ၾကားသိသမွ်

ကျောက်မျက်ရတနာ ရောင်းချပြီး ငွေရှာရန် စစ်ကောင်စီ တိတ်တဆိတ်စီစဉ်နေ

ကျောက်မျက်ရတနာ ရောင်းချပြီး ငွေရှာရန် စစ်ကောင်စီ တိတ်တဆိတ်စီစဉ်နေ

စစ်ကောင်စီက ဝင်ငွေရှာရန် အတွက် နေပြည်တော်တွင် ယူရိုငွေဖြင့် ရောင်းချမည့် နိုင်ငံတကာ ကျောက်မျက် ရတနာ ရောင်းချပွဲကို ဒီဇင်ဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပရန် စီစဉ်နေကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါ ပြပွဲနှင့် ပတ်သက်ပြီး သတင်းမပေါက်ကြားစေရေးအတွက် စစ်ကောင်စီက စီစဉ်နေသလို ပြည်တွင်းလုပ်ငန်းရှင်များ အပြင် နိုင်ငံခြားသား တချို့ကိုပါ ဖိတ်ကြားထားမှုများ ရှိနေကြောင်း ကျောက်မျက်ရတနာ ကုန်သည်တဦးက ပြောသည်။


၎င်းက “ပြည်တွင်းကုန်သည်တင် မဟုတ်ဘူး။ နိုင်ငံခြားသားပါတယ်ဗျ။ ပတ္ထမြား၊ နီလာပါရင်တော့ တခြားနိုင်ငံတွေက စိတ်ဝင်စား မယ်။ ဒါပေမယ့် ကျောက်စိမ်းချည်းပဲ ဆိုရင်တော့ များသောအားဖြင့် တရုတ်ပဲများမယ်။

ကျောက်စိမ်း log(အတွဲ) အရေ အတွက် ၇၀၀ ကနေ ၁၀၀၀ ကြားလောက် ရှိမယ်ပြောတယ်။ သူတို့စီစဉ်တဲ့ ဟိုတယ်နေရာထိုင်ခင်းမှာ တည်းခိုရမယ် စတဲ့ ကန့်သတ်ချက် တချို့တော့ရှိတယ်” ဟု ဧရာဝတီသို့ အတည်ပြုသည်။

အခြေခံကြမ်းခင်းဈေး ယူရိုငွေ ၅,၀၀၀ အထက် ကျောက်စိမ်းအရိုင်းနှင့် ယူရို ၁,၀၀၀ အထက် ကျောက်စိမ်း အချောထည် များကို တင်ဒါစနစ်ဖြင့် ရောင်းမည်ဟု သိရသည်။

ကျောက်ကုန်သည်တဦးက “အဓိက ပြောရရင်သူတို့က ပြည်ပ ဝယ်လက်ကို ထားတာ။ ရှင်းရှင်းပြောရင် လက်သိပ်ထိုး ခေါ်ရောင်းတာ။ ခါတိုင်းလို တရားဝင်ပွင့်ပွင့် လင်းလင်း လုပ်တဲ့ ပွဲမဟုတ်ဘူး။

သတင်းလည်း မထုတ်ပြန်ဘဲနဲ့ ဟိုလူပြောတာ နားထောင်ရ ဒီလူပြောတာနားထောင်ရနဲ့ မြန်မာကျောက်မျက်ရတနာ လုပ်ငန်းနဲ့ နီးစပ်တဲ့ သူတွေ ပြောတာတော့ ဒီပြင် မိုးကုတ်ကျောက်လည်း ပါမယ်။

ဒါပေမယ့် နည်းတယ်တဲ့ အဓိကရောင်းတာတော့ ‌ကျောက်စိမ်းပဲ များမယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းကျောက်မျက်ပြပွဲနှင့် ပတ်သက်ပြီး ပြည်နယ်နှင့် တိုင်းရှိ ကျောက်မျက်ရတနာ အသင်းအဖွဲ့များသို့လည်း အကြောင်း ကြားခြင်း မရှိကြောင်း၊

ပြပွဲအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကို ကာကွယ်လိုသော သဘောဖြင့် ပြည်တွင်းကုန်သည်များ၏ တက်ရောက်ခွင့်ကိုပါ ကန့်သတ်သည့်သဘောဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ထား သည်။


ဆက်လက်၍ ၎င်းက “အခုက ကျနော်တို့လို ကုန်သည်မပြောနဲ့ သူတို့စီမံဌာနကတော့ ဘယ်ကုမ္ပဏီနဲ့ လုပ်မယ်ဆိုတာ မသိဘူး။ ကျနော်တို့ နယ် အသင်းခွဲတွေက သိရတယ်။

