ၾကားသိသမွ်

မြန်မာပြည်သူတို့ရဲ့ တိတ်ဆိတ်ခြင်းအောင်ပွဲကို ကုလသမဂ္ဂချီးကျူး

မြန်မာပြည်သူတို့ရဲ့ တိတ်ဆိတ်ခြင်းအောင်ပွဲကို ကုလသမဂ္ဂချီးကျူး

မြန်မာပြည်သူတို့ရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ချီးကျူးလိုက်ပါတယ်။

ဒီဇင်ဘာ၁၀ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ပြောခွင့်ရ ရူးပတ် ကိုလ်ဗီးကချီးကျူးလိုက်တာပါ။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ၁၀ရက်နေ့မှာကျင်းပခဲ့တဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ဟာ ပြတ်ပြတ်သားသား အောင်မြင်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး ရဲ့ လမ်းမကြီးတွေဟာ မနက်ကနေစလို့ ညနေ၄နာရီအထိ တစပြင်ပမာ လူသူကင်းမဲ့စွာ ခြောက်ကပ်သွားခဲ့ပါတယ်။

နိုင်ငံတစ်ဝန်း အသံတိတ်သပိတ် ပြုလုပ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကို အသိအမှတ်ပြုကြောင်း ရူးပတ် ကိုလ်ဗီးကပြောပါတယ်။

“မြန်မာပြည်သူတွေ အခုလို အသံတိတ်သပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်နေကြတာဟာ စစ်တပ်က အာဏသိမ်းလိုက်တာကို ဆန့်ကျင်တော်လှန်မှုတွေကို မစွန့်လွှတ်သေးတဲ့အကြောင်း အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ပြသနေတာလည်း ဖြစ်ပါတယ်”လို့သူကဆိုပါတယ်။

မြို့တချို့မှာ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေက တိတ်ဆိတ်ခြင်းသပိတ်ထဲမပါအောင် ခြိမ်းခြောက်ဟန့်တားခဲ့သလို ဒီဇင်ဘာ၁၁ရက်နေ့မှာလည်း ရန်ကုန်၊ကမာရွတ်မြို့နယ်အတွင်းရှိ လှည်တန်းဈေးမှာ ဆိုင်မဖွင့်ဖို့ စည်ပင်ဝန် ထမ်းတွေက တားမြစ်ပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်၊တွံတေးမြို့မဈေးက ကုန်ဈေးတန်းဖွင့်လှစ်တာကို အကြမ်းဖက်စစ်တပ်က သေနတ်ပစ်ဖောက်ပြီး ပြန်ပိတ်ခိုင်းတယ်လို့ သိရပါတယ်။

Zawgyi

ျမန္မာျပည္သူတို႔ရဲ့ တိတ္ဆိတ္ျခင္းေအာင္ပြဲကို ကုလသမဂၢခ်ီးက်ဴး

ျမန္မာျပည္သူတို႔ရဲ့ တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ကို ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး႐ုံးက ခ်ီးက်ဴးလိုက္ပါတယ္။
ဒီဇင္ဘာ၁၀ရက္ေန႔ကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးရဲ့ေျပာခြင့္ရ ႐ူးပတ္ ကိုလ္ဗီးကခ်ီးက်ဴးလိုက္တာပါ။

အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ျဖစ္တဲ့ ဒီဇင္ဘာ၁၀ရက္ေန႔မွာက်င္းပခဲ့တဲ့ တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ဟာ ျပတ္ျပတ္သားသား ေအာင္ျမင္ခဲ့ၿပီး ျမန္မာတစ္နိုင္ငံလုံး ရဲ့ လမ္းမႀကီးေတြဟာ မနက္ကေနစလို႔ ညေန၄နာရီအထိ တစျပင္ပမာ လူသူကင္းမဲ့စြာ ေျခာက္ကပ္သြားခဲ့ပါတယ္။

နိုင္ငံတစ္ဝန္း အသံတိတ္သပိတ္ ျပဳလုပ္ၿပီး စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ေၾကာင္း ျပသခဲ့တဲ့ ျမန္မာျပည္သူေတြရဲ့ ရဲစြမ္းသတၱိနဲ႔ အနိုင္မခံ အရႈံးမေပး စိတ္ဓာတ္ကို အသိအမွတ္ျပဳေၾကာင္း ႐ူးပတ္ ကိုလ္ဗီးကေျပာပါတယ္။

“ျမန္မာျပည္သူေတြ အခုလို အသံတိတ္သပိတ္ျပဳလုပ္ၿပီး ဆႏၵထုတ္ေဖာ္ေနၾကတာဟာ စစ္တပ္က အာဏသိမ္းလိုက္တာကို ဆန႔္က်င္ေတာ္လွန္မႈေတြကို မစြန႔္လႊတ္ေသးတဲ့အေၾကာင္း အၾကမ္းမဖက္တဲ့ နည္းလမ္းနဲ႔ ျပသေနတာလည္း ျဖစ္ပါတယ္”လို႔သူကဆိုပါတယ္။

ၿမိဳ႕တခ်ိဳ႕မွာ အၾကမ္းဖက္တပ္ဖြဲ႕ဝင္ေတြက တိတ္ဆိတ္ျခင္းသပိတ္ထဲမပါေအာင္ ၿခိမ္းေျခာက္ဟန႔္တားခဲ့သလို ဒီဇင္ဘာ၁၁ရက္ေန႔မွာလည္း ရန္ကုန္၊ကမာရြတ္ၿမိဳ႕နယ္အတြင္းရွိ လွည္တန္းေဈးမွာ ဆိုင္မဖြင့္ဖို႔ စည္ပင္ဝန္ ထမ္းေတြက တားျမစ္ပါတယ္။

ရန္ကုန္ေတာင္ပိုင္းခရိုင္၊တြံေတးၿမိဳ႕မေဈးက ကုန္ေဈးတန္းဖြင့္လွစ္တာကို အၾကမ္းဖက္စစ္တပ္က ေသနတ္ပစ္ေဖာက္ၿပီး ျပန္ပိတ္ခိုင္းတယ္လို႔ သိရပါတယ္။