ၾကားသိသမွ်

အသံတိတ်သပိတ်နှင့် မအလ

အသံတိတ်သပိတ်နှင့် မအလ

အသံတိတ်သပိတ်ဆိုပြီး လိုင်းပေါ်မှာတွေ့တာ မကြာသေးပါ။ အဆိုပါကိစ္စ အစပိုင်းမှာ လူမသိပေမယ့် ဆယ်လီတွေတင်ချိန်မှာ မအလကလဲ အောက်က သူ့တပ်တွေက ဒီအသံတိတ်သပိတ်ပျက်အောင် စျေးတွေဖွင့်ဖို့ အကုန်ဖွင့်ဖို့ ညွှန်ကြားပါတော့တယ်။

ဒီမှာအောက်ခြေကလဲ ရေပါတာသာ လိုချင်တယ်ဆိုတဲ့ အသိဉာဏ်နဲ့ စျေးမဖွင့်မနေရ မဖွင့်ရင် ဆိုင်ခန်းသိမ်းမယ် ဘာညာ အလွန်အကျွံ လုပ်လာပါတယ်။ အဲဒီစည်ပင်အုပ်ချုပ်ရေးမှူးအိမ် အဝုန်းခံရရင် သူက အပြစ်မဲ့ပြည်သူဆိုပြီး ဘီဘီစီမှာ ငိုပြပါလိမ့်မယ်။

ယခုမအလတပ်ဖြစ်နေတာက မြန်မာပလာဇာလိုဘဲ စျေးသည်တွေကို ဖိအားပေးလို့ရပေမယ့် ပြည်သူတွေကို ဘာမှလုပ်မရပါ။ ပြည်သူတွေ

ကို လမ်းပေါ်အတင်းထွက်ခိုင်းရင်လဲ သူ့ရူးသူပတ်မှာပါ။ ဒီအသံတိတ်သပိတ်က အချို့ကြောက်လို့ အပြင်မထွက်ရဲသူများလဲ မပင်ပန်းဘဲ လုပ်ရလွယ်တာပါ။

နောက်မအလတပ်ဟာ ကားတိုက်သတ်တာ မီးရှို့သတ်တာတွေလုပ်နေပေမယ့် ပြည်သူတွေက ကြောက်ပြီးမရပ်သွားဘဲ ရှေ့သာပိုတိုးလာတာ တွေ့နေရပါတယ်။

မနေ့က သူ့ယောင်္ကျား မအလတပ်က မီးရှို့သတ်လို့ သေသွားသူ အမျိုးသမီးက မအလတပ်ကို ကျိန်စာတိုက်ပြီး ဆက်တိုက်ပွဲဝင်မယ်လို့ ပြောသွားတာက ကြက်သိမ်းထစရာ အလွန်ကောင်းပါတယ်။

သူမရဲ့ သတ္တိကိုလဲ လေးစားပါတယ်။ ဒါက ဗမာ့မြေပါ။ ဗမာသူရဲကောင်းတွေလာတဲ့နေရာဆိုတာ မမေ့ပါနဲ့။

အကျဉ်းချုပ်ရရင် အသံတိတ်သပိတ်က ဘယ်သူစလဲ မသိပေမယ့် မအလရဲ့တပ်နဲ့ သူ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဒါကိုတုန့်ပြန်ဖို့ အချိန်တွေ၊ လူတွေ၊ ငွေတွေ အများကြီး သုံးနေရပါပြီ။

ဒါက မနက်ဖြန် သာမန်လူအပြင်မထွက်ချိန် သူ့လူတွေအပြင်ထွက်ရင် မုန့်ဟင်းခါးအကျွေးခံရအုံးမှာ မပါသေးပါ။ ယခု မအလဟာ ယခင်ကလို သူ့အကွက်ကို အခြားလူက လိုက်ကစားတာမဟုတ်ဘဲ ဘယ်ကစမှန်းမသိတဲ့ အကွက်နဲ့လဲ အလူးအလဲ ခံနေရတယ်ဆိုတာပါ။

