ၾကားသိသမွ်

ကောလင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကျွဲဝင်ခတ်၊ စစ်သားတယောက် အူပွင့်သေ

ကောလင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ကျွဲဝင်ခတ်၊ စစ်သားတယောက် အူပွင့်သေ

မဲခေါင်၊ ဒီဇင်ဘာ ၉

ကောလင်းမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်များကို ကျွဲတစ်ကောင်ဝင်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး အူပွင့်

ပြီး ဒီဇင်ဘာလ ၈ရက်က သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် ကြို့ပင်အုပ်စု အုတ်တိုက်ကုန်းကျေးရွာ အတွင်း နှောက်ယှက်ဖျက်ဆီးပြီး ပြန်

အလာ ညောင်ပင်ရိုးကျေးရွာမှ အနောကဘက် ပျဉ်းပင်ရွာသို့အကူး တာဝါတိုင်အနီးအရောက်တွင် ကျွဲတစ်ကောင်မှ ဝင်ခတ်ခြင်း

ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကောလင်းအနောက်ခြမ်းဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထွက်နေတုန်း ကျွဲဝင်ခတ်တာပဲ။ တယောက် အူပွင့်ပြီးသေသွားတယ်။

ကျွဲကိုတော့ ပြည်သူချစ်သောကျွဲလို့ နာမည်ပေးထားတယ်။ စစ်ကောင်စီတပ်တွေ ပြည်သူ့ကျိန်စာသင့်နေတာ” ဟု ကောလင်းဒေသခံတစ်ဦး

က မဲခေါင်သတင်းဌာနသို့ ပြောသည်။

ကောလင်းခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ရင်ဆိုင်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထားသည့်အတွက်

စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုများ ရပ်တန့်နေချိန်လည်း ဖြစ်သည်။

#MeKongNews

ေကာလင္းတြင္ စစ္ေကာင္စီတပ္ စစ္ေၾကာင္းကို ကၽြဲဝင္ခတ္၊ စစ္သားတေယာက္ အူပြင့္ေသ
မဲေခါင္၊ ဒီဇင္ဘာ ၉

ေကာလင္းၿမိဳ႕နယ္တြင္ စစ္ေၾကာင္းထြက္လာသည့္ စစ္ေကာင္စီတပ္မ်ားကို ကၽြဲတစ္ေကာင္ဝင္ခတ္ရာ စစ္ေကာင္စီတပ္သားတစ္ဦး အူပြင့္ၿပီး ဒီဇင္ဘာလ ၈ရက္က ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ဒီဇင္ဘာလ ၈ရက္ နံနက္ပိုင္းက စစ္ေကာင္စီတပ္မ်ားသည္ ႀကိဳ႕ပင္အုပ္စု အုတ္တိုက္ကုန္းေက်းရြာ အတြင္း ေႏွာက္ယွက္ဖ်က္ဆီးၿပီး ျပန္အလာ ေ

ညာင္ပင္ရိုးေက်းရြာမွ အေနာကဘက္ ပ်ဥ္းပင္ရြာသို႔အကူး တာဝါတိုင္အနီးအေရာက္တြင္ ကၽြဲတစ္ေကာင္မွ ဝင္ခတ္ျခင္းျဖစ္ေၾကာင္း ေဒသခံတစ္ဦးကေျပာသည္။

“ေကာလင္းအေနာက္ျခမ္းဘက္မွာ စစ္ေကာင္စီတပ္က စစ္ေၾကာင္းထြက္ေနတုန္း ကၽြဲဝင္ခတ္တာပဲ။ တေယာက္ အူပြင့္ၿပီးေသသြားတယ္။

ကၽြဲကိုေတာ့ ျပည္သူခ်စ္ေသာကၽြဲလို႔ နာမည္ေပးထားတယ္။ စစ္ေကာင္စီတပ္ေတြ ျပည္သူ႔က်ိန္စာသင့္ေနတာ” ဟု ေကာလင္းေဒသခံတစ္ဦးက မဲေခါင္သတင္းဌာနသို႔ ေျပာသည္။

ေကာလင္းခရိုင္အတြင္း ျပည္သူ႔ကာကြယ္ေရးတပ္မ်ားႏွင့္ ရင္ဆိုင္ရာတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အမ်ားအျပား ေသဆုံးထားသည့္အတြက္ စစ္ေကာင္စီတပ္မ်ား ထိုးစစ္ဆင္မႈမ်ား ရပ္တန႔္ေနခ်ိန္လည္း ျဖစ္သည္။

#MeKongNews