အခု စာလည်းမရောက်ဘူး။ အရင်က ကျနော်တို့ သွားတဲ့ ပွဲတွေက ကြမ်းခင်းဈေးကို ယူရိုနဲ့ ခင်းထားတယ်။ အဲ့ဒီတော့ ကျနော်တို့ deposit တင်မယ်ဆိုရင် ဥပမာ ယူရို ၂၀၀၀၀ တင်မယ်ပေါ့။

ဒီနေ့ တယူရို ကျပ် ၁၅၀၀ ပေါက်ရင် မြန်မာငွေ သိန်း၃၀၀ သွင်းရင်ရတယ်ပေါ့။ အခုက သူတို့က အသွင်းမခံဘူး။ ဒေါ်လာကို ပဲ သွင်းခိုင်းတယ်။ အနည်းဆုံး သူတင်တဲ့ ကျောက်ကို စွဲမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂ သောင်းတင်ရမယ်” ဟု ပြောသည်။

ထို့ကြောင့် ပြပွဲတွင် လေလံစွဲမည့် သူများအနေနှင့် ဒေါ်လာနှင့်သာ deposit တင်ရမည် ဖြစ်ပြီး ဒေါ်လာကို လက်ငင်းငွေသား နှင့် သာ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲကို တရုတ်ဝယ်လက်ကိုသာ အဓိကထားပြီး ပြည်တွင်းဝယ်လက်များကို စည်းကမ်းချက်အများကြီးနှင့် တင်းကြပ်ထား ကြောင်း စစ်ကောင်စီနှင့် ထိပ်ပိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်ကြီးအချို့က ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကျောက်ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။


ထိုပြပွဲအတွင်း စစ်ကောင်စီ၏ ကျောက်မျက်ဌာနနှင့် အကျိုးတူလုပ်ဆောင်နေသည့် ကုမ္ပဏီများက ကျောက်စိမ်းတွဲပေါင်း ၅၀၀ ကျော်၊

မြန်မာ့စီးပွားရေး ဦးပိုင်က အတွဲပေါင်း ၁၀၀ နှင့် စုစုပေါင်း အတွဲပေါင်း ၆၀၀ ရောင်းချမည်ဟု ပထမပိုင်းက ကြားရသော်လည်း အခုရက်ပိုင်းတွင် ပြင်ပကုမ္ပဏီအချို့က ‌ကျောက်စိမ်းတွဲများကို အတင်ခံသောကြောင့် ခန့်မှန်းချေ အတွဲပေါင်း ၈၀၀ ကျော်ခန့် ရောင်းချဖွယ်ရှိကြောင်း သိရသည်။

NLD အစိုးရလက်ထက် ကျောက်မျက်ပြပွဲများတွင် ရောင်းဝယ်လိုလျှင် ယူရိုငွေ ၂၀,၀၀၀ နှင့် ညီမျှသည့် မြန်မာကျပ်ငွေကို စပေါ်အဖြစ် လက်ခံခဲ့သော်လည်း စစ်ကောင်စီကမူ မြန်မာကျပ်ငွေလက်မခံ၊ ဒေါ်လာနှင့်သာ‌ ပေးသွင်းရမည်ဟု စည်းကမ်း သတ်မှတ်ထားသည်။

ထို့အပြင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူ၊ ပြပွဲမတိုင်မီသုံးရက်အလို ဆေးစစ်ရာတွင် ကိုဗစ်ပိုးမတွေ့သူကိုသာ တက်ရောက် ခွင့်ပြုမည်ဟု စစ်ကောင်စီက အကြောင်းကြားထားကြောင်းလည်း ဆိုသည်။

စစ်ကောင်စီအနေနှင့် အာဏာသိမ်းပြီး နောက်ပိုင်း ဧပြီလတွင် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲတခုကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ပြပွဲ ရောင်းချခဲ့ခြင်းနှင့် ပတ်သက်ပြီး မည်မျှရရှိခဲ့သည်ကို ထုတ်ပြန်ခဲ့ခြင်းလည်း မရှိပေ။

NLD အစိုးရ လက်ထက် ၂၀၁၉-၂၀၂၀ နှစ်လယ်ကျောက်မျက်ပွဲမှ ယူရို ၄၃၉ သန်းကျော်၊ ကျပ်ငွေဖြင့်ရောင်းချသည့်ပွဲမှ ကျပ်သန်း ၄၇၃၆၀ ကျော်ရကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ထုတ်ပြန်ထားသည်။