လေပေါ်က အကျွေးခံနေရတာက အခံရအခက်ဆုံးပါ။

Myat Tun Oo

အသံတိတ္သပိတ္ႏွင့္ မအလ

အသံတိတ္သပိတ္ဆိုၿပီး လိုင္းေပၚမွာေတြ႕တာ မၾကာေသးပါ။ အဆိုပါကိစၥ အစပိုင္းမွာ လူမသိေပမယ့္ ဆယ္လီေတြတင္ခ်ိန္မွာ မအလကလဲ ေအာက္က သူ႔တပ္ေတြက ဒီအသံတိတ္သပိတ္ပ်က္ေအာင္ ေစ်းေတြဖြင့္ဖို႔ အကုန္ဖြင့္ဖို႔ ညႊန္ၾကားပါေတာ့တယ္။

ဒီမွာေအာက္ေျခကလဲ ေရပါတာသာ လိုခ်င္တယ္ဆိုတဲ့ အသိဉာဏ္နဲ႔ ေစ်းမဖြင့္မေနရ မဖြင့္ရင္ ဆိုင္ခန္းသိမ္းမယ္ ဘာညာ အလြန္အကၽြံ လုပ္လာပါတယ္။ အဲဒီစည္ပင္အုပ္ခ်ဳပ္ေရးမႉးအိမ္ အဝုန္းခံရရင္ သူက အျပစ္မဲ့ျပည္သူဆိုၿပီး ဘီဘီစီမွာ ငိုျပပါလိမ့္မယ္။

ယခုမအလတပ္ျဖစ္ေနတာက ျမန္မာပလာဇာလိုဘဲ ေစ်းသည္ေတြကို ဖိအားေပးလို႔ရေပမယ့္ ျပည္သူေတြကို ဘာမွလုပ္မရပါ။ ျပည္သူေတြကို လမ္းေပၚအတင္းထြက္ခိုင္းရင္လဲ သူ႔႐ူးသူပတ္မွာပါ။ ဒီအသံတိတ္သပိတ္က အခ်ိဳ႕ေၾကာက္လို႔ အျပင္မထြက္ရဲသူမ်ားလဲ မပင္ပန္းဘဲ လုပ္ရလြယ္တာပါ။

ေနာက္မအလတပ္ဟာ ကားတိုက္သတ္တာ မီးရွို႔သတ္တာေတြလုပ္ေနေပမယ့္ ျပည္သူေတြက ေၾကာက္ၿပီးမရပ္သြားဘဲ ေရွ႕သာပိုတိုးလာတာ ေတြ႕ေနရပါတယ္။

မေန႔က သူ႔ေယာကၤ်ား မအလတပ္က မီးရွို႔သတ္လို႔ ေသသြားသူ အမ်ိဳးသမီးက မအလတပ္ကို က်ိန္စာတိုက္ၿပီး ဆက္တိုက္ပြဲဝင္မယ္လို႔ ေျပာသြားတာက ၾကက္သိမ္းထစရာ အလြန္ေကာင္းပါတယ္။ သူမရဲ့ သတၱိကိုလဲ ေလးစားပါတယ္။ ဒါက ဗမာ့ေျမပါ။ ဗမာသူရဲေကာင္းေတြလာတဲ့ေနရာဆိုတာ မေမ့ပါနဲ႔။

အက်ဥ္းခ်ဳပ္ရရင္ အသံတိတ္သပိတ္က ဘယ္သူစလဲ မသိေပမယ့္ မအလရဲ့တပ္နဲ႔ သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြဟာ ဒါကိုတုန႔္ျပန္ဖို႔ အခ်ိန္ေတြ၊ လူေတြ၊ ေငြေတြ အမ်ားႀကီး သုံးေနရပါၿပီ။

ဒါက မနက္ျဖန္ သာမန္လူအျပင္မထြက္ခ်ိန္ သူ႔လူေတြအျပင္ထြက္ရင္ မုန႔္ဟင္းခါးအေကၽြးခံရအုံးမွာ မပါေသးပါ။ ယခု မအလဟာ ယခင္ကလို သူ႔အကြက္ကို အျခားလူက လိုက္ကစားတာမဟုတ္ဘဲ ဘယ္ကစမွန္းမသိတဲ့ အကြက္နဲ႔လဲ အလူးအလဲ ခံေနရတယ္ဆိုတာပါ။ ေလေပၚက အေကၽြးခံေနရတာက အခံရအခက္ဆုံးပါ။

Myat Tun Oo