ဘာ ၁၀ ရက္) က ျပဳလုပ္ခဲ့ေသာ အသံတိတ္သပိတ္ (Silent Strike) တြင္ နိုင္ငံတဝန္းမွ ျပည္သူမ်ားက လမ္းမမ်ားေပၚ ကားမရွိ၊ လူမရွိ၊ ဆိုင္မဖြင့္ဘဲ ပါဝင္ခဲ့ၾကျခင္း ျဖစ္သည္။

ထို႔အတြက္ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း စသည့္ ၿမိဳ႕ႀကီးမ်ား အပါအဝင္ ၿမိဳ႕နယ္တခ်ိဳ႕တြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ယေန႔ နံနက္ခင္း ဆိုင္ဖြင့္ရန္ ျပင္ဆင္သည့္ ေဈးဆိုင္မ်ားကို ျပန္ပိတ္ခိုင္းခဲ့ၿပီး စည္ပင္ခြင့္ျပဳခ်က္ မရွိဘဲ ဆိုင္မဖြင့္ရဟူသည့္ စာမ်ား လိုက္ကပ္ျခင္း၊ ကိုဗစ္-၁၉ ကူးစက္မႈ အေၾကာင္းျပကာ ေဈးမ်ားကို ၇ ရက္တိတိ ပိတ္ထားရန္ ညႊန္ၾကားခ်က္ထုတ္ၿပီး ဖိ အားေပး ပိတ္ခိုင္းျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေဒသခံတခ်ိဳ႕ထံမွ သိရသည္။

ရန္ကုန္ၿမိဳ႕ လွည္းတန္းေဈးအနီး ေနထိုင္သူတဦးက “သူတို႔ေတြ မနက္ေစာေစာေရာက္လာၿပီး ကြမ္းယာဆိုင္ေရာ၊ စတိုးဆိုင္ေရာေတြ လမ္းေပၚမွာ ဖြင့္ထားတဲ့ဆိုင္ေတြ အခု ခ်က္ခ်င္း ပိတ္ဆိုၿပီး ပိတ္ခိုင္းတယ္။ တခ်ိဳ႕ဆိုင္ေတြဆိုရင္ ခုံေတြ၊ ပစၥည္းေတြကိုလည္း သိမ္းခံလိုက္ရတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

သို႔ေသာ္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ထြက္သြားၿပီးေနာက္ ေဈးဆိုင္တခ်ိဳ႕က ျပန္လည္ဖြင့္လွစ္ ေရာင္းခ်မႈမ်ား ရွိသလို တခ်ိဳ႕ကလည္း ျပန္မထြက္ေတာ့ဘဲ ဆိုင္ကို ပိတ္ထားလိုက္ေၾကာင္း ၎က ဆိုသည္။

ထို႔အတူ ယေန႔ နံနက္ပိုင္းက ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္တြင္လည္း စစ္တပ္က ေသနတ္ ပစ္ေဖာက္ျခင္း၊ ေအာ္ဟစ္ဆဲ ဆိုျခင္းမ်ား ျပဳလုပ္ၿပီး ဖိအားေပး ၿခိမ္းေျခာက္ကာ ေဈးဆိုင္မ်ားကို ၇ ရက္တိတိ ပိတ္ထားရန္ ေျပာဆိုသြားခဲ့ေၾကာင္း ေဒသ ခံမ်ားထံမွ သိရသည္။

ေဒသခံတဦးက “မေန႔က မထြက္ၾကလို႔ ဒီေန႔လည္း မထြက္နဲ႔ဆိုၿပီး ဖိအားေပး ၿခိမ္းေျခာက္ေနတာ။ ေဈးႀကီးနားက ဆိုင္ေတြ ပိတ္ကုန္ၿပီ။ ၿမိဳ႕ထဲက ဆိုင္ေတြေရာပဲ အခု ျပန္ပိတ္ကုန္ၿပီ” ဟု ေျပာသည္။

တခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ ယမန္ေန႔က ဆိုင္ပိတ္သည့္ ပိုင္ရွင္မ်ားအား သက္ဆိုင္ရာ ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီ႐ုံးက ႐ုံးသို႔လာရန္ စာပို႔အေၾကာင္းၾကားမႈမ်ားလည္း ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၉ ရက္ကလည္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားသည္ အသံတိတ္သပိတ္ ဆင္ႏႊဲမႈ အရွိန္ေလ်ာ့က်ေစရန္ ကိုဗစ္ကာကြယ္ေဆး ထိုးေပးမည့္ေန႔ရက္ႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ဖမ္းဆီးၿပီး လိုင္စင္ ျပန္လာေရြးခိုင္းျခင္းကို ဒီဇင္ဘာ ၁၀ ရက္သို႔ ေျပာင္းလဲခ်ိန္းဆိုျခင္းမ်ား၊ သက္ဆိုင္ရာ ၿမိဳ႕နယ္စည္သာယာေရးေကာ္မတီမ်ားက ေဈးဆိုင္မ်ားအား ယင္းေန႔တြင္ ဆိုင္ဖြင့္ရန္ ဖိအားေပး ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ ဒီဇင္ဘာ ၁၀ ရက္ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔တြင္ ျပဳလုပ္ခဲ့သည့္ ျမန္မာျပည္သူလူထု၏ စစ္အာဏာ ရွင္ ဆန႔္က်င္ေရး တိတ္ဆိတ္ျခင္းသပိတ္ (Silent Strike) သည္ တနိုင္ငံလုံး အတိုင္းအတာျဖင့္ နံနက္အေစာပိုင္းမွ ညေန ၄ နာရီအထိ လမ္းမမ်ားေပၚ ကားမရွိ၊ လူမရွိ၊ ေဈးမ်ား ဆိုင္မ်ား ဖြင့္လွစ္ျခင္းမရွိဘဲ ေအာင္ျမင္စြာ ျပဳလုပ္နိုင္ခဲ့သည္။