အာဏာသိမ်း စစ်ကောင်စီက ကျောက်မျက်အခွန်အခများ အတင်းအကျပ်တောင်းခံခြင်း၊ လေလံတင်ရောင်းချခြင်း၊ ပြည်ပတင်ပို့ ခြင်းတို့မှ ငွေရှာနေခြင်းသည် တရားမဝင်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းထားသည်။

အထက်ပါ ညွှန်ကြားချက်ကို လျစ်လျူရှုပါက ကုမ္ပဏီနှင့် လုပ်ငန်းရှင်များကို အမည်ပျက်စာရင်းသွင်းမည့်အပြင် လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဟု NUG ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇွန်လတွင် ကြေညာခဲ့သည်။

နိုင်ငံခြားကုန်သည်များကို ခေါ်၍ ယူရိုငွေဖြင့် ရောင်းရန်စီစဉ်ခြင်းမှာ စစ်ကောင်စီက ဝင်ငွေရှာရန်နှင့် အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နေကြောင်း ပြသရန် ဖြစ်နိုင်ကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်ထားသည်။

Zawgyi

ေက်ာက္မ်က္ရတနာ ေရာင္းခ်ၿပီး ေငြရွာရန္ စစ္ေကာင္စီ တိတ္တဆိတ္စီစဥ္ေန

စစ္ေကာင္စီက ဝင္ေငြရွာရန္ အတြက္ ေနျပည္ေတာ္တြင္ ယူရိုေငြျဖင့္ ေရာင္းခ်မည့္ နိုင္ငံတကာ ေက်ာက္မ်က္ ရတနာ ေရာင္းခ်ပြဲကို ဒီဇင္ဘာလ ၁၇ ရက္မွ ၂၂ ရက္အထိ က်င္းပရန္ စီစဥ္ေနေၾကာင္း ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

အဆိုပါ ျပပြဲႏွင့္ ပတ္သက္ၿပီး သတင္းမေပါက္ၾကားေစေရးအတြက္ စစ္ေကာင္စီက စီစဥ္ေနသလို ျပည္တြင္းလုပ္ငန္းရွင္မ်ား အျပင္ နိုင္ငံျခားသား တခ်ိဳ႕ကိုပါ ဖိတ္ၾကားထားမႈမ်ား ရွိေနေၾကာင္း ေက်ာက္မ်က္ရတနာ ကုန္သည္တဦးက ေျပာသည္။

၎က “ျပည္တြင္းကုန္သည္တင္ မဟုတ္ဘူး။ နိုင္ငံျခားသားပါတယ္ဗ်။ ပတၳျမား၊ နီလာပါရင္ေတာ့ တျခားနိုင္ငံေတြက စိတ္ဝင္စား မယ္။ ဒါေပမယ့္ ေက်ာက္စိမ္းခ်ည္းပဲ ဆိုရင္ေတာ့ မ်ားေသာအားျဖင့္ တ႐ုတ္ပဲမ်ားမယ္။ ေက်ာက္စိမ္း log(အတြဲ) အေရ အတြက္ ၇၀၀ ကေန ၁၀၀၀ ၾကားေလာက္ ရွိမယ္ေျပာတယ္။ သူတို႔စီစဥ္တဲ့ ဟိုတယ္ေနရာထိုင္ခင္းမွာ တည္းခိုရမယ္ စတဲ့ ကန႔္သတ္ခ်က္ တခ်ိဳ႕ေတာ့ရွိတယ္” ဟု ဧရာဝတီသို႔ အတည္ျပဳသည္။

အေျခခံၾကမ္းခင္းေဈး ယူရိုေငြ ၅,၀၀၀ အထက္ ေက်ာက္စိမ္းအရိုင္းႏွင့္ ယူရို ၁,၀၀၀ အထက္ ေက်ာက္စိမ္း အေခ်ာထည္ မ်ားကို တင္ဒါစနစ္ျဖင့္ ေရာင္းမည္ဟု သိရသည္။

ေက်ာက္ကုန္သည္တဦးက “အဓိက ေျပာရရင္သူတို႔က ျပည္ပ ဝယ္လက္ကို ထားတာ။ ရွင္းရွင္းေျပာရင္ လက္သိပ္ထိုး ေခၚေရာင္းတာ။ ခါတိုင္းလို တရားဝင္ပြင့္ပြင့္ လင္းလင္း လုပ္တဲ့ ပြဲမဟုတ္ဘူး။ သတင္းလည္း မထုတ္ျပန္ဘဲနဲ႔ ဟိုလူေျပာတာ နားေထာင္ရ ဒီလူေျပာတာနားေထာင္ရနဲ႔ ျမန္မာေက်ာက္မ်က္ရတနာ လုပ္ငန္းနဲ႔ နီးစပ္တဲ့ သူေတြ ေျပာတာေတာ့ ဒီျပင္ မိုးကုတ္ေက်ာက္လည္း ပါမယ္။ ဒါေပမယ့္ နည္းတယ္တဲ့ အဓိကေရာင္းတာေတာ့ ‌ေက်ာက္စိမ္းပဲ မ်ားမယ္”ဟု ဧရာဝတီသို႔ ေျပာသည္။

ယင္းေက်ာက္မ်က္ျပပြဲႏွင့္ ပတ္သက္ၿပီး ျပည္နယ္ႏွင့္ တိုင္းရွိ ေက်ာက္မ်က္ရတနာ အသင္းအဖြဲ႕မ်ားသို႔လည္း အေၾကာင္း ၾကားျခင္း မရွိေၾကာင္း၊ ျပပြဲအတြင္း အာဏာသိမ္းမႈကို ဆန႔္က်င္သည့္အဖြဲ႕အစည္းမ်ား၏ တိုက္ခိုက္မႈကို ကာကြယ္လိုေသာ သေဘာျဖင့္ ျပည္တြင္းကုန္သည္မ်ား၏ တက္ေရာက္ခြင့္ကိုပါ ကန႔္သတ္သည့္သေဘာျဖစ္နိုင္ေၾကာင္း ၎က သုံးသပ္ထား သည္။

ဆက္လက္၍ ၎က “အခုက က်ေနာ္တို႔လို ကုန္သည္မေျပာနဲ႔ သူတို႔စီမံဌာနကေတာ့ ဘယ္ကုမၸဏီနဲ႔ လုပ္မယ္ဆိုတာ မသိဘူး။ က်ေနာ္တို႔ နယ္ အသင္းခြဲေတြက သိရတယ္။ အခု စာလည္းမေရာက္ဘူး။ အရင္က က်ေနာ္တို႔ သြားတဲ့ ပြဲေတြက ၾကမ္းခင္းေဈးကို ယူရိုနဲ႔ ခင္းထားတယ္။

အဲ့ဒီေတာ့ က်ေနာ္တို႔ deposit တင္မယ္ဆိုရင္ ဥပမာ ယူရို ၂၀၀၀၀ တင္မယ္ေပါ့။ ဒီေန႔ တယူရို က်ပ္ ၁၅၀၀ ေပါက္ရင္ ျမန္မာေငြ သိန္း၃၀၀ သြင္းရင္ရတယ္ေပါ့။ အခုက သူတို႔က အသြင္းမခံဘူး။ ေဒၚလာကို ပဲ သြင္းခိုင္းတယ္။ အနည္းဆုံး သူတင္တဲ့ ေက်ာက္ကို စြဲမယ္ဆိုရင္ အေမရိကန္ေဒၚလာ ၂ ေသာင္းတင္ရမယ္” ဟု ေျပာသည္။

ထို႔ေၾကာင့္ ျပပြဲတြင္ ေလလံစြဲမည့္ သူမ်ားအေနႏွင့္ ေဒၚလာႏွင့္သာ deposit တင္ရမည္ ျဖစ္ၿပီး ေဒၚလာကို လက္ငင္းေငြသား ႏွင့္ သာ ေပးသြင္းရမည္ ျဖစ္ေၾကာင္း သိရသည္။

ျပပြဲကို တ႐ုတ္ဝယ္လက္ကိုသာ အဓိကထားၿပီး ျပည္တြင္းဝယ္လက္မ်ားကို စည္းကမ္းခ်က္အမ်ားႀကီးႏွင့္ တင္းၾကပ္ထား ေၾကာင္း စစ္ေကာင္စီႏွင့္ ထိပ္ပိုင္း ေက်ာက္မ်က္ရတနာ လုပ္ငန္းရွင္ႀကီးအခ်ိဳ႕က ပူးေပါင္းလုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း ေက်ာက္ကုန္သည္အသိုင္းအဝိုင္းက ဆိုသည္။

ထိုျပပြဲအတြင္း စစ္ေကာင္စီ၏ ေက်ာက္မ်က္ဌာနႏွင့္ အက်ိဳးတူလုပ္ေဆာင္ေနသည့္ ကုမၸဏီမ်ားက ေက်ာက္စိမ္းတြဲေပါင္း ၅၀၀ ေက်ာ္၊ ျမန္မာ့စီးပြားေရး ဦးပိုင္က အတြဲေပါင္း ၁၀၀ ႏွင့္ စုစုေပါင္း အတြဲေပါင္း ၆၀၀ ေရာင္းခ်မည္ဟု ပထမပိုင္းက ၾကားရေသာ္လည္း အခုရက္ပိုင္းတြင္ ျပင္ပကုမၸဏီအခ်ိဳ႕က ‌ေက်ာက္စိမ္းတြဲမ်ားကို အတင္ခံေသာေၾကာင့္ ခန႔္မွန္းေခ် အတြဲေပါင္း ၈၀၀ ေက်ာ္ခန႔္ ေရာင္းခ်ဖြယ္ရွိေၾကာင္း သိရသည္။

NLD အစိုးရလက္ထက္ ေက်ာက္မ်က္ျပပြဲမ်ားတြင္ ေရာင္းဝယ္လိုလၽွင္ ယူရိုေငြ ၂၀,၀၀၀ ႏွင့္ ညီမၽွသည့္ ျမန္မာက်ပ္ေငြကို စေပၚအျဖစ္ လက္ခံခဲ့ေသာ္လည္း စစ္ေကာင္စီကမူ ျမန္မာက်ပ္ေငြလက္မခံ၊ ေဒၚလာႏွင့္သာ‌ ေပးသြင္းရမည္ဟု စည္းကမ္း သတ္မွတ္ထားသည္။

ထို႔အျပင္ ကိုဗစ္ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးထားသူ၊ ျပပြဲမတိုင္မီသုံးရက္အလို ေဆးစစ္ရာတြင္ ကိုဗစ္ပိုးမေတြ႕သူကိုသာ တက္ေရာက္ ခြင့္ျပဳမည္ဟု စစ္ေကာင္စီက အေၾကာင္းၾကားထားေၾကာင္းလည္း ဆိုသည္။

စစ္ေကာင္စီအေနႏွင့္ အာဏာသိမ္းၿပီး ေနာက္ပိုင္း ဧၿပီလတြင္ ျမန္မာက်ပ္ေငြျဖင့္ ေရာင္းခ်သည့္ ေက်ာက္မ်က္ျပပြဲတခုကို ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့ၿပီး ျပပြဲ ေရာင္းခ်ခဲ့ျခင္းႏွင့္ ပတ္သက္ၿပီး မည္မၽွရရွိခဲ့သည္ကို ထုတ္ျပန္ခဲ့ျခင္းလည္း မရွိေပ။

NLD အစိုးရ လက္ထက္ ၂၀၁၉-၂၀၂၀ ႏွစ္လယ္ေက်ာက္မ်က္ပြဲမွ ယူရို ၄၃၉ သန္းေက်ာ္၊ က်ပ္ေငြျဖင့္ေရာင္းခ်သည့္ပြဲမွ က်ပ္သန္း ၄၇၃၆၀ ေက်ာ္ရေၾကာင္း ျမန္မာ့ေက်ာက္မ်က္ရတနာလုပ္ငန္း ထုတ္ျပန္ထားသည္။

အာဏာသိမ္း စစ္ေကာင္စီက ေက်ာက္မ်က္အခြန္အခမ်ား အတင္းအက်ပ္ေတာင္းခံျခင္း၊ ေလလံတင္ေရာင္းခ်ျခင္း၊ ျပည္ပတင္ပို႔ ျခင္းတို႔မွ ေငြရွာေနျခင္းသည္ တရားမဝင္သျဖင့္ ပူးေပါင္းေဆာင္ရြက္ျခင္း မျပဳရန္ ျပည္တြင္း စီးပြားေရး လုပ္ငန္းရွင္မ်ားကို အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) က တိုက္တြန္းထားသည္။

အထက္ပါ ညႊန္ၾကားခ်က္ကို လ်စ္လ်ဴရႈပါက ကုမၸဏီႏွင့္ လုပ္ငန္းရွင္မ်ားကို အမည္ပ်က္စာရင္းသြင္းမည့္အျပင္ လိုအပ္ပါက တည္ဆဲဥပေဒႏွင့္အညီ အေရးယူသြားမည္ဟု NUG ၏ သယံဇာတႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ဇြန္လတြင္ ေၾကညာခဲ့သည္။
နိုင္ငံျခားကုန္သည္မ်ားကို ေခၚ၍ ယူရိုေငြျဖင့္ ေရာင္းရန္စီစဥ္ျခင္းမွာ စစ္ေကာင္စီက ဝင္ေငြရွာရန္ႏွင့္ အုပ္ခ်ဳပ္ေရးယႏၲရား ပုံမွန္လည္ပတ္ေနေၾကာင္း ျပသရန္ ျဖစ္နိုင္ေၾကာင္း လုပ္ငန္းရွင္ အသိုင္းအဝိုင္းက သုံးသပ္ထားသည